Wednesday 26 December 2012

ကလေးများအား ဗိုက်ကြီးသည် ဘိုမရုပ် ပေးမဆော့ရ

Photo: ကလေးများအား ဗိုက်ကြီးသည် ဘိုမရုပ် ပေးမဆော့ရ
Wednesday, 26 December 2012

ဗိုက်ကြီးသည် ဘိုမရုပ်များ တစ်ချိန်က နိုင်ငံတကာမှ ခေတ်စားခဲ့ပါတယ်။ သို့ပေမယ့် ၂၀၀၂ ခုနှစ် နောက်ပိုင်းကစလို့ နိုင်ငံအတော်များများက တားမြစ်ချက်နဲ့ လိုက်လံ ပိတ်ပင်ခဲ့တာကြောင့် ယခုတော့ ရှားသွားပြီ ဖြစ်ပါ တယ်။

အမေရိကန်မှာ စတင်ပိတ်ပင်တာ ဖြစ်ပါတယ်။ ဆေးပညာ တွေ့ရှိချက်အရ ဗိုက်ကြီးသည် ဘိုမရုပ်ခေါ် Pregnant doll များကို ဆော့ကစားခြင်းဖြင့် ကလေးငယ်များရဲ့  စိတ်မှာ စွဲကျန်ပြီး တကယ့်အပြင်လောကမှာ ပြန်လည် အသုံးချတတ်တယ်လို့ ဆိုပါတယ်။ အရှင်းဆုံး ဥပမာ ကတော့ ဗိုက်ကြီးသည် ဘိုမရုပ်ဆော့ကစားတဲ့ ကလေးငယ်များဟာ တစ်ချိန်ကျ အသက်ငယ်ငယ်နဲ့ ကိုယ်ဝန်ဆောင်နိုင်တဲ့ အခြေအနေအထိ ဖြစ်ရန်လွယ်ကူလို့ ဖြစ်ပါတယ်။

ငယ်ငယ်တုန်းက ဘိုမရုပ်မှာ ကိုယ်ဝန်ဆောင်မိခင်ပမာ ဆော့ကစားတဲ့အခါ ယင်းအချိန်ကစလို့ နောက်နောင် အရွယ်များမှာ ကိုယ်ဝန်ဆောင်တယ် ဆိုတာ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ဖွယ်ရာ ကစားစရာလိုပဲ ထင်မှတ်လာ တတ်လို့ ဖြစ်ပါတယ်။ အသက် ၉ နှစ်အရွယ်အထိ ကလေးများဟာ ငယ်ငယ်က ဖြစ်ရပ်များ၊ သိရှိမှုများကို မှတ်ယူပြီး အပြင်မှာ လက်တွေ့ တကယ် အသုံးချတတ်ပါတယ်။ ယင်းမှတ်ယူထားမှုကိုလည်း တစ်သက်လုံး စွဲနေတတ်တာမျိုး ဖြစ်တတ်ပါတယ်။ ကစားအရုပ်နည်းတူ လက်တွေ့ဘဝမှာ ပြန်လည် ကျင့်သုံးတတ်ကြပါတယ်။

အမေရိကန် ဆေးပညာနဲ့ စိတ်ပညာရှင်များက အကြောင်းပြချက်နဲ့ တကွ ဖြေရှင်းထားမှု ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်တင်မကပဲ ကမ္ဘာတစ်ဝန်းမှာ ကိုယ်ဝန်ဆောင် ဘိုမရုပ် ရောင်းချမှုလျော့ကျသွားပြီး တရားဝင်ကနေ တရားမဝင်ရောင်းချတဲ့အဆင့်အထိကို ရှိလာခဲ့ပါတယ်။ အရုပ်များနဲ့ ဆော့ကစားမှုဟာ ကလေးများအတွက် စိတ်လည်းအပန်းဖြေပြီး ဥာဏ်ရည်လည်း ကွန့်မြူးစေပါတယ်။ သို့ပေမယ့် ယင်းနေရာမှာ ကိုယ်ဝန် ဆောင်ဘိုမရုပ်များနဲ့ ဆော့ကစားမမိစေဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ယင်းအတွက် မိဘများအနေနဲ့ လိုက်လံ သွန်သင်ပြီး ကောင်းမွန်မှန် ကန်သော ဆော့ကစားနည်းကို လမ်းညွန်သင့်ကြောင်း ဆိုထားပါတယ်။ သို့သော် လက်ရှိ အချိန်အထိ ကမ္ဘာတစ်လွှားမှာ ကိုယ်ဝန်ဆောင် ဘိုမရုပ်များနဲ့ ဆော့ကစားတဲ့ ကလေးငယ် ပေါင်းများစွာ ရှိနေသေးကြောင်း သိရပါတယ်။
--
Ref:rare-facts
International news for myanmarဗိုက်ကြီးသည် ဘိုမရုပ်များ တစ်ချိန်က နိုင်ငံတကာမှ ခေတ်စားခဲ့ ပါ တယ်။ သို့ပေမယ့် ၂၀၀၂ ခုနှစ် နောက်ပိုင်းကစလို့ နိုင်ငံအတော်များ များက တားမြစ်ချက်နဲ့ လိုက်လံ ပိတ်ပင်ခဲ့တာကြောင့် ယခုတော့ ရှားသွားပြီ ဖြစ်ပါ တယ်။

