Wednesday 26 December 2012

ပေါက်တောမြို့နယ်တွင် ရခိုင်နှစ်ဦးတိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံး(အရေးပေါ်သတင်း)

ပေါက်တောမြို့နယ် စိုင်းတုတ်ကျေးရွာမှ  မောင်တင်အောင်မြင့် (ဘ)ဦးစံရွှေလှ၊ ၂၅ နှစ် နှင့် မောင်ကျော်သန်းစိုး (ဘ) မောင်ကျော်သောင်း၊ ၂၄ နှစ်တို့ နှစ်ဦး သည် ကဏန်းပုံး များထောင်နေစဉ် ယနေ့ နံနက် ၁၀း ၃၀ အချိန်ခန့်တွင် ဒုံရွာမှ ဘင်္ဂလီများက လာရောက်တိုက်ခိုက် သဖြင့် မောင်တင်အောင်မြင့် မှာ သေဆုံးခဲ့ရပြီး  ကျော်သန်းစိုးမှာ ဒဏ်ရာများစွာရရှိ ထားကြောင်း သိရ သည်။

 ထိုနေရာသည် သပြာကျွန်းနှင့်လည်းနီးစပ်ကြောင်းသိရသည်။ ထိုရခိုင်နှစ်ဦး က အော်ဟစ်အကူ အညီတောင်းသဖြင့် ရက်ချောင်းကျေးရွာမှ စက်လှေများဖြင့်လိုက်သွားသော်လည်း ဘင်္ဂလီများသည် ဂျင်ကလိများ၊  မြှားစူးများဖြင့် ပစ်ခတ်သဖြင့် အနီးသို့ ကပ်ခွင့်မရခဲ့ကြောင်း၊ အလားတူ စိုင်းတုတ်ရွာ မှလည်း လိုက်သွားသည်တိုင် လေးဂွများ၊ဂျင်ကလိများ၊ မြှားစူးများဖြင့် ပစ်ခတ်ခြင်းကိုခံရသဖြင့် အချိန်မီ ကယ်တင် နိုင်ခြင်းမရှိကြောင်းလည်းသိရသည်။


လက်ရှိတွင် ရဲများရောက်ရှိသွားပြီဖြစ်သည့်တိုင် တရားခံအား ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းနှင့် သေဆုံး သူအားပြန် လည်ရရှိရန် ကြိုးစားလျက်ရှိကြောင်းသိရသည်။

သတင်းအပြည့်အစုံနှင့် ဓါတ်ပုံများကိုပါ ညနေပိုင်းတွင် ဆက်လက်တင်ပြသွားပါမည်။
From : Rakhine Straight Views

No comments:

Post a Comment