Friday 10 August 2012

သက်တမ်း နှစ် ၇၅၀ ကျော် Redwood Tree, California



ရုက္ခဗေဒ ပညာရှင်တွေဟာ သက်တမ်း 750 years ၀န်းကျင်ရှိပြီဖြစ်တဲ့ Redwood သစ်ပင်ရဲ့ အတ္ထုပ္ပတ္တိကို အသေးစိတ်လေ့လာမှတ်သား နေကြတာပါ..။ Redwoods သစ်ပင်တွေဟာ တစ်ချိန်မှာ ကမ္ဘာမြေရဲ့ အကြီးဆုံး(largest) နဲ့ အသက်အကြီးရင့်ဆုံး(oldest) ဇီဝရုပ်များ ဖြစ်လာနိုင်လို့ပါ..။ ပညာရှင်တွေဟာ အဲ့ဒီသစ်ပင်တွေရဲ့ ကျန်းမာရေး နဲ့ပတ်သက်ပြီး အခုလိုပဲ မကြာမကြာ စစ်ဆေးပေးရပါတယ်..။ အဓိက ကတော့ အမြစ်ကထောက်ပံ့ ပေးနေတဲ့ ရေအဟာရ ဟာသစ်ပင်ကြီးကို လုံလောက်စွာအကျိုးပြု နိုင်ပါရဲ့လား ဆိုတာရယ်.. သူတို့ရဲ့ ပုံမှန်အသက်ရှင်နိုင်တဲ့သက်တမ်းထက်ပိုပြီး အသက်ရှင်နိုင်အောင် တခြားလိုအပ်တဲ့ စစ်ဆေးမှုတွေကို မကြာမကြာပြုလုပ်ပေးရတာပါလို့ National Geographic page မှာရေးသားထား တာကို တွေ့မိပါတယ်..။ 


ဒါပေမယ့် သူ့ထက် သက်တမ်းပိုရင့်တဲ့ အပင်ရှိပါသေးတယ်။သူကတော့ " General Sherman" လို့လူသိများတဲ့
သက်ရှိထင်ရှား ရှိနေဆဲ ကမ္ဘာ့ အသက်အကြီးဆုံး သစ်ပင်ပဲဖြစ်ပါတယ်။သစ်ပင်ကြီးရဲ့ ခန့်မှန်း သက်တမ်းဟာ နှစ်ပေါင်း (2,300 – 2,700) ရှိပြီလို့