အမေရိကန်မှာ  စတင်ပိတ်ပင်တာ ဖြစ်ပါတယ်။ ဆေးပညာ တွေ့ရှိ ချက်အရ ဗိုက်ကြီးသည် ဘိုမရုပ်ခေါ် Pregnant doll များကို ဆော့ကစားခြင်းဖြင့် ကလေးငယ်များရဲ့  စိတ်မှာ စွဲကျန်ပြီး တကယ့်အပြင်လောကမှာ ပြန်လည် အသုံးချတတ်တယ်လို့ ဆိုပါတယ်။ အရှင်းဆုံး ဥပမာ ကတော့ ဗိုက်ကြီးသည် ဘိုမရုပ်ဆော့ကစားတဲ့ ကလေးငယ်များဟာ တစ်ချိန်ကျ အသက်ငယ်ငယ်နဲ့ ကိုယ်ဝန်ဆောင်နိုင်တဲ့ အခြေအနေအထိ ဖြစ်ရန်လွယ်ကူလို့ ဖြစ်ပါတယ်။

ငယ်ငယ်တုန်းက ဘိုမရုပ်မှာ ကိုယ်ဝန်ဆောင်မိခင်ပမာ ဆော့ကစားတဲ့အခါ ယင်းအချိန်က စလို့ နောက်နောင် အရွယ်များမှာ ကိုယ်ဝန်ဆောင်တယ် ဆိုတာ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ဖွယ်ရာ ကစားစရာလိုပဲ ထင်မှတ်လာ တတ်လို့ ဖြစ်ပါတယ်။ အသက် ၉ နှစ်အရွယ်အထိ ကလေးများဟာ ငယ်ငယ်က ဖြစ်ရပ်များ၊ သိရှိမှုများကို မှတ်ယူပြီး အပြင်မှာ လက်တွေ့ တကယ် အသုံးချတတ်ပါတယ်။ ယင်းမှတ်ယူထားမှုကိုလည်း တစ်သက်လုံး စွဲနေတတ်တာမျိုး ဖြစ်တတ်ပါတယ်။ ကစားအရုပ်နည်းတူ လက်တွေ့ဘဝမှာ ပြန်လည် ကျင့်သုံးတတ်ကြပါတယ်။

အမေရိကန် ဆေးပညာနဲ့ စိတ်ပညာရှင်များက အကြောင်းပြချက်နဲ့ တကွ ဖြေရှင်းထားမှု ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်တင်မကပဲ ကမ္ဘာတစ်ဝန်းမှာ ကိုယ်ဝန်ဆောင် ဘိုမရုပ် ရောင်းချမှုလျော့ကျသွားပြီး တရားဝင်ကနေ တရားမဝင်ရောင်းချတဲ့အဆင့်အထိကို ရှိလာခဲ့ပါတယ်။ အရုပ်များနဲ့ ဆော့ကစားမှုဟာ ကလေးများအတွက် စိတ်လည်းအပန်းဖြေပြီး ဥာဏ်ရည်လည်း ကွန့်မြူးစေပါတယ်။ သို့ပေမယ့် ယင်းနေရာမှာ ကိုယ်ဝန် ဆောင်ဘိုမရုပ်များနဲ့ ဆော့ကစားမမိစေဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ယင်းအတွက် မိဘများအနေနဲ့ လိုက်လံ သွန်သင်ပြီး ကောင်းမွန်မှန် ကန်သော ဆော့ကစားနည်းကို လမ်းညွန်သင့်ကြောင်း ဆိုထားပါတယ်။ သို့သော် လက်ရှိ အချိန်အထိ ကမ္ဘာတစ်လွှားမှာ ကိုယ်ဝန်ဆောင် ဘိုမရုပ်များနဲ့ ဆော့ကစားတဲ့ ကလေးငယ် ပေါင်းများစွာ ရှိနေသေးကြောင်း သိရပါတယ်။
 
 From : International news for myanmar

No comments:

Post a Comment