
တရုတ်ရဲများက သီရိလင်္ကာရဲတပ်ဖွဲ့ကို အကူအညီတောင်းပြီး မြို့တော်ကိုလံဘိုဝန်းကျင်တွင် ဒီဇင်ဘာ ၂၁ ရက်နေ့က စီးနင်းရှာဖွေရာ၌ ယင်းကဲ့သို့ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ယင်းကိစ္စအတွက် ကိုလံဘိုရှိ တရုတ် သံရုံးကို မေးမြန်းရာတွင်ဖြေကြားခဲ့ခြင်း မရှိပေ။
သီရိလင်္ကာတွင် တည်ထောင်ထားသော တရုတ်တို့၏ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် တရုတ်နိုင်ငံသား ထောင်ပေါင်းများစွာက လာရောက်အလုပ်လုပ်နေကြသည်။ အများစုမှာ ခရီးသွားဗီဇာ များဖြင့် ၀င်လာကြပြီး ၀န်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်လေ့ရှိကြသည်။
အရှေ့တောင်အာရှတွင် တရုတ်သြဇာကြီးမားလာသည်နှင့်အမျှ သီရိလင်္ကာတွင်လည်း တရုတ်နိုင်ငံ သား များသည် အလုံးအရင်းနှင့်မြှုပ်နှံလျက်ရှိကြသည်။ ပြီးခဲ့သည့် ဇွန်လကပင် အပူပိုင်းဇုန်ထဲရှိ ကျွန်း တစ်ကျွန်းဖြစ်သော သီရိလင်္ကာတွင် တရုတ်တို့၏ချေးငွေဖြင့် တည်ဆောက်ထားသော ပထမဆုံး ဆိပ်ကမ်း ကို ဖွင့်လှစ်နိုင်ခဲ့သည်။
Eleven Media Group
No comments:
Post a Comment