Friday 10 August 2012

ယနေ့ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အောက်ပါ မေးခွန်းများ ဆွေးနွေးကြမည်

ယနေ့ (သြဂုတ်လ ၁၀ ရက်) တွင် ပြုလုပ်မည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌

(၁) အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ သို့မဟုတ် ယင်းက တာဝန် ပေးအပ်သည့် ပုဂ္ဂိုလ်က အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ အပေါ် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြား ရှင်းလင်းခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

(၂) ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းခြင်းနှင့် အမျိုးသား လွှတ်တော်၏ သဘောတူညီချက် ရယူခြင်း။

အစရှိသည့် အစီအစဉ်များ ပါဝင်မည်ဟု သိရပါသည်။

No comments:

Post a Comment