Tuesday 25 December 2012

တိရစ္ဆာန်ရုံအတွင်း မွေးဖွားသည့် ကမ္ဘာ့အသက်အကြီးဆုံး ဂေါ်ရီလာမျောက်ဝံမလေး အသက် ၅၆ နှစ်ပြည့်ပြီ

တိရစ္ဆာန်ရုံအတွင်း မွေးဖွားသည့် ကမ္ဘာ့အသက်အကြီးဆုံး
ဂေါ်ရီလာမျောက်ဝံမလေး အသက် ၅၆ နှစ်ပြည့်ပြီ

အမေရိကန် ပြည်ထောင်စု အိုဟိုင်းယိုး ပြည်နယ် အလယ်ပိုင်းရှိ ကိုလံဘတ်စ် တိရစ္ဆာန်ရုံနှင့် ငါးပြတိုက်တွင် ကမ္ဘာ့ ပထမဆုံး အကြိမ်အဖြစ်
မွေးဖွားခဲ့သော ဂေါ်ရီလာ မျောက်ဝံ မလေးသည် ဒီဇင်ဘာ ၂၂ ရက်တွင် အသက် ၅၆ နှစ်ပြည့်ခဲ့ပြီး သူမ၏ မွေးနေ့ကို ယင်းတိရစ္ဆုာန် ရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကိုလိုဟု အမည်ပေး ထားသော အဆိုပါ ဂေါ်ရီလာ မျောက်ဝံမလေးသည် တိရစ္ဆာန်ရုံ များတွင် ပြသထားသည့် မျောက်ဝံများ အနက် အသက်ကြီးဆုံး
ဖြစ်ပြီး ၎င်းကို ၁၉၅၆ ခုနှစ်က မွေးဖွားခဲ့ကြောင်း သိရသည်။ 

တိရစ္ဆာန်ရုံ၌ ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သော ကိုလို၏ မွေးနေ့တွင် ၎င်းအတွက် အထူးပြင်ဆင် ထားသော ကိတ်မုန့် နှင့်အတူ ၎င်းကြိုက်နှစ်သက်သော အစားအစာများ၊ ခရမ်း ချဉ်သီး အပါအဝင် အခြားသော လက်ဆောင်များ လည်း ပါဝင်ကြောင်း သိရသည်။ တိရစ္ဆာန်ရုံသို့ လာရောက်ကြ သောသူများ က ကိုလို၏ မွေးနေ့တွင် 'HappyBirthday'' သီချင်းကို သီဆို၍ ပါဝင် ဆင်နွှဲခဲ့ကြောင်း သိရသည်။

မြ၀တီအမေရိကန် ပြည်ထောင်စု အိုဟိုင်းယိုး ပြည်နယ် အလယ်ပိုင်းရှိ ကိုလံ ဘတ်စ် တိရစ္ဆာန်ရုံနှင့် ငါးပြတိုက်တွင် ကမ္ဘာ့ပထမဆုံး အကြိမ် အဖြစ်မွေးဖွားခဲ့သော ဂေါ်ရီလာ မျောက်ဝံ မလေးသည် ဒီဇင်ဘာ ၂၂ ရက်တွင် အသက် ၅၆ နှစ်ပြည့်ခဲ့ပြီး သူမ၏ မွေးနေ့ကို ယင်းတိရစ္ဆုာန် ရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကိုလိုဟု အမည်ပေးထားသော အဆိုပါ ဂေါ်ရီလာ မျောက်ဝံမလေးသည် တိရစ္ဆာန်ရုံများတွင် ပြသ ထားသည့် မျောက်ဝံများအနက် အသက်ကြီးဆုံးဖြစ်ပြီး ၎င်းကို ၁၉၅၆ ခုနှစ်က မွေးဖွားခဲ့ကြောင်း သိရသည်။

တိရစ္ဆာန်ရုံ၌ ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သော ကိုလို၏ မွေးနေ့တွင် ၎င်းအတွက် အထူးပြင်ဆင် ထားသော ကိတ်မုန့် နှင့်အတူ ၎င်းကြိုက်နှစ်သက်သော အစားအစာများ၊ ခရမ်းချဉ်သီး အပါအဝင် အခြားသော လက်ဆောင်များလည်း ပါဝင်ကြောင်း သိရသည်။ တိရစ္ဆာန်ရုံသို့ လာရောက်ကြ သောသူများ က ကိုလို၏ မွေးနေ့တွင် 'HappyBirthday'' သီချင်းကို သီဆို၍ ပါဝင် ဆင်နွှဲခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment