Wednesday, 26 December 2012

KIA အား မကျေနပ်၍ ပြည်တွင်း/ပြည်ပ ပညာရှင်များ မှ DDOS နည်းဖြင့် ပူးပေါင်း တိုက်ခိုက်


ကချင်ပြည်နယ်နှင့်ပတ်သတ်သော သတင်းများ၊ KIA အဖွဲ့နဲ့ပတ်သတ်သောသတင်းများကို အဓိက ထား ဖော်ပြလျက်ရှိသော kachinnews.com website သည် ၂၄.၁၂.၁၂ ရက်နေ့ ညပိုင်းလောက်ကစပြီး DDos နည်းပညာဖြင့်စတင်တိုက်ခိုက်ခံခဲ့ရကြောင်း၊ ခရစ္စမတ်နေ့ (၂၅ရက်နေ့) ညအထိ အသုံးပြု၍မ ရကြောင်း သိရှိရပါသည်။ ၄င်း Website ကို တိုက်ခိုက်မည်ဖြစ်ကြောင်း KIA ကိုမကျေနပ်သည့် လူငယ် များက ကြေငြာခဲ့ထားကြောင်းလည်းသိရှိရသည်။ ၄င်းတို့၏ ကြေငြာချက်တွင် Kachinnews Website အနေဖြင့် ငြိမ်းချမ်းရေးကို ပျက်ပြားစေသည့် သတင်းများမကြာခဏ ထုတ်လွှင့်နေခြင်း၊ ရှေ့တန်းတွင် အဖမ်းခံရသည့် စစ်သည်များ၏ ရုပ်ပုံများဖော်ပြ၍ ၀ါဒဖြန့်ချိခြင်းတို့ကြောင့် လူငယ်အများစုမှ ကျေနပ် မှုမရှိကြောင်း ကေအိုင်အေ အားငြိမ်းချမ်းရေး စာပွဲပေါ်ရောက်သည်အထိ ဆက်လက်တိုက်ခိုက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Kachinnews.com website ကိုပြည်တွင်းမှ Hacker လူငယ်တစ်ချို့နဲ့ ပြည်ပမှာရှိတဲ့ ပညာရှင်အချို့က ၀ိုင်းတိုက်ခိုက်တာဖြစ်နိုင်ပါတယ်။ Kachinnews Internet website သည် ကေအိုင်အေအဖွဲ့မှ တည်ထောင်ထားသော Internet website တစ်ခုဖြစ်ပြီး ကေအိုင်အေ အဖွဲ့မှ သတင်းထုတ်ပြန်ရန်နှင့် ၀ါဒဖြန့်ချိရန် အသုံးပြုလျက်ရှိသည်။ Kachinnews.com တွင် အစိုးရတပ်များ ကျဆုံးနေသည့် သတင်းများ၊ အစိုးရတပ် အဖမ်းခံရသည့်သတင်းများနဲ့ ကေအိုင်အေ၏တိုက်ပွဲအောင်မြင်မှုသတင်းများ၊ ကိုဖော်ပြနေသော Internet  website တစ်ခုလည်းဖြစ်ပါသည်။ Kachinnews website တွင် ကချင်၊ အင်္ဂလိပ်နဲ့ မြန်မာဘာသာ တို့ကို အသုံးပြုပြီး သတင်းများကို ဖြန့်ချိလျက်ရှိသည်။

From:[_ Nay Min_]
 (မောင်ကျောက်ခဲ အဖွဲ့)

No comments:

Post a Comment