မြန်မာနိုင်ငံ၏ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ ဆီးဂိမ်း ပြိုင်ပွဲ အတွက်ရေကူး၊ လက်ဝှေ့ ၊ စက်ဘီး ဘက်စကက်ဘော ၊ ဝူရှူး ၊ အလေးမ၊ သေနတ်ပစ်၊
ကြံ့ခိုင်ရေး၊ အနောက်တိုင်းလှေလှော် ၊ ပြေးခုန် ပစ်စသည့် အားကစားများအတွက်
အကူအညီပေးမည့် တရုတ်နည်းပြ ၂၁ ဦး အပါအဝင်စကားပြန် (၁)ဦး ၊
အုပ်ချုပ်ရေးမှူး (၁) ဦး ယနေ့ ရောက်ရှိမည် ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနထံမှသိရ သည်။ အဆိုပါ နည်းပြများကို အားကစား ဝန်ကြီးဌာန ၏အစီအစဉ်ဖြင့်ခေါ်ယူထားပြီး ၂၀၁၃ ဆီးဂိမ်း အထိ နည်းပြများက အကူအညီပေးသွားမည် ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှသိရသည်။ အားကစားနည်း အလိုက် နည်းပြထပ်မံငှားရမ်းရန် ရှိကြောင်းလည်း အားကစားဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်ထံမှ သိရသည်။
The Voice Weekly

The Voice Weekly
No comments:
Post a Comment