Wednesday 26 December 2012

ဘီယာတွင် ပါဝင်သော ဗျစ်ပွင့်ခြောက် အအေးမိ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်


ဘီယာတွင် ပါဝင်သော ဗျစ်ပွင့်ခြောက် အအေးမိ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်

ဘီယာတွင် ပါဝင်သော အဓိက ပစ္စည်းတစ်မျိုး ဖြစ်သည့် ဗျစ်ပွင့်ခြောက်သည် ကလေးငယ် များတွင် ဖြစ်ပွား တတ်သော အပြင်းအထန် ဖျားနာခြင်းနှင့် ဆောင်းရာသီတွင် ဖြစ်ပွားတတ်သည့် နှာစေးခြင်း များကို  ကာကွယ် ပေးနိုင်ကြောင်း Sapporo ဂျပန်ဘီယာ ကုမ္ပဏီက သိပ္ပံပညာရပ် ဆိုင်ရာလေ့ လာ မှု တစ်ရပ်ကို ကိုးကား၍ ပြောကြားခဲ့သည်။

ဘီယာအရသာ ပိုမို ကောင်းမွန်ရန် အတွက် အသုံးပြုသော ဗျစ်ပွင့်ခြောက် တွင် ပါဝင်သော humulone ဓာတု ဒြပ်ပေါင်းသည် ကလေးငယ် များတွင် ဖြစ်ပွားတတ်သော အဆုတ်ရောင် ရောဂါနှင့် ချောင်းဆိုး ရင်ကျပ်ရော ဂါကို ဖြစ်ပွားစေသော ဗိုင်းရပ်စ် ပိုးများကို ခုခံ ကာကွယ်နိုင်ကြောင်း Sapporo ဘီယာ ကုမ္ပဏီက ပြောကြား ခဲ့သည်။

humulone ဓာတု ဒြပ်ပေါင်းသည် နှာခေါင်းနှင့် လည်ချောင်း ရောဂါပိုး (RS) ကို ခုခံကာကွယ် နိုင်ကြောင်း Sapporo ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ သိပ္ပံ ပညာရှင်များက တွေ့ရှိခဲ့သည်ဟု ယင်းကုမ္ပဏီက ပြောကြား ခဲ့သည်။

RS ဗိုင်းရပ်စ် ပိုးသည် နို့စို့အရွယ် ကလေးငယ်များ၊ လမ်းလျှောက်ခါစ ကလေးငယ် များတွင် အဆုတ်ရောဂါ နှင့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါများကို ဖြစ်ပေါ် စေကြောင်း ယင်းကုမ္ပဏီမှ သုတေသန ပညာ ရှင်တစ်ဦး ဖြစ်သူ ဂျန်ဖူ ချီမိုတိုက ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ ဗိုင်းရပ်စ် ပိုးသည် ဆောင်းရာသီတွင် ပျံ့နှံ့လျက် ရှိပြီး အရွယ်ရောက် ပြီးသူများအား အအေးမိခြင်း ကဲ့သို့သော ရောဂါ လက္ခဏာ များကို ဖြစ်ပွားစေကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/2792-2012-12-26-09-35-42
ဘီယာတွင် ပါဝင်သော အဓိကပစ္စည်းတစ်မျိုး ဖြစ်သည့် ဗျစ်ပွင့်ခြောက်သည် ကလေးငယ်များတွင် ဖြစ်ပွား တတ်သော အပြင်းအထန် ဖျားနာခြင်းနှင့်ဆောင်းရာသီတွင် ဖြစ်ပွားတတ်သည့် နှာစေးခြင်းများကို ကာကွယ်ပေးနိုင်ကြောင်း Sapporo ဂျပန်ဘီယာ ကုမ္ပဏီက သိပ္ပံပညာရပ် ဆိုင်ရာလေ့လာမှုတစ်ရပ်ကို ကိုးကား၍ ပြောကြားခဲ့သည်။

ဘီယာအရသာ ပိုမို ကောင်းမွန်ရန်အတွက် အသုံးပြုသော ဗျစ်ပွင့်ခြောက်တွင် ပါဝင်သော humulone ဓာတု ဒြပ်ပေါင်းသည် ကလေးငယ်များတွင် ဖြစ်ပွားတတ်သော အဆုတ်ရောင် ရောဂါနှင့်ချောင်းဆိုး ရင်ကျပ်ရောဂါကို ဖြစ်ပွားစေသော ဗိုင်းရပ်စ်ပိုးများကို ခုခံကာကွယ်နိုင်ကြောင်း Sapporo ဘီယာ ကုမ္ပဏီက ပြောကြား ခဲ့သည်။

humulone ဓာတု ဒြပ်ပေါင်းသည် နှာခေါင်းနှင့် လည်ချောင်း ရောဂါပိုး (RS) ကို ခုခံကာကွယ် နိုင်ကြောင်း Sapporo ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ သိပ္ပံ ပညာရှင်များက တွေ့ရှိခဲ့သည်ဟု ယင်း ကုမ္ပဏီက ပြော ကြားခဲ့သည်။

RS ဗိုင်းရပ်စ်ပိုးသည် နို့စို့အရွယ်ကလေးငယ်များ၊လမ်းလျှောက်ခါစကလေးငယ်များတွင်အဆုတ်ရောဂါ နှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများကို ဖြစ်ပေါ် စေကြောင်း ယင်းကုမ္ပဏီမှ သုတေသနပညာ ရှင်တစ်ဦး ဖြစ်သူ ဂျန်ဖူ ချီမိုတိုက ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါဗိုင်းရပ်စ်ပိုးသည် ဆောင်းရာသီတွင် ပျံ့နှံ့လျက်ရှိပြီး အရွယ်ရောက် ပြီးသူများအား အအေး မိခြင်း ကဲ့သို့သော ရောဂါ လက္ခဏာများကို ဖြစ်ပွားစေကြောင်း သိရသည်။
From..ဧရာဝတီ

No comments:

Post a Comment