Wednesday 26 December 2012

ရုရှားနှင့် အမေရိကန် နိုင်ငံ ဒုံးကျည် ကာကွယ်ရေး တပ်ဖြန့်ချထားမှုနှင့် ပတ်သက်သော ဆွေးနွေး ညှိနှိုင်းမှုများ ရပ်တန့် Shared by စကားဝါ

ဒုံးကျည် ကာကွယ်ရေးတပ်ဖြန့်ချထားမှုနှင့် ပတ်သက်၍ ရုရှားနှင့် အမေရိကန် နိုင်ငံအကြား ဆွေးနွေး ညှိနှိုင်း မှုများ ရပ်တန့်နေကြောင်း ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး Anatoly Antonov က ဒီဇင်ဘာလ
၂၄ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။
အခြေအနေသည် မတိုးသာ မဆုတ်သာသော အခြေအနေ ဖြစ်ကြောင်းနှင့် အမေရိကန် အနေဖြင့် မိမိတို့၏ စိုးရိမ် ပူပန်မှု များကို မသိကျိုးကျွန် ပြုနေကြောင်း သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်အတွင်း Antonov က သတင်းထောက် များကို ပြောကြား ခဲ့ပါသည်။ Antonov ၏အဆိုအရ အမေရိကန်နှင့် ရုရှား ကာကွယ်ရေး ဝန်ကြီးတို့သည် အာဖဂန် နစ္စတန်အရေးကိစ္စ အပါအဝင် ဒုံးကျည်ကာကွယ်ရေး တပ်ဖြန့်ချထားမှုနှင့် ပတ်သက်၍  ၂ဝ၁၃ ခုနှစ်တွင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ပါသည်။ ၂ဝ၁၄ ခုနှစ်တွင် အာဂဖန် နစ္စတန်မှ နိုင်ငံတကာ တပ်ဖွဲ့ဝင်များရုတ်သိမ်း ပြီးနောက် ဒေသတွင်း အခြေအနေမည်သို့ ဆက်လက်ဖြစ်ပေါ်လာမည်ကို ရုရှားနိုင်ငံအနေဖြင့် အလွန်အမင်းစိုးရိမ်ပူပန်မိသည်ဟု အရာရှိ တစ်ဦး က ပြော ကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment