Wednesday 26 December 2012

တူရကီ နိုင်ငံ အတွင်း ပက်ထရီယော့ ဒုံးကျည်များ ဖြန့်ချ ဆီးရီးယားနှင့် အီရန် နိုင်ငံမှ ခြိမ်းခြောက်မှု အန္တရာယ်ကို တုံ့ပြန်

တူရကီ နိုင်ငံ အတွင်း ပက်ထရီယော့ ဒုံးကျည်များ ဖြန့်ချ ဆီးရီးယားနှင့် အီရန် နိုင်ငံမှ ခြိမ်းခြောက်မှု အန္တရာယ်ကို တုံ့ပြန်

နေတိုး တပ်ဖွဲ့၏ အဆင့်မြင့် နည်းပညာသုံး မြေပြင်မှ ဝေဟင်ပစ် ပက်ထရီယော့ ဒုံးခွင်းဒုံးများ ဖြန့်ချမှုသည် ဆီးရီးယား နိုင်ငံမှ ခြိမ်းခြောက်မှု အန္တရာယ် များကိုသာမက အီရန် နိုင်ငံမှ ခြိမ်းခြောက်မှု အန္တရာယ် များကို တန်ပြန် တိုက်ခိုက်ရန် အတွက် ရည်ရွယ်ကြောင်း ရုရှား နိုင်ငံခြား ရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်က ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ဆီးရီးယား နိုင်ငံ နယ်စပ် တစ်ဝန်းမှ ဒုံးကျည်များဖြင့် တိုက်ခိုက် လာမှုကို ကာကွယ်ရန် နည်းလမ်းတစ်ရပ် အဖြစ် တူရကီ နိုင်ငံ အတွင်း ပက်ထရီယော့ လေကြောင်း ကာကွယ်ရေး စနစ်များ ဖြန့်ချမှုကို နေတိုးတပ်ဖွဲ့က ယခုလ အစောပိုင်းတွင် ထောက်ခံ မှု ပေးခဲ့သည်။ နေတိုး တပ်ဖွဲ့က ထိန်းချုပ်သည့် ပက်ထရီယော့ ဒုံးခွင်းဒုံးစနစ် ခြောက်ခုကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ လကုန်တွင် စတင် တာဝန် ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

တူရကီ နိုင်ငံသည် ဆီးရီးယား နိုင်ငံနှင့် ထိစပ်နေသည့် ကီလိုမီတာ ၉ဝဝ ရှိ နယ်စပ် တစ်လျှောက်အား လုံခြုံရေး တိုးမြှင့်မှုများ ပြုလုပ်ရန် နေတိုး မဟာမိတ် တပ်ဖွဲ့များနှင့် ဆွေးနွေးပွဲများ ပြုလုပ်ပြီး  ရက်သတ္တပတ် များစွာ အကြာတွင် နေတိုးတပ်ဖွဲ့များ ထံမှ ပက်ထရီယော့  ဒုံးကျည်များ ဖြန့်ချမှုကို တရားဝင် တောင်းဆိုခဲ့ ခြင်း ဖြစ်သည်။ 

http://www.myawady.net.mm/allnews/global/item/2824-2012-12-26-10-13-17နေတိုးတပ်ဖွဲ့၏ အဆင့်မြင့်နည်းပညာသုံး မြေပြင်မှ ဝေဟင်ပစ် ပက်ထရီယော့ဒုံးခွင်းဒုံးများ ဖြန့်ချမှုသည် ဆီးရီးယား နိုင်ငံမှ ခြိမ်းခြောက်မှုအန္တရာယ်များကိုသာမက အီရန် နိုင်ငံမှ ခြိမ်းခြောက်မှု အန္တရာယ်များကို တန်ပြန်တိုက်ခိုက်ရန်အတွက် ရည်ရွယ်ကြောင်း ရုရှား နိုင်ငံခြား ရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်ကဒီဇင်ဘာ ၂၄ ရက် တွင် ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံနယ်စပ်တစ်ဝန်းမှဒုံးကျည်များဖြင့် တိုက်ခိုက်လာမှုကို ကာကွယ်ရန်နည်းလမ်းတစ်ရပ်အဖြစ် တူရကီ နိုင်ငံအတွင်း ပက်ထရီယော့ လေကြောင်း ကာကွယ်ရေးစနစ်များ ဖြန့်ချမှုကို နေတိုးတပ်ဖွဲ့က ယခုလအစောပိုင်းတွင် ထောက်ခံမှုပေးခဲ့သည်။ နေတိုးတပ်ဖွဲ့ကထိန်းချုပ်သည့် ပက်ထရီယော့ ဒုံးခွင်း ဒုံးစနစ်ခြောက်ခုကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလကုန်တွင် စတင်တာဝန်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သိရ သည်။

တူရကီနိုင်ငံသည် ဆီးရီးယား နိုင်ငံနှင့်ထိစပ်နေသည့် ကီလိုမီတာ ၉ဝဝ ရှိနယ်စပ်တစ်လျှောက်အား လုံခြုံရေး တိုးမြှင့်မှုများ ပြုလုပ်ရန် နေတိုးမဟာမိတ် တပ်ဖွဲ့များနှင့် ဆွေးနွေးပွဲများ ပြုလုပ်ပြီး ရက်သတ္တပတ် များစွာအကြာတွင် နေတိုးတပ်ဖွဲ့များထံမှ ပက်ထရီယော့ ဒုံးကျည်များ ဖြန့်ချမှုကိုတရားဝင်တောင်းဆို ခဲ့ ခြင်း ဖြစ်သည်။ 

No comments:

Post a Comment