Wednesday 26 December 2012

၂၀၁၃ ခုနှစ်တွင်အမေရိကန်-မြန်မာ နှစ်ဖက်ကုန်သွယ်မှု ချောမွေ့စွာ ဆောင် ရွက်သွားနိုင်မည်ဟုခန့်မှန်းထားပြီးအမေရိကန်ကလည်းမျိုးဗီဇနည်းဖြင့် ပြုပြင်ထားသည့် စိုက်ပျိုးရေး ထွက်ကုန်များ၊ အေးခဲအသားများနှင့်အဖျော်ယမကာ များ ကို မြန်မာနိုင်ငံသို့ တင်သွင်းရန် စိတ်ဝင်စား

၂၀၁၃ ခုနှစ်တွင်အမေရိကန်-မြန်မာ နှစ်ဖက်ကုန်သွယ်မှု ချောမွေ့စွာ ဆောင် ရွက်သွားနိုင်မည်ဟုခန့်မှန်းထားပြီးအမေရိကန်ကလည်းမျိုးဗီဇနည်းဖြင့်  ပြုပြင်ထားသည့် စိုက်ပျိုးရေး ထွက်ကုန်များ၊ အေးခဲအသားများနှင့်အဖျော်ယမကာ များ ကို မြန်မာနိုင်ငံသို့ တင်သွင်းရန် စိတ်ဝင်စား 


လာမည့် ၂၀၁၃ ခုနှစ်တွင် အမေရိကန်-မြန်မာနှစ်ဖက် ကုန်သွယ်မှုလုပ်ငန်းများ ချောမွေ့စွာ ဆောင်ရွက်သွားနိုင်မည်ဟု ခန့်မှန်းထားပြီး အမေရိကန်ကလည်း မျိုးဗီဇနည်းဖြင့် ပြုပြင်ထားသော စိုက်ပျိုးရေး ထွက်ကုန်များ၊ အေးခဲအသားများနှင့် အဖျော်ယမကာများကို မြန်မာနိုင်ငံသို့ တင်သွင်းရန် စိတ်ဝင်စားမှုရှိကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းမြင့်ဝေ၏  CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဖတ်ကြားသည့် စာတမ်းတွင် အထက်ပါအတိုင်း ဖော်ပြပါရှိသည်။

အစိုးရ၏ ပြုပြင်ပြောင်းလဲမှုမူ ၀ါဒများအရ အမေရိကန်နှင့် ဥရောပတို့က စီးပွားရေး ပိတ်ဆို့မှုများ လျှော့ချပေးခြင်း၊ ရုပ်သိမ်းပေးခြင်းများ ရှိလာချိန်တွင် အမေရိကန် အပါအ၀င် အနောက်နိုင်ငံ ဈေးကွက်ကြီးများသို့ တရားဝင်ကုန်သွယ်တင်ပို့မှု အခွင့်အရေးများ ဆုံးရှုံးခဲ့သော မြန်မာ ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် ဈေးကွက်ပြန်လည် ရရှိရေးမှာ အရေးကြီးလာကြောင်းနှင့် ယင်းနိုင်ငံများသို့ မြန်မာ့ပို့ကုန်များ အမှန်တကယ် တင်ပို့ရောင်းချ၍ ရ/မရကိုလည်း မြန်မာပို့ကုန် လုပ်ငန်းရှင်များ သိလိုကြောင်း ၎င်းကစာတမ်းဖတ်ကြားရာတွင် ထည့်သွင်းပြောကြားသွားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့သည် မြန်မာ့ပို့ကုန်များ ဈေးကွက်ဝင်ရောက်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပြီး မြန်မာပို့ကုန်များ အမေရိကန်သို့ တင်ပို့နိုင်ရန် လိုအပ်သော ကုန်သွယ်မှုဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရေး၊ အမေရိကန်နိုင်ငံမှ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသို့ ကိုယ်တာနှင့် အကောက်ခွန် ကန့်သတ်ချက်မရှိဘဲ လွတ်လပ်စွာတင်သွင်းခွင့် ပေးရာတွင် မြန်မာနိုင်ငံကို ထည့်သွင်းသတ်မှတ် အတည်ပြုရေးများကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံအကြား သီးခြားကုန်သွယ်မှုဆိုင်ရာ သက်သာသော အခွင့်အလမ်းများ ပေးအပ်ရေးကိုလည်း ဆွေးနွေးခဲ့ကြပြီး အမေရိကန်နိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အကောက်ခွန်မဟုတ်သော ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများ ညှိနှိုင်းဖြေရှင်းရေးကိုလည်း အလွတ်သဘော ဆွေးနွေးခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့သည် မြန်မာ့ပို့ကုန်များ ဈေးကွက်ဝင်ရောက်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ရာတွင် အမေရိကန် တာဝန်ရှိသူများ၏ ပြောကြားချက်အရ မြန်မာ့ပို့ကုန်များကို အမေရိကန်သို့ တင်ပို့ခွင့် ပိတ်ပင်ထားခြင်း ရုပ်သိမ်းသည်မှာ မှန်သော်လည်း လက်တွေ့အမေရိကန်သို့ မြန်မာကုန်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက် ၎င်းတို့ကွန်ဂရက်အတွင်း အတည်ပြုချက် ရရှိရန်လိုအပ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်တွင်မှ အမေရိကန်-မြန်မာ နှစ်ဖက်ကုန်သွယ်မှု လုပ်ငန်းများ ချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံကလည်း မြန်မာနိုင်ငံသို့ မျိုးဗီဇနည်းဖြင့် ပြုပြင်ထားသော စိုက်ပျိုးရေးထွက်ကုန်များ၊  အေးခဲအသားများ၊ ၀ိုင်နှင့် အဖျော်ယမကာများ တင်သွင်းရန် စိတ်ဝင်စားလျက်ရှိပြီး အခြားဝန်ဆောင်မှု၊ ကုန်သွယ်ရေးလုပ်ငန်း အများအပြားကိုလည်း စိတ်ဝင်စားမှုရှိကြောင်း သိရသည်။

အီးယူနိုင်ငံများသို့ တင်ပို့နေသည့် မြန်မာ ငါးနှင့် ပုစွန် အအေးခန်းစက်ရုံ တစ်ရုံကို တွေ့ရစဉ်


အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
လာမည့် ၂၀၁၃ ခုနှစ်တွင် အမေရိကန်-မြန်မာနှစ်ဖက် ကုန်သွယ်မှု လုပ်ငန်းများ ချောမွေ့စွာ ဆောင်ရွက်သွားနိုင်မည်ဟု ခန့်မှန်းထားပြီး အမေရိကန်ကလည်း မျိုးဗီဇနည်းဖြင့် ပြုပြင်ထားသော စိုက်ပျိုးရေး ထွက်ကုန်များ၊ အေးခဲအသားများနှင့် အဖျော်ယမကာများ ကို မြန်မာနိုင်ငံသို့ တင်သွင်းရန် စိတ်ဝင်စားမှုရှိကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းမြင့်ဝေ၏ CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဖတ်ကြားသည့်စာတမ်းတွင် အထက်ပါ အတိုင်း ဖော်ပြပါရှိသည်။

အစိုးရ၏ပြုပြင်ပြောင်းလဲမှုမူ ၀ါဒများအရ အမေရိကန်နှင့် ဥရောပတို့ကစီးပွားရေး ပိတ်ဆို့ မှုများ လျှော့ချပေးခြင်း၊ ရုပ်သိမ်းပေးခြင်းများ ရှိလာချိန်တွင် အမေရိကန် အပါအ၀င် အနောက်နိုင်ငံ ဈေးကွက်ကြီးများသို့ တရားဝင်ကုန်သွယ်တင်ပို့မှု အခွင့်အရေးများဆုံးရှုံးခဲ့သော မြန်မာ ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် ဈေးကွက်ပြန်လည်ရရှိရေးမှာ အရေးကြီးလာကြောင်းနှင့် ယင်းနိုင်ငံ များသို့ မြန်မာ့ပို့ကုန်များ အမှန်တကယ်တင်ပို့ရောင်းချ၍ ရ/မရကိုလည်း မြန်မာပို့ကုန်လုပ်ငန်းရှင်များ သိလိုကြောင်း ၎င်းကစာတမ်းဖတ်ကြားရာတွင် ထည့်သွင်းပြောကြားသွားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့သည် မြန်မာ့ ပို့ကုန်များ ဈေးကွက်ဝင်ရောက်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုမှ တာဝန်ရှိ သူများနှင့် ဆွေးနွေး ခဲ့ပြီး မြန်မာပို့ကုန်များ အမေရိကန်သို့တင်ပို့နိုင်ရန် လိုအပ်သောကုန်သွယ်မှု ဆိုင်ရာ စေ့စပ်ညှိနှိုင်း မှုများ ပြု လုပ်ရေး၊ အမေရိကန်နိုင်ငံမှ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသို့ ကိုယ်တာနှင့် အကောက်ခွန် ကန့်သတ်ချက် မရှိဘဲ လွတ်လပ်စွာတင်သွင်းခွင့်ပေးရာတွင် မြန်မာနိုင်ငံကို ထည့်သွင်းသတ်မှတ် အတည်ပြုရေး များကို ဆွေးနွေး ခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံအကြား သီးခြားကုန်သွယ်မှုဆိုင်ရာ သက်သာသော အခွင့် အလမ်းများ ပေးအပ်ရေးကိုလည်း ဆွေးနွေးခဲ့ကြပြီး အမေရိကန်နိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံး လုပ်နည်း များနှင့် အကောက်ခွန်မဟုတ်သော ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများ ညှိနှိုင်းဖြေရှင်းရေး ကိုလည်း အလွတ်သဘော ဆွေးနွေးခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့သည် မြန်မာ့ ပို့ကုန် များ ဈေးကွက်ဝင်ရောက်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စု မှ တာဝန်ရှိ သူများနှင့် ဆွေးနွေး ခဲ့ရာတွင် အမေရိကန် တာဝန်ရှိသူများ၏ ပြောကြားချက်အရ မြန်မာ့ပို့ကုန်များကို အမေရိကန်သို့ တင်ပို့ခွင့် ပိတ်ပင်ထားခြင်း ရုပ်သိမ်းသည်မှာ မှန်သော်လည်း လက်တွေ့အမေရိကန်သို့ မြန်မာကုန်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက် ၎င်းတို့ကွန်ဂရက်အတွင်း အတည်ပြုချက် ရရှိရန်လိုအပ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်တွင်မှ အမေရိကန်-မြန်မာ နှစ်ဖက်ကုန်သွယ်မှု လုပ်ငန်းများ ချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံကလည်း မြန်မာနိုင်ငံသို့ မျိုးဗီဇနည်းဖြင့် ပြုပြင်ထားသော စိုက်ပျိုးရေးထွက်ကုန် များ၊ အေးခဲအသားများ၊ ၀ိုင်နှင့်အဖျော်ယမကာများ တင်သွင်းရန် စိတ်ဝင်စားလျက်ရှိပြီး အခြားဝန်ဆောင်မှု၊ ကုန်သွယ်ရေးလုပ်ငန်း အများအပြားကိုလည်း စိတ်ဝင်စားမှုရှိကြောင်း သိရသည်။

  Eleven Media Group

No comments:

Post a Comment