Wednesday 26 December 2012

ကားအရောင်းပြခန်းများ ရပ်တည်ရေးခက်ခဲလာ

ကားအရောင်းပြခန်းများ ရပ်တည်ရေးခက်ခဲလာ
Wednesday, December 26, 2012

အပြိုင်အဆိုင်ပေါများပြီး အရောင်းအ၀ယ်အေးကာ အရှုံးခံရောင်းချနေရသဖြင့်
ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ကားအရောင်းပြခန်းများ ဆက်လက်
ရပ်တည်ရန် ခက်ခဲလာကြောင်း ကားလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ကားအရောင်းပြခန်း ၁၀ ခုကျော်မှ
ပြခန်းပိုင်ရှင်များအား မေးမြန်းရာတွင် အရောင်းအ၀ယ်အေးနေပြီး
နေရာအခက်အခဲနှင့် တင်သွင်းလာသည့် မော်တော်ယာဉ်များပြား
နေခြင်းတို့ကြောင့် နှစ်ကြာလာသည်နှင့်အမျှ စီးပွားကူးသန်းဝန်ကြီးဌာနသို့ စပေါ်ငွေထပ်မံပေးသွင်းရန်ပင်မလုံလောက်ခြင်းမျိုး ကြုံတွေ့ရနိုင်ကြောင်း
ပြောကြားသည်။

ပြည်ပမှ မော်တော်ယာဉ် တင်သွင်းလာမှု များပြားခြင်း၊ကားအရောင်း
ပြခန်းများ ပိုမိုဖွင့်လှစ်လာခြင်း၊ ကားအရောင်းပြခန်းများ၏ နေရာငှားရမ်းခန
နှုန်းထားကြီးမြင့်လာခြင်း၊ ရောင်းလိုအားနှင့် ၀ယ်လိုအားမမျှတခြင်းတို့ကြောင့်
ယခုကဲ့သို့ အရှုံးပေါ်လာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ ပြည်လမ်းမပေါ်တွင် ဖွင့်လှစ်ထားသည့် ကားအရောင်းပြခန်း ပိုင်ရှင်တစ်ဦးက ဆိုသည်။

“ကားအရောင်းပြခန်းတွေ ရောင်းအားက နောက်ပိုင်းပိုပိုကျလာတော့ တချို့ဆို သတင်းစာထဲမှာ ဈေးတွေလျှော့ရောင်းပြီး ကြော်ငြာတွေ ထည့်နေရတယ်” ဟု မော်တော်ယာဉ် ရောင်းဝယ်သူများအသင်းမှ ဦးမင်းဦးက ပြောသည်။

အစိုးရက ၂၀၁၃ ခုနှစ်အတွက် ထုတ်ပြန်သော ဆိပ်ကမ်းရောက်တန်ဖိုး (CIF) ပြောင်းလဲမှုကြောင့် ကားဈေးအနည်းငယ်ကျလာနိုင်သော်လည်း ၀ယ်လိုအားနည်းနေပြီး စီးပွားရေးလုပ်ငန်းများ မကောင်းသဖြင့် အရောင်းအ၀ယ်များ ပြန်ကောင်းမလာနိုင်ကြောင်း ဆာကူရာ ကားအရောင်းပြခန်း မန်နေဂျာ ဦးဇော်ဇော်အောင်က သုံးသပ်သည်။

CIF တန်ဖိုးမှာ ပြင်ဆင်သတ်မှတ်မည်ဆိုခြင်းကိုလည်း ၀ယ်သူအချို့မှ
စောင့်ကြည့်နေခြင်းသာဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် CIF တန်ဖိုးများ
ပြန်လည်ပြင်ဆင်သတ်မှတ်ပြီးပါက အရောင်းအ၀ယ် ပြန်သွက်
လာနိုင်ကြောင်း အရောင်းမန်နေဂျာတစ်ဦးက ပြောကြားသည်။

အသစ်ထုတ်ပြန်သော CIF တန်ဖိုးများတွင် အမေရိကနှင့် ဥရောပမှ တင်သွင်းလာသော ကားများအတွက် ၅၀ ရာခိုင်နှုန်းသက်သာလာပြီး
၁၃၀၀ စီစီကားများမှာမူ အပြောင်းအလဲမရှိဘဲ ပုံမှန်ကားများမှာမူ ၁၀ ရာခိုင်နှုန်းခန့် ဈေးသက်သာသွားကြောင်း Farmer Auto ကားအရောင်းပြခန်းမှအုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာစိုးထွန်းက ပြောသည်။

သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ကားတင်သွင်းခွင့်နှင့် ပတ်သက်၍ ဖြေလျှော့မှုများ လုပ်လာခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီးများပေါ်တွင် ကားအရောင်းပြခန်းများ ဖွင့်လှစ်လာခဲ့ရာ အရောင်းပြခန်း ၅၀ ကျော်ထိဖွင့်လှစ်ပြီးဖြစ်သည်။

7Day News Journalအပြိုင်အဆိုင်ပေါများပြီး အရောင်းအ၀ယ်အေးကာ အရှုံးခံရောင်း ချနေ ရသဖြင့်ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ကားအရောင်းပြခန်းများ ဆက်လက်ရပ်တည်ရန် ခက်ခဲလာကြောင်း ကားလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ကား အရောင်းပြ ခန်း ၁၀ ခုကျော်မှပြခန်းပိုင်ရှင်များအား မေးမြန်းရာတွင် အရောင်း အ၀ယ်အေးနေပြီးနေရာအခက်အခဲနှင့် တင်သွင်းလာသည့် မော်တော် ယာဉ် များပြားနေခြင်းတို့ကြောင့် နှစ်ကြာလာသည်နှင့်အမျှ စီးပွားကူးသန်းဝန်ကြီးဌာနသို့ စပေါ်ငွေ ထပ်မံပေး သွင်းရန်ပင်မလုံလောက်ခြင်းမျိုး ကြုံတွေ့ရနိုင်ကြောင်းပြောကြားသည်။

ပြည်ပမှ မော်တော်ယာဉ် တင်သွင်းလာမှု များပြားခြင်း၊ကားအရောင်းပြခန်းများ ပိုမိုဖွင့်လှစ်လာခြင်း၊ ကားအရောင်းပြခန်းများ၏ နေရာငှားရမ်းခနနှုန်းထားကြီးမြင့်လာခြင်း၊ ရောင်းလိုအားနှင့် ၀ယ်လိုအားမမျှ တခြင်း တို့ကြောင့်ယခုကဲ့သို့ အရှုံးပေါ်လာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ ပြည်လမ်းမပေါ်တွင် ဖွင့်လှစ် ထားသည့် ကားအရောင်းပြခန်း ပိုင်ရှင်တစ်ဦးက ဆိုသည်။

“ကားအရောင်းပြခန်းတွေ ရောင်းအားက နောက်ပိုင်းပိုပိုကျလာတော့ တချို့ဆို သတင်း စာထဲမှာ ဈေးတွေလျှော့ရောင်းပြီး ကြော်ငြာတွေ ထည့်နေရတယ်” ဟု မော်တော် ယာဉ် ရောင်းဝယ် သူများအသင်းမှ ဦးမင်းဦးက ပြောသည်။

အစိုးရက ၂၀၁၃ ခုနှစ်အတွက် ထုတ်ပြန်သော ဆိပ်ကမ်းရောက်တန်ဖိုး (CIF) ပြောင်းလဲမှုကြောင့် ကားဈေးအနည်းငယ်ကျလာနိုင်သော်လည်း ၀ယ်လိုအားနည်းနေပြီး စီးပွားရေးလုပ်ငန်းများ မကောင်း သဖြင့် အရောင်းအ၀ယ်များ ပြန်ကောင်းမလာနိုင်ကြောင်း ဆာကူရာ ကားအရောင်းပြခန်း မန်နေဂျာ ဦးဇော်ဇော်အောင် က သုံးသပ်သည်။

CIF တန်ဖိုးမှာ ပြင်ဆင်သတ်မှတ်မည်ဆိုခြင်းကိုလည်း ၀ယ်သူအချို့မှစောင့်ကြည့်နေခြင်းသာဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် CIF တန်ဖိုးများပြန်လည်ပြင်ဆင်သတ်မှတ်ပြီးပါက အရောင်းအ၀ယ် ပြန်သွက်လာနိုင်ကြောင်း အရောင်း မန်နေဂျာတစ်ဦးက ပြောကြားသည်။

အသစ်ထုတ်ပြန်သော CIF တန်ဖိုးများတွင် အမေရိကနှင့် ဥရောပမှ တင်သွင်းလာသော ကားများအတွက် ၅၀ ရာခိုင်နှုန်းသက်သာလာပြီး၁၃၀၀ စီစီကားများမှာမူ အပြောင်းအလဲမရှိဘဲ ပုံမှန်ကားများမှာမူ ၁၀ ရာခိုင်နှုန်းခန့် ဈေးသက်သာသွားကြောင်း Farmer Auto ကားအရောင်းပြခန်းမှအုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာစိုးထွန်းက ပြောသည်။
သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ကားတင်သွင်းခွင့်နှင့်ပတ်သက်၍ ဖြေလျှော့မှုများ လုပ်လာခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီးများပေါ်တွင် ကားအရောင်းပြခန်းများ ဖွင့်လှစ်လာခဲ့ရာ အရောင်းပြခန်း ၅၀ ကျော်ထိဖွင့်လှစ်ပြီးဖြစ်သည်။

7Day News Journal

No comments:

Post a Comment