ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းရှိ ဟာဝိုင်အီကျွန်းများမှ အချို့အစိတ်
အပိုင်းများသည် မြေအောက် ရေကြောင့် အရည်ပျော်လျက်ရှိပြီး မကြာမီ
ပျောက်ကွယ် တော့မည်ဖြစ်ကြောင်း အမေရိကန် သုတေသီ များက အခိုင်အမာ ပြောကြားခဲ့သည်ဟု အင်တာနက်သတင်းအရ သိရသည်။ယခုအခါ ဟာဝိုင်အီကျွန်းများသည် မြေပြိုမှုများ သိသိ သာသာ ဖြစ်ပေါ်နေပြီး ကျွန်းအောက်ရှိ
မြေအောက်ရေ အတွင်း ကျွန်းပေါ်ရှိ မြေသားများ ပျော်ဝင်ခဲ့ကြောင်း လေ့လာ
တွေ့ရှိ ချက်များ အရ သိရသည်။
ထို့ပြင် သုတေသီများသည် ဟာဝိုင်အီကျွန်း၏ တတိယအကြီးဆုံး ဖြစ်သောအိုဟူကျွန်း ပေါ် ရှိ တောင် တန်းများမှာ ဖျက်ဆီးခံ နေရပြီး အဆိုပါ တောင်များသည် မကြာမီ နှစ်များအတွင်း ပျောက် ကွယ် တော့ မည် ဖြစ်ကြောင်းဖြင့် လေ့လာမှု
များက ညွှန်ပြလျက် ရှိသည်။
အိုဟူကျွန်းရှိ တောင်များ မြေဆီလွှာ
ပျက်စီးတိုက်စားမှုကို ဖြစ်စေသော ပျော်ဝင် ပစ္စည်းများ ပါဝင် သည့် ရေ တိုက်စားမှုကြောင့် အဆိုပါကျွန်းများမှာ ပျောက်ကွယ်၍ မြေပြင်အဖြစ်သို့
ပြောင်းလဲသွားလိမ့် မည်ဖြစ်ကြောင်း အသေးစိတ်လေ့ လာချက်များတွင်
ဖော်ပြထားသည်။
ဘူမိဗေဒ ပညာရှင်များသည် အဆိုပါကျွန်းများ၏
မြေပမာဏပျက်စီးမှုကို တွက်ချက်ရန် အတွက် မြေအောက်ရေနှင့် စမ်းချောင်းရေ
များကို လေ့လာ မှုများ ပြုလုပ်ခဲ့ရာ ၎င်းရေများတွင် ကျွန်းများမှ သတ္တုဓာတ်
များကို ဖယ် ရှားနိုင်သော ပစ္စည်းများ ရှာဖွေ တွေ့ရှိခဲ့သည်။
သို့သော်လည်း အိုဟူကျွန်းသည် လာမည့် နှစ်သန်းပေါင်း ၁ ဒသမ ၅သန်း အထိ ဆက်လက်
တည်ရှိ မည်ဖြစ်ကြောင်း သုတေသီ များ၏ နောက်ဆုံး လေ့လာချက် များအရ သိရသည်။
ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းရှိ ဟာဝိုင်အီကျွန်းများမှ အချို့အစိတ်
အပိုင်းများသည် မြေအောက် ရေကြောင့် အရည်ပျော်လျက်ရှိပြီး မကြာမီ
ပျောက်ကွယ် တော့မည်ဖြစ်ကြောင်း အမေရိကန် သုတေသီ များက အခိုင်အမာ ပြောကြားခဲ့သည်ဟု အင်တာနက်သတင်းအရ သိရသည်။ယခုအခါ ဟာဝိုင်အီကျွန်းများသည် မြေပြိုမှုများ သိသိ သာသာ ဖြစ်ပေါ်နေပြီး ကျွန်းအောက်ရှိ
မြေအောက်ရေ အတွင်း ကျွန်းပေါ်ရှိ မြေသားများ ပျော်ဝင်ခဲ့ကြောင်း လေ့လာ
တွေ့ရှိ ချက်များ အရ သိရသည်။
ထို့ပြင် သုတေသီများသည် ဟာဝိုင်အီကျွန်း၏ တတိယအကြီးဆုံး ဖြစ်သောအိုဟူကျွန်း ပေါ် ရှိ တောင် တန်းများမှာ ဖျက်ဆီးခံ နေရပြီး အဆိုပါ တောင်များသည် မကြာမီ နှစ်များအတွင်း ပျောက် ကွယ် တော့ မည် ဖြစ်ကြောင်းဖြင့် လေ့လာမှု များက ညွှန်ပြလျက် ရှိသည်။
အိုဟူကျွန်းရှိ တောင်များ မြေဆီလွှာ ပျက်စီးတိုက်စားမှုကို ဖြစ်စေသော ပျော်ဝင် ပစ္စည်းများ ပါဝင် သည့် ရေ တိုက်စားမှုကြောင့် အဆိုပါကျွန်းများမှာ ပျောက်ကွယ်၍ မြေပြင်အဖြစ်သို့ ပြောင်းလဲသွားလိမ့် မည်ဖြစ်ကြောင်း အသေးစိတ်လေ့ လာချက်များတွင် ဖော်ပြထားသည်။
ဘူမိဗေဒ ပညာရှင်များသည် အဆိုပါကျွန်းများ၏ မြေပမာဏပျက်စီးမှုကို တွက်ချက်ရန် အတွက် မြေအောက်ရေနှင့် စမ်းချောင်းရေ များကို လေ့လာ မှုများ ပြုလုပ်ခဲ့ရာ ၎င်းရေများတွင် ကျွန်းများမှ သတ္တုဓာတ် များကို ဖယ် ရှားနိုင်သော ပစ္စည်းများ ရှာဖွေ တွေ့ရှိခဲ့သည်။
သို့သော်လည်း အိုဟူကျွန်းသည် လာမည့် နှစ်သန်းပေါင်း ၁ ဒသမ ၅သန်း အထိ ဆက်လက် တည်ရှိ မည်ဖြစ်ကြောင်း သုတေသီ များ၏ နောက်ဆုံး လေ့လာချက် များအရ သိရသည်။

No comments:
Post a Comment