Wednesday 26 December 2012

တရုတ် နိုင်ငံတွင် ကလေးမှောင်ခို ဂိုဏ်းတစ်ခု နှိမ်နင်း

တရုတ် နိုင်ငံမှ ရဲတပ်ဖွဲ့သည် ကလေးမှောင်ခို ကွန်ရက် တစ်ခုကို တိုက်ခိုက် နှိမ်နင်းပြီးနောက် သံသယ ရှိသူ ၃၅၅ ဦးကို ဖမ်းဆီး၍ ကလေး ၈၉ ဦးကို ကယ်တင် နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ဖူကျန့်၊ ယူနန်၊ စီချွမ်၊ အန်ဟွေးနှင့် ကွမ်တုံ အပါအဝင် ဒေသ ကိုးခုမှ ရဲအရာရှိ များသည် ကလေးမှောင်ခို ဂိုဏ်းကို ဖြိုခွင်းရန် အတွက် ပူးပေါင်း စစ်ဆင်ရေး တစ်ခုကို ဒီဇင်ဘာ ၁၈ ရက်တွင် စတင်လုပ်ဆောင် ခဲ့ကြ ကြောင်း ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန လူမှောင်ခို ဆန့်ကျင် တိုက်ဖျက်ရေး ရုံးမှ ညွှန်ကြားရေး မှူး ချန်ရှီကူ က ပြောကြား ခဲ့သည်။

လူမှောင်ခို ဂိုဏ်းမှ ကယ်တင် နိုင်ခဲ့သည့် ကလေးသူငယ် များကို ဒေသတွင်း ရှိ ပြုစု စောင့်ရှောက်ရေး ဌာန များတွင် ပြုစု စောင့်ရှောက်လျက် ရှိပြီး ၎င်း တို့၏ မိဘများကို ရဲတပ်ဖွဲ့ဝင် များက ရှာဖွေလျက် ရှိကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကလေးငယ် များ၏ DNA စစ်ဆေးချက် များကို စုဆောင်း၍ ၎င်း DNA စစ်ဆေးချက် များကို အမျိုးသား DNA စစ်ဆေးရေး ဌာန၏ ကွန်ပျူတာ အချက်အလက် များအတွင်း ထည့်သွင်း၍ ကလေးများ၏ မိဘများကို ရှာဖွေ ရာတွင် အသုံးပြုမည် ဖြစ်ကြောင်း ချန်၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာသတင်း ဌာနက ပြောကြားခဲ့ သည်။ 

ယူနန်ကဲ့သို့ ဆင်းရဲသော ပြည်နယ်များတွင် ကျန်းမာသော နို့စို့အရွယ် ယောက်ျားလေး တစ်ဦးကို  ယွမ်ငွေ ၃ဝဝဝဝ (အမေ ရိကန်ဒေါ်လာ၄၈၁ဝ)ဖြင့် ပေးဝယ်၍  ဖူကျန့်နှင့်  ဂွမ်ဒေါင်းပြည်နယ်ကဲ့သို့ ကြွယ်ဝ ချမ်းသာသော ပြည်နယ်များသို့ ယွမ်ငွေ ၇ဝဝဝဝ မှ ၉ဝဝဝဝ ဖြင့် ရောင်းချနိုင်ကြောင်း၊ လူကုန်ကူး မှုသည် အကျိုးအမြတ် များသောကြောင့် လူကုန်ကူးမှု လုပ်ငန်း ကြီးထွားလျက် ရှိသည်ဟု ဖူကျန့်ပြည်နယ် တရား ဥပဒေ စိုးမိုးရေး အဆင့်မြင့် အရာရှိ ဝမ်ဆီဇန်က ပြောကြားထားသည်။

http://www.myawady.net.mm/allnews/global/item/2805-2012-12-26-09-58-27
တရုတ် နိုင်ငံမှ ရဲတပ်ဖွဲ့သည် ကလေးမှောင်ခို ကွန်ရက်တစ်ခုကို တိုက်ခိုက် နှိမ်နင်းပြီးနောက် သံသယ ရှိသူ ၃၅၅ ဦးကို ဖမ်းဆီး၍ ကလေး ၈၉ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ဖူကျန့်၊ ယူနန်၊ စီချွမ်၊ အန်ဟွေးနှင့် ကွမ်တုံအပါအဝင် ဒေသကိုးခုမှ ရဲအရာရှိများသည် ကလေးမှောင်ခိုဂိုဏ်းကို ဖြိုခွင်းရန်အတွက် ပူးပေါင်းစစ်ဆင်ရေး တစ်ခုကို ဒီဇင်ဘာ ၁၈ ရက်တွင် စတင်လုပ်ဆောင်ခဲ့ကြ ကြောင်း ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနလူမှောင်ခို ဆန့်ကျင်တိုက်ဖျက်ရေးရုံးမှ ညွှန်ကြားရေး မှူး ချန်ရှီကူ က ပြောကြား ခဲ့သည်။

လူမှောင်ခို ဂိုဏ်းမှ ကယ်တင် နိုင်ခဲ့သည့် ကလေးသူငယ် များကို ဒေသတွင်း ရှိ ပြုစု စောင့်ရှောက်ရေး ဌာန များတွင် ပြုစု စောင့်ရှောက်လျက် ရှိပြီး ၎င်း တို့၏ မိဘများကို ရဲတပ်ဖွဲ့ဝင် များက ရှာဖွေလျက် ရှိကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကလေးငယ် များ၏ DNA စစ်ဆေးချက် များကို စုဆောင်း၍ ၎င်း DNA စစ်ဆေးချက် များကို အမျိုးသား DNA စစ်ဆေးရေး ဌာန၏ ကွန်ပျူတာ အချက်အလက် များအတွင်း ထည့်သွင်း၍ ကလေးများ၏ မိဘများကို ရှာဖွေ ရာတွင် အသုံးပြုမည် ဖြစ်ကြောင်း ချန်၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာသတင်း ဌာနက ပြောကြားခဲ့ သည်။

ယူနန်ကဲ့သို့ ဆင်းရဲသော ပြည်နယ်များတွင် ကျန်းမာသော နို့စို့အရွယ် ယောက်ျားလေး တစ်ဦးကို ယွမ်ငွေ ၃ဝဝဝဝ (အမေ ရိကန်ဒေါ်လာ၄၈၁ဝ)ဖြင့် ပေးဝယ်၍ ဖူကျန့်နှင့် ဂွမ်ဒေါင်းပြည်နယ်ကဲ့သို့ ကြွယ်ဝ ချမ်းသာသော ပြည်နယ်များသို့ ယွမ်ငွေ ၇ဝဝဝဝ မှ ၉ဝဝဝဝ ဖြင့် ရောင်းချနိုင်ကြောင်း၊ လူကုန်ကူး မှုသည် အကျိုးအမြတ် များသောကြောင့် လူကုန်ကူးမှု လုပ်ငန်း ကြီးထွားလျက် ရှိသည်ဟု ဖူကျန့်ပြည်နယ် တရား ဥပဒေ စိုးမိုးရေး အဆင့်မြင့် အရာရှိ ဝမ်ဆီဇန်က ပြောကြားထားသည်။

No comments:

Post a Comment