Friday 10 August 2012

မြန်မာပြည်တွင်းရှိ နေရာရွှေ့ပြောင်းနေကြရသူတွေအတွက် နေရာဒေသမရွေးကူညီပေးနိုင်ရန် ကုလ တိုက်တွန်း

မြန်မာနိုင်ငံမှာ ပြည်တွင်းနေရာရွှေ့ပြောင်းကြရသူတွေ ငါးသိန်းလောက်ရှိနေပြီး၊ လူသားချင်းစာနာရေး အကူအညီလိုအပ်မှုတွေ တိုးတက်များပြားလာနေတဲ့အတွက်၊ အစိုးရအနေနဲ့ ကူညီရေးအဖွဲ့အစည်းတွေ ကို ဒေသမရွေး သွားရောက်ကူညီခွင့်ပြုဖို့ ကုလသမဂ္ဂ က မနေ့က တိုက်တွန်းလိုက်ပါတယ်။

လက်ရှိအခြေအနေမှာ ကူညီရေးအဖွဲ့တွေဟာ ထောင်နဲ့ချီ များပြားတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေရှိရာ ကချင်ပြည်နယ် နဲ့ ရခိုင်ပြည်နယ်တွေကို သွားရောက်ခွင့်မရကြကြောင်း၊ တိုင်းပြည်တွင်းမှာ အကူအညီတွေလိုအပ်နေတဲ့ ဒေသ မှန်သမျှကို အကူအညီတွေရောက်ရှိရေးအတွက် သက်ဆိုင်သူတွေ အနေနဲ့ လူသားချင်းစာနာမှု အခြေခံ တရား တွေအပေါ် လေးစားတဲ့စိတ် ရှိဖို့ အရေးတကြီးလိုအပ်နေကြောင်း၊ အခုအချိန်ဟာ မြန်မာနိုင်ငံမှာ မကြုံစဖူး ပြောင်းလဲနေတဲ့ အခါသမယလည်းဖြစ်ကြောင်း OCHA ခေါ် လူသားချင်းစာနာမှုကိစ္စများဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေး ကုလသမဂ္ဂ ရုံး က ညွှန်ကြားရေးမှူး မစ္စတာ John Ging က လေးရက်တာ မြန်မာနိုင်ငံ ခရီးစဉ် အပြီးမှာ ပြောဆိုခဲ့ပါတယ်။

မစ္စတာ Ging ဟာ ရခိုင်ပြည်နယ်က သက်ကယ်ပြင် ဒုက္ခသည်စခန်း နဲ့ ရွှေစေတီ ဘုန်းတော်ကြီးကျောင်း ကို သွားရောက်ပြီး ရွှေ့ပြောင်း ဒုက္ခသည်တွေ၊ဘာသာရေးခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။


အခြေအနေက အထိမခံတဲ့ အနေအထားဖြစ်နေပေမဲ့  နှစ်ဘက်ခေါင်းဆောင်တွေ အနေနဲ့                             ရန်ကိုရှောင်ပြီးတရား ဥပဒေ စိုးမိုးမှု ရှိစေချင်ကြတာကို တွေ့ရတဲ့အတွက် မိမိအနေနဲ့ အားတက်မိကြောင်း၊      ဒုက္ခသည်တွေအတွက် လိုအပ်တဲ့အကူအညီတွေ ချက်ခြင်းရရှိဖို့အရေးကြီးသလို၊ တချိန်တည်းမှာ လည်း ရှေ့အနာဂတ်မှာ ဒီလို ပဋိပက္ခ မျိုးတွေ ထပ်မံ မဖြစ်ရလေအောင် တာဆီးကာကွယ်ဖို့အတွက် အရင်းခံပြဿနာတွေကို ဖြေရှင်းရမှာ ဖြစ် ကြောင်းလည်း OCHA ညွှန်ကြားရေးမှူး John Ging က ပြောသွားပါတယ်။

No comments:

Post a Comment