Wednesday 26 December 2012

စုံစမ်းစစ်ဆေးရေး ကော်မရှင် ရခိုင်သို့ ထပ်မံ သွားမည်



ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အရေးအခင်းနှင့် ပက်သက်၍ နောက်ဆုံး အစီရင်ခံစာတင်သွင်းနိုင်ရန် ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်း
ပဋိပက္ခဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်သို့ သွားရောက်ကာ ထပ်မံကွင်းဆင်း စစ်ဆေးမည်ဖြစ် ကြောင်း ယင်းကော်မရှင်၏ ထုတ်ပြန်ချက်အရသိရသည်။

နောက်ဆုံး အစီရင်ခံစာကို ၂၀၁၃ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားကာ တင်သွင်းရမည်ဖြစ် သည်။

ရခိုင်ပြည်နယ်သို့ ကွင်းဆင်း လေ့လာရာမှရရှိသည့် အချက်အလက်များနှင့် ပြည်တွင်းပြည်ပမှရရှိ သည့်စာအုပ် စာတမ်းအထောက်အထားများကို ခွဲခြမ်းစိတ်ဖြာပြီး ကြားဖြတ်အစီရင်ခံစာ တစ်စောင် ကို နိုင်ငံတော်သမ္မတထံ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က တင်ပြခဲ့ပြီးဖြစ်သည်။

ယင်းအစီရင်ခံစာတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် အကြံပြုချက် ကိုးချက်အစီရင် ခံခဲ့ကြောင်း ယင်းကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

No comments:

Post a Comment