
ဒေသဆိုင်ရာ အစိုးရဌာနများတွင် အလုပ် လုပ်ကိုင်ခြင်းက ဘ၀အာမခံချက်ရှိနိုင်သည်ဆိုသည့် အတွေး များဖြင့် ထိုသို့ အလုပ်လျှောက်ထားသူများပြားခြင်းဖြစ်မည်ဟု ဆိုကြသည်။
တရုတ်ပြည်တွင် အစိုးရ၀န်ထမ်းများသည် မိမိတို့လုပ်ခလစာမှဖြတ်တောက်မှုများ မရှိသည့်အပြင် လူမှုဖူလုံရေး ခံစားခွင့်များကိုလည်း ရရှိခံစားနိုင်ကြသည်။ ထို့ပြင် သူတို့ပင်စင်ယူသည့်အခါတွင်လည်း ပင်စင်ခံစားခွင့်များသည် မက်လောက်သည့် အနေအထားဖြစ်သဖြင့် အစိုးရအလုပ်ကို စိတ်ဝင် စားကြ သည်ဟုဆိုသည်။
ထို့ပြင် အစိုးရအလုပ်ရပါက တစ်ခြားမြို့များမှ ပြောင်းလာသည့်သူများသည့် မြို့တော် ဟာဘင်းတွင် တရားဝင် နေထိုင်ခွင့်ပါမစ်ကိုပါ ရရှိကြသည်။ ထို့ပြင် ၀န်ထမ်းဆိုပါက ကလေးများ ကျောင်း တက်ခွင့်၊ နေထိုင်ရန် အခန်းခကို အစိုးရမှ ထောက်ပံ့ကြေးပေးခြင်းအပြင် အခြားခံစားခွင့် များပါ ရရှိသောကြောင့် ၀န်ထမ်းဘ၀ကို လူတိုင်း မက်မောစွာဖြင့် တိုးဝင်လာကြခြင်းလည်းဖြစ်သည်။
ယခု သန့်ရှင်းရေးနှင့် ယာဉ်မောင်းလျှောက်ထားသူများမှ ရွေးချယ်ထားသည့် အရည်အချင်းပြည့်မီသူ ၇၀၀၀ ကျော်တွင် ရိုးရိုးဘွဲ့ရထားသူပေါင်း ၃၀၀၀ ခန့်ရှိပြီး၊ မာစတာဘွဲ့ရထားသူ ၂၉ ဦး ပါဝင် သည်ဟုဆိုသည်။
ထိုဘွဲ့ရထားသူများသည် အလုပ်မခန့်အပ်မီ နောက်တစ်ကြိမ် လူတွေ့စစ်ဆေးသည့် အင်တာဗျူးများကို ရင်ဆိုင် ကြရဦးမည်ဖြစ်ကြောင်း ၂၀၀၇ ခုနှစ်ကတည်းက ကွန်ပျူတာသိပ္ပံဘွဲ့ရထားသည့် အသက် ၂၉ အရွယ် လဲ့ယုဆိုသူက ပြောကြားခဲ့သည်။
Facebook: Miraculous Master For English Language
No comments:
Post a Comment