Friday 10 August 2012

Pepsi ပြန်လာပြီ

ကမ္ဘာကျော်Pepsi ကုမ္ပဏီကထုတ်လုပ်တဲ့  အချိုရည်တွေကို ပြည်တွင်းအခြေစိုက် Diamond Star ကုမ္ပဏီကနေတာဝန်ယူပြီး မကြာခင်ဖြန့်ချီတော့မယ်လို့ Pepsi Cola ကုမ္ပဏီက ဒီကနေ့ကြေညာလိုက်ပါတယ်။

Pepsi Cola , 7 up နဲ့ Mirinda အချိုရည်တွေကို စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာကိုကိုကြီးပိုင်ဆိုင်တဲ့ Diamond Starကုမ္ပဏီက မြန်မာပြည်တွင်းတင်သွင်းရောင်းချခွင့် တဦးတည်းကိုယ်စားလှယ်အဖြစ်ရရှိတာဖြစ်ပါတယ်။
လက်တလောမှာတော့ Pepsi အချိုရည်တွေကို ပြည်ပကတင်သွင်းရောင်းချမှာဖြစ်ပြီး
နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာထုတ်လုပ်သွားဖို့ စဉ်းစားနေတယ်လို့  Pepsi ကုမ္ပဏီကပြောပါတယ်.

No comments:

Post a Comment