Wednesday 26 December 2012

Google XPhone ၂ဝ၁၃ မှာ ထွက်မယ်

~
 
 Google က အိုင်ဖုန်း၊ ဆမ်ဆောင်းဂလက်ဆီ တို့ ကို ယှဉ်ပြိုင်ဖို့   ရည်ရွယ်ချက်နဲ့  Google XPhone ထွက်ဖို့  စီစဉ်နေတယ်လို့  သိရပါတယ်။ ဒီနှစ်ထဲ သူဝယ်ယူထားတဲ့  မိုတိုရိုလာ (Motorola) ဖုန်းကုမ္မဏီက ထုတ်လုပ်မှာပါ။ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး  Google  က တိတ်ဆိတ်နေပေမယ့်  အသစ်ထွက်ရှိလာမယ့် ဖုန်းမှာ ပိုမိုကောင်း မွန်တဲ့ကင်မရာစနစ် ၊ ဘက်ထရီစတာတွေအပြင် ဈေးကွက်ထဲ မှာရှိပြီး သားဖုန်းတွေနဲ့ အသွင် မတူဘဲ တမူထူးခြားမယ်လို့ သိရပါတယ်။

မိုတိုရိုလာ ဖုန်းကုမ္မဏီ ရဲ့ စီအီးအို ဒန်းနစ်ကတော့ Wall Street Journal နဲ့ အင်တာဗျုးမှာ “ အခုဈေးကွက် မှာရှိနေတဲ့ ဖုန်း တွေထက် ပိုမိုဆန်းသစ်တဲ့ နည်းပညာတွေ ပါဝင်ပြီး လူအများနှစ်သက်မယ့် ဖုန်းမျိုးကို ထုတ်လုပ်ဖို့ ကြိုးပမ်းနေပါတယ်“ လို့ ပြောကြားသွားခဲ့ပါတယ်။

Google XPhone မှာ ပါဝင်လာနိုင်တဲ့ နည်းပညာတွေကတော့ အသံ နဲ့  အမိန့် ပေးစနစ်တွေ ပိုမိုကောင်း မွန်လာဖို့ ရှိပြီး ၊ သူရဲ့  Andriod OS နဲ့  ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်မယ့် စနစ်တွေ ပါဝင်လာဖို့ ရှိ ပါတယ်။
၂၀၁၃ အတွင်း Google က ဖုန်းတွေ အပြင် Google XTablet တွေလည်း ထွက်ရှိလာနိုင်ပါတယ်။

Google ဟာ ၂၀၁၂ မေလ ကမှ မိုဘိုင်းဖုန်း ကုမ္မဏီ မိုတိုရိုလာကို ၀ယ်ယူခဲ့တာတာပါ။  ၁၂ ဘီလီယံကျော် နဲ့ ဝယ်ယူပြီး ရင်းနီးမြှပ်နှံထားတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မိုတိုရိုလာ ကုမ္မဏီဟာ အရင်အတိုင်း မိုတိုရိုလာနာမည်တွေနဲ့ သာဖုန်းတွေ ထုတ်လုပ်နေပေမယ့် ရက်ပိုင်းအတွင်း ရောက်ရှိလာမယ့် ၂၀၁၃ မှာတော့  Google ရဲ့ နည်းပညာရှင်တွေ အထူးဖန်တီးထားတဲ့ Google XPhone ထွက်လာတော့မှာပါ။

နိုဝင်ဘာလတုန်းက ထွက်ရှိခဲ့တဲ့ Google Nexus 4 ဖုန်းဟာ ဈေးကွက်မှာ အရမ်း နာမည်ကြီးခဲ့ပေမယ့် ပစ္စည်းသစ်တွေ ထုတ်လုပ်ရာမှာ နှောင့်နှေးမှုကြောင့် ဝေဖန်ခံနေရပါပြီ။

 ကြိုတင်မှာယူခဲ့တဲ့ ၀ယ်ယူသူတွေကို အချိန်မီ အရောက်မပို့ ဆောင်နိုင်တဲ့အတွက် Google ကလည်း တရားဝင်တောင်းပန်ထားပါတယ်။
  အကျိုးတူ ပူးပေါင်းခဲ့တဲ့ အီလက်ထရောနစ် ကုမ္မဏီ LG ရဲ့ ပစ္စည်းသစ်တွေထုတ်လုပ်မှုနှေးကွေးတာကို အပြစ်ပုံချထားပါတယ်။

Google ဟာ အရင်တုန်းကလည်း Motorola , Samsumg စတဲ့ ကုမ္မဏီ တွေနဲ့ ပူးပေါင်းပြီး Nexus Series ဖုန်းတွေ ထုတ်လုပ်ဖူးပါတယ်။ အဲဒါတွေကို Google က ဒီဇိုင်းဖန်တီးပြီး ထုတ်လုပ်ခဲ့တာပါ။

၂၀၁၂ ဟာ မိုဘိုင်းခေတ်လို့ ဆိုရလောက်အောင် မိုဘိုင်းကုမ္မဏီတွေ အလုပ်ဖြစ်ခဲ့တာကြောင့် လာမယ့် ၂၀၁၃ မှာ လည်း Google က ဖုန်းဈေးကွက်ထဲဝင်ဖို့ ကြိုးစားနေတာကြောင့် သုံးစွဲသူတွေအတွက်တော့ တမူထူးခြားတဲ့ Google XPhone တွေကို မြင်တွေ့ ရဖို့ ရှိနေပါတယ်။


ကိုးကား ။
http://online.wsj.com/article_email/SB10001424127887324731304578191711598368942-lMyQjAxMTAyMDIwMTEyNDEyWj.html

http://mashable.com/2012/12/21/google-xphone-mystery/




No comments:

Post a Comment