Friday 10 August 2012

ဒဂုံအရှေ့  မြို့ န ယ်တွင် လယ်ဧက ထောင်ချီ ရေမြုပ်

ဆင်ခြေဖုံးဒေသဖြစ်သော ဒဂုံမြို့သစ်(အရှေ့)မြို့နယ်အတွင်းရှိ ကျေးရွာများ လယ်ဧက ထောင်ချီ နစ်မြုပ်ခဲ့ကြောင်း ယင်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများထံမှ သိရသည်။ 



ဒဂုံမြို့သစ်(အရှေ့)မြို့နယ် မလစ်ကျေးရွာအုပ်စုတွင် လယ်စိုက်ဧက ၃၃၀၀ ရှိပြီး ဧက၁၅၀၀ကျော်မှာ   ရေနှစ်မြုပ်ခဲ့သည့်အတွက် စိုက်ပျိုးထားသည့်စပါးများမှာ ရသတ္တပတ် နှစ်ပတ်ကျော်နေပြီး ဖြစ်သောကြောင့် ဆုံးရှုံးသွားပြီဖြစ်ကြောင်း မလစ်ကျေးရွာ၏ ဥက္ကဌဟောင်း ဦးအောင်ကျော်စိုးက The Voice Weekly သို့ ပြောကြားသည်။

 “ နောက်တစ်ပတ်ထိ ရေမကျနိုင်သေးဘူး။ဘာကြောင့်မို့လဲဆိုတော့ ရေစီးမယ့်လမ်းကြောင်း မရှိသေးလို့ပဲ” ဟု ၄င်းက ဆိုသည်။ ယင်းမြို့နယ်အတွင်းရှိ ရှမ်းတဲကြီးကျေးရွာတွင်လည်း စိုက်ပျိုးထားသည့် လယ်ဧက ၁၆၀၀ အနက် လယ်ဧက ၈၀၀ကျော်မှာ ရေနစ်မြုပ်နေကြောင်း ယင်းကျေးရွာသားများက တူညီစွာပြောဆိုကြသည်။ “ ကျွန်တော်တို့မှာ သက်ငယ်မျိုးစပါးတွေ ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ အစိုးရဆီမှာ ချေးငွေထုတ်တာပြီး စိုက်ထားတဲ့ စပါးတွေ ရှုံးပြီ။ နောက်ထပ်ချေးငွေထောက်ပံ့ပေးဖို့လည်း လိုအပ်နေပါတယ်” ဟု လယ်ဧက ၅၀ ပိုင်ဆိုင်သော ရှမ်းတဲကြီးကျေးရွာမှ ဦးမျိုးမြင့်က ဆိုသည်။ 


ယင်းကျေးရွာတွင် စပါးစိုက်ပျိုးထားသည့် လယ်ယာမြေများ နှစ်မြုပ်သည့်အပြင် ကျေးရွာ အတွင်း   ရေနှစ်မြုပ်သည့် လူနေအိမ် ၂၀ ကျော်ကို ရွှေ့ပြောင်းခဲ့ရသည်။ အထက်ပါကဲ့သို့ ရေကြီးရေလျှံခြင်း   ဖြစ်ပွားခဲ့သည့်   အတွက် ရှမ်းတဲ့ကြီးကျေးရွာ၏ တစ်ခုတည်းသော အခြေခံ အလယ်တန်းကျောင်းကို ပိတ်ထားရသည်မှာ ၁၄ ရက်ရှိပြီဖြစ်ကြောင်း သိရသည်။ “ နှစ် ၅၀ အတွင်းမှာ ဒီနှစ် ရေကြီးတာ အဆိုးဆုံးပဲ” ဟု ဦးမျိုးမြင့် ၄င်းနေထိုင်ခဲ့သည့် သက်တမ်းနှင့် ယှဉ်၍ မှတ်ချက်ပေးသည်။

 ဒဂုံမြို့သစ်(အရှေ့)မြို့နယ်သည် နှစ်စဉ်ရေကြီးမှုဖြစ်ခဲ့သော်လည်း လွန်ခဲ့သည့် ၆နှစ်ခန့်မှ ရှမ်းတဲကြီးချောင်း အတွင်း မှော် ၊ ဒိုက်များ ပိတ်လာခြင်းနှင့် ငါးမွေးကန်များမှ ရေလွဲမြောင်များကို မြေဖို့ခြင်းများကြောင့် ငမိုးရိပ်ချောင်းအတွင်းသို့ ရေစီးဝင်နိုင်ခြင်းမရှိဘဲ ရေကြီးမှုများ ဆိုရွားလာခြင်းဖြစ်ကြောင်း ယင်းလယ်သမား တို့က တူညီစွာ ပြောဆိုကြသည်။

ref:thevoiceweekly

No comments:

Post a Comment