Wednesday 26 December 2012

တော်ဝင်စက်ရုံ တာဝန်ရှိသူများက ဒဏ်ရာရအလုပ်သမားများအား ရိုက်နှက်ခဲ့ခြင်းမရှိကြောင်း ပြောကြား

Photo: တော်ဝင်စက်ရုံ တာဝန်ရှိသူများက ဒဏ်ရာရအလုပ်သမားများအား ရိုက်နှက်ခဲ့ခြင်းမရှိကြောင်း ပြောကြား
Wednesday, 26 December 2012 

တော်ဝင်သစ်အချောထည်စက်ရုံတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စက်ရုံ ၀င်းအတွင်း ၀ါးရင်းတုတ်များ၊ သံတုတ်များနှင့် ရိုက်နှက်ခဲ့ကြောင်း ဆေးရုံ တွင် ဆေးကုသမှု ခံယူနေရသော အလုပ်သမားများမှ အခိုင်အမာပြောဆို ခဲ့သော်လည်း စက်ရုံတာဝန်ရှိများဘက်မှ တစုံတရာ ရိုက် နှက်အကြမ်းဖက်မှု မပြုလုပ်ခဲ့ကြောင်း ပြောကြားသည်။

စက်ရုံ နေ့လည်စာစားနားနေချိန်တွင် ယခင်ကဆန္ဒပြခဲ့သော အလုပ်သမား များက စက်ရုံဝင်းအတွင်း ဝင်ရောက်ရိုက်နှက် ဖျက်ဆီးမှုများ ပြုလုပ်ခြင်းသာ
ဖြစ်ကြောင်း၊ မိမိတို့က ပြန်လည်တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း၊ အင်းစိန်ဆေးရုံ တွင် ဆေးကုသမှုခံယူနရသော အလုပ်သမားများမှာ လည်း ၎င်းတို့ဘာသာ အချင်းချင်းပြန်လည် ထိခိုက်မှုကြောင့် ယခုကဲ့သို့ ဆေးကုသမှုခံယူနရခြင်း
ဖြစ်နိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

''စက်ရုံက အလုပ်သမားတွေ ထမင်းစားနားချိန်မှာ တံခါးကို အတင်းတွန်း ဖွင့်ပြီး ဝင်လာတယ်၊အထဲက အခန်းတွေကို ရိုက်နှက်ဖျက်ဆီးတယ်။ ပြီး
တော့ သူတို့က ဒီဘက်ကအလုပ်သမားတွေမဟုတ်ဘူး။ သံချည်သံကွေးက အလုပ်သမားတွေ၊ စက်ရုံမှ အင်အားနည်းနေတဲ့အချိန်မှာ ခုလို ဖြစ်တာ၊ စက်ရုံကသူတို့ကို အလုပ်ပြန်ပေးပြီးသားပါ။ လုပ်ငန်းခွင်လည်း ဝင်နေကြပြီ။ သူတို့အချင်းချင်းပြန်ပြီး ထိခိုက်မိတာပဲဖြစ်နိုင်တယ်။ စက်ရုံဘက်ကတော့ ဘာမှတုံ့ပြန်ခဲ့ခြင်းမရှိပါဘူး''ဟု အဆိုပါစက်ရုံမှ စက်ရုံမှူး ဦးလှကြည်က
ပြောကြားသည်။

ဆေးရုံတွင် ဆေးကုသမှုခံယူနေရသော ဆန္ဒပြခဲ့သောအလုပ်သမားများ၏ စက်ရုံတွင်းဝင်ရောက်ရိုက်နှက်မှုကြောင့် စက်ရုံရှိ စီမံရုံးခန်း၊ ကွန်ပျူတာ ရုံးခန်း၊ ဒါရိုက်တာရုံးခန်း၊ ကျန်းမာရေးဌာနနှင့် အစည်းအဝေးခန်းတို့မှ ကွန်ပျူတာများ၊ စက်ပစ္စည်းများအပါအဝင် ရုံးခန်းများအတွင်းမှ အသုံး အဆောင်များအပြင် စက်ရုံမှ ကားနှစ်စီး ပျက်စီးခဲ့ကြောင်း၊ စက်ရုံအလုပ် သမားများမှ ဖျက်ဆီးမှု မပြုလုပ်ကြရန် တောင်းပန်ခဲ့ကြ ကြောင်း၊ တစုံတရာ လက်တုံ့ပြန်ခဲ့ခြင်း မရှိကြောင်း သိရသည်။

၎င်းတို့၏ အလုပ်သမားအခွင့်အရေးအတွက် ကာလအတော်ကြာသည်အထိ ဆန္ဒထုတ်ဖေါ်မှုများ ပြုလုပ်ခဲ့ပြီး အလုပ်သမားရေးရာကော်မရှင်၏ ညှိနှိုင်းပေး မှုကြောင့် အလုပ်ခွင်ပြန်လည်ဝင်ရောက် လုပ်ကိုင်ခဲ့သည်မှာ တစ်ပတ်ခန့်သာ ရှိသေးချိန်တွင် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

''ကျွန်မ ရှေ့မှာတင် ဝါးရင်းတုတ်စည်းကို ချပေးပြီးရိုက်ခိုင်းတာ၊ အဲဒီအချိန်မှာ တံခါးကိုလည်း ပိတ်လိုက် ကြတယ်။ ခုတောင် သစ်လုံးပုံဘေး မှာ တွေ့လာ တာ” ကိုနေလင်းဦး၏ မိခင်ဖြစ်သူက ပြောကြားသည်။

ဆက်လက်၍ ကိုဇင်မျိုးကိုကို၏ မိခင်ဖြစ်သူက ''နဲနဲမဟုတ်ဘူး၊ မသေမချင်း ရိုက်သတ်တာ၊ ကံကောင်းလို့မသေတာ၊ လုံးဝမကျေနပ်နိုင် ဘူး''ဟု ပြော ကြားသည်။

ဆန္ဒပြခဲ့သော အလုပ်သမားများဘက်မှ ၃၀ ခန့်ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ၅ ဦးမှာဒဏ်ရာပြင်းထန်သောကြောင့် ဆေးရုံတွင် တက်ရောက် ကု သနေရသည်။အလုပ်သမားများဘက်မှ ၄င်းတို့၏ နစ်နာမှုအတွက် ဥပဒေအရအရေးယူရန်စီစဉ်လျက်ရှိကြောင်းနှင့် အလုပ်ရှင်ဘက်မှ ယခုချိန် ထိ ဒဏ်ရာရအလုပ်သမားများကို လာရောက်ကြည့်ရှုမှုမရှိသေးကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ ကိုကျော်မင်းကပြောကြားသည်။

အခြေအနေများမှာ ယခုချိန်ထိရှုပ်ထွေးလျက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသော အလုပ်သမားများမှာ အခြေအနေမစိုးရိမ်ရတော့သော်လည်း ၎င်းတို့ ၏ နစ်နာမှုအတွက် တရားစွဲဆိုနိုင်ရန်စီစဉ်လျက်ရှိကြောင်းနှင့် စက်ရုံတာဝန်ရှိသူများဘက်မှလည်း စက်ရုံတွင်း ထိခိုက်နစ်နာမှုများအတွက် ဥပဒေ အရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့ခေတ်သို့
ပြောကြားသည်။


ဆေးရုံတွင် တက်ရောက် ကုသနေကြသည့် အလုပ်သမားများနှင့် အလုပ်သမားများကို ကူညီဆောင်ရွက်ပေးခဲ့သူ ကိုကျော်မင်းတို့အား မရမ်း ကုန်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်တို့မှ ဒီဇင်ဘာလ ၂၆ရက်နေ့တွင် ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ယင်းသို့ တရားစွဲဆိုရာတွင် မရမ်းကုန်းမြို့နယ်တွင် ငါးဦး၊
ရွှေပြည်သာမြို့နယ်တွင် ခုနစ်ဦး၊ အင်းစိန်မြို့နယ်တွင် ငါးဦး တရားစွဲထားကြောင်း ကိုကျော်မင်း၏ ပြောကြားချက်အရ သိရသည်။

ဝေယံ
The Myanma Age တော်ဝင်သစ်အချောထည်စက်ရုံတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စက်ရုံ ၀င်းအတွင်း ၀ါးရင်းတုတ်များ၊ သံတုတ်များနှင့် ရိုက်နှက် ခဲ့ကြောင်း ဆေးရုံ တွင် ဆေးကုသမှု ခံယူနေရသော အလုပ်သမားများမှ အခိုင်အမာပြောဆို ခဲ့သော်လည်း စက်ရုံတာဝန်ရှိများဘက်မှ တစုံတရာ ရိုက် နှက်အကြမ်းဖက်မှု မပြုလုပ်ခဲ့ကြောင်း ပြောကြားသည်။

စက်ရုံ နေ့လည်စာစားနားနေချိန်တွင် ယခင်ကဆန္ဒပြခဲ့သော အလုပ်သမားများက စက်ရုံဝင်းအတွင်း ဝင်ရောက်ရိုက်နှက် ဖျက်ဆီးမှု များ ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း၊ မိမိတို့က ပြန်လည်တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း၊ အင်းစိန်ဆေးရုံ တွင် ဆေးကု သမှု ခံယူနရသော အလုပ်သမားများမှာ လည်း ၎င်းတို့ဘာသာ အချင်းချင်းပြန်လည် ထိခိုက်မှုကြောင့် ယခုကဲ့သို့ ဆေးကုသမှုခံယူနရခြင်း ဖြစ်နိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

''စက်ရုံက အလုပ်သမားတွေ ထမင်းစားနားချိန်မှာ တံခါးကို အတင်းတွန်း ဖွင့်ပြီး ဝင်လာတယ်၊အထဲက အခန်းတွေကို ရိုက်နှက်ဖျက်ဆီးတယ်။ ပြီးတော့ သူတို့က ဒီဘက်ကအလုပ်သမားတွေမဟုတ်ဘူး။ သံချည်သံကွေးက အလုပ်သမားတွေ၊ စက်ရုံမှ အင်အားနည်းနေတဲ့အချိန်မှာ ခုလို ဖြစ်တာ၊ စက်ရုံက သူတို့ကို အလုပ်ပြန်ပေးပြီးသားပါ။ လုပ်ငန်းခွင်လည်း ဝင်နေကြပြီ။ သူတို့အချင်းချင်းပြန်ပြီး ထိခိုက် မိတာပဲဖြစ်နိုင်တယ်။ စက်ရုံဘက်ကတော့ ဘာမှတုံ့ပြန်ခဲ့ခြင်းမရှိပါဘူး''ဟု အဆိုပါစက်ရုံမှ စက်ရုံမှူး ဦးလှကြည်က ပြောကြားသည်။

ဆေးရုံတွင် ဆေးကုသမှုခံယူနေရသော ဆန္ဒပြခဲ့သောအလုပ်သမားများ၏ စက်ရုံတွင်း ဝင်ရောက် ရိုက်နှက် မှုကြောင့် စက်ရုံရှိ စီမံရုံးခန်း၊ ကွန်ပျူတာရုံးခန်း၊ ဒါရိုက်တာရုံးခန်း၊ ကျန်းမာရေးဌာနနှင့် အစည်းအဝေးခန်း တို့မှ ကွန်ပျူတာများ၊ စက်ပစ္စည်းများအပါအဝင် ရုံးခန်းများအတွင်းမှ အသုံး အဆောင်များအပြင် စက်ရုံမှ ကားနှစ်စီး ပျက်စီးခဲ့ကြောင်း၊ စက်ရုံအလုပ် သမားများမှ ဖျက်ဆီးမှု မပြုလုပ်ကြရန် တောင်းပန် ခဲ့ကြ ကြောင်း၊ တစုံတရာ လက်တုံ့ပြန်ခဲ့ခြင်း မရှိကြောင်း သိရသည်။

၎င်းတို့၏ အလုပ်သမားအခွင့်အရေးအတွက် ကာလအတော်ကြာသည်အထိ ဆန္ဒထုတ်ဖေါ် မှုများ ပြုလုပ်ခဲ့ပြီး အလုပ်သမားရေးရာကော်မရှင်၏ ညှိနှိုင်းပေး မှုကြောင့် အလုပ်ခွင်ပြန်လည်ဝင်ရောက် လုပ်ကိုင်ခဲ့သည်မှာ တစ်ပတ်ခန့်သာ ရှိသေးချိန်တွင် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

''ကျွန်မ ရှေ့မှာတင် ဝါးရင်းတုတ်စည်းကို ချပေးပြီးရိုက်ခိုင်းတာ၊ အဲဒီအချိန်မှာ တံခါးကိုလည်း ပိတ်လိုက် ကြတယ်။ ခုတောင် သစ်လုံးပုံဘေး မှာ တွေ့လာ တာ” ကိုနေလင်းဦး၏ မိခင်ဖြစ်သူက ပြောကြားသည်။

ဆက်လက်၍ ကိုဇင်မျိုးကိုကို၏ မိခင်ဖြစ်သူက ''နဲနဲမဟုတ်ဘူး၊ မသေမချင်း ရိုက်သတ်တာ၊ ကံကောင်းလို့ မသေတာ၊ လုံးဝမကျေနပ်နိုင် ဘူး''ဟု ပြော ကြားသည်။

ဆန္ဒပြခဲ့သော အလုပ်သမားများဘက်မှ ၃၀ ခန့်ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ၅ ဦးမှာဒဏ်ရာပြင်း ထန်သောကြောင့် ဆေးရုံတွင် တက်ရောက် ကု သနေရသည်။အလုပ်သမားများဘက်မှ ၄င်းတို့၏ နစ်နာမှု အတွက် ဥပဒေအရအရေးယူရန်စီစဉ်လျက်ရှိကြောင်းနှင့် အလုပ်ရှင်ဘက်မှ ယခုချိန်ထိ ဒဏ်ရာရ အလုပ်သမားများကို လာရောက်ကြည့်ရှုမှုမရှိသေးကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ ကိုကျော်မင်းကပြောကြားသည်။

အခြေအနေများမှာ ယခုချိန်ထိရှုပ်ထွေးလျက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသော အလုပ်သမားများမှာ အခြေအနေမစိုးရိမ်ရတော့သော်လည်း ၎င်းတို့ ၏ နစ်နာမှုအတွက် တရားစွဲဆိုနိုင်ရန် စီစဉ်လျက် ရှိကြောင်းနှင့် စက်ရုံတာဝန်ရှိသူများဘက်မှလည်း စက်ရုံတွင်း ထိခိုက်နစ်နာမှုများအတွက် ဥပဒေ အရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့ခေတ်သို့
ပြောကြားသည်။


ဆေးရုံတွင် တက်ရောက် ကုသနေကြသည့် အလုပ်သမားများနှင့် အလုပ်သမားများကို ကူညီဆောင် ရွက်ပေး ခဲ့သူ ကိုကျော်မင်းတို့အား မရမ်း ကုန်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်တို့မှ ဒီဇင်ဘာလ ၂၆ရက်နေ့တွင် ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ယင်းသို့ တရားစွဲဆိုရာတွင် မရမ်းကုန်းမြို့နယ်တွင် ငါးဦး၊ ရွှေပြည်သာမြို့နယ်တွင် ခုနစ်ဦး၊ အင်းစိန်မြို့နယ် တွင် ငါးဦး တရားစွဲထားကြောင်း ကိုကျော်မင်း၏ ပြောကြားချက်အရ သိရသည်။

From : ဝေယံ
          The Myanma Age

No comments:

Post a Comment