ဟဲဟိုး လေဆိပ်မှာ AirBagan လေယာဉ်ပျက်ကျတဲ့အထဲပါခဲ့သူ သြစတြေလျ နိုင်ငံသူ
အင်နာဘာ့ခ်ျက သူအမေဆီကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ရာမှာ
သူ့အတွေ့အကြုံကိုပါ ပြောပြပါတယ်။
".. အမေ။ ကျမပြောတာသေသေချာချာ နားထောင်နော်။ ကျမတို့ ဘာ အန္တရာယ်မှမဖြစ်ဘူး။ ဟုတ်ပြီလား။" .. အဲဒီလိုပြောပြီးမှ အင်နာ က လေယာဉ် ပျက်ကျတဲ့အကြောင်း စပြောတယ်လို့ သူ့အမေဖြစ်သူက သတင်းမီဒီယာကို ပြောပြခဲ့ပါတယ်။... သြစတြေလျသံရုံးကို အမြန် ဆက်သွယ်ပြီး ကျမတို့ကို ကိစ္စပြောပြပေးပါ။ ကျမတို့နဲ့ပါသမျှ ဘာမှမကျန်တော့ဘူး... လို့ အင်နာက ပြောပါတယ်။
သူတို့ဟာ လေယာဉ်ရဲ့နောက်ပိုင်း သုံးပုံ ၂ ပုံလောက်မှာ ရှိနေခဲ့ပြီး လေယာဉ်ရှေ့ဘက်ပိုင်း ကရော နောက် ဘက်ပိုင်းကပါ မီးခိုးတွေ ထွက်လာတော့ .. သွားပြီ။ ဒါနောက်ဆုံးပဲလို့ ထင်လိုက်တယ်။
လေယာဉ်နောက်ပိုင်းမှာ မီးလောင်နေပြီး နောက်တံခါးကနေ ထွက်လို့ မရဘူး ။ နောက်တော့ လေ ယာဉ်ပျက် အရှေ့ပိုင်းကနေထွက်လို့ ရလိုက်တယ်။ တောအုပ် ထဲ လေယာဉ်ထိုးဆင်းလာတော့ တောင်ပံ၂ ဘက်စလုံး ပြုတ်ထွက်သွားတယ်။ အဲဒါကလည်း အင်မတန် ကံကောင်းတာ ဖြစ်လိမ့်မယ်။ တောင်ပံသာ ကျန်နေရင် အဲဒီမှာ လောင်စာရှိတာမို့ပေါက်ကွဲမှာသေချာတယ်။ - လို့ သူအမေဖြစ်သူကို ပြောပြခဲ့ပါတယ်။
သူတို့ကို ရန်ကုန်ကို ချက်ခြင်းပဲ လေယာဉ်နဲ့ ပြန်ခေါ်သွားချိန်မှာ ပျက်ကျနေတဲ့ လေယာဉ်အပေါ် ကနေပဲ ဖြတ်ပျံရပြီး လေယာဉ်ဟာ တကယ်ပဲ ၂ ပိုင်းပြတ်နေတာကို အပေါ်စီးက မြင်ခဲ့ရတယ်လို့ပြောပြ ခဲ့ ပါတယ်။
Burma-Newselite

No comments:
Post a Comment