Wednesday 26 December 2012

လာမည့် နွေရာသီတွင် မန်ယူနှင့် ပြန်လည်ပေါင်းစည်းရန် ရော်နယ်ဒို ဆန္ဒရှိ


မန်ယူ ကစားသမားဟောင်း ဖြစ်သူ စီရော်နယ်ဒိုသည် လာမည့် နွေရာသီတွင် ရီးရဲလ်မက်ဒရစ်မှ ထွက်ခွါ၍ မန်ယူနှင့် ပြန်လည်ပေါင်းစည်းရန် ဆန္ဒရှိနေကြောင်း သိရသည်။ နည်းပြ ဖာဂူဆန်သည် ရော်နယ်ဒို အားပြန်
လည်ခေါ်ယူ လိုသည့်ဟု ၀န်ခံ ပြောကြားပြီး တစ်ရက်အကြာတွင် Sun sport သတင်းစာက အဆိုပါ သတင်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အသက် ၂၇ နှစ်ရှိ ရော်နယ်ဒိုသည် မန်ယူအသင်းဖော်ဟောင်းများနှင့် ၎င်း၏မိတ်ဆွေဟောင်းများ ကိုလည်း ၎င်း အနေဖြင့်မန်ယူသို့ ပြန်လာရန်ဆန္ဒရှိသည်ကို ပြောကြားထားပြီး ဖြစ်သည်။ သို့သော် ရော်နယ်ဒို၏ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ မှာ မန်ယူ၏ လတ်တလော အခြေအနေအရ မဖြစ်နိုင်သော အနေအထားမျိုးပင်ဖြစ်သည်။ ရော်နယ်ဒိုသည် ၂၀၀၉ ခုနှစ်တွင် ရီးရဲလ်သို့ ရောက်ရှိခဲ့ပြီး ချိန်မှစ၍ ပွဲပေါင်း ၁၆၉ ပွဲ ကစားထားရာတွင် ဂိုးပေါင်း ၁၇၀ သွင်းယူထားပြီး ဖြစ်ကြောင်း သိရသည်။
from..မြ၀တီ

No comments:

Post a Comment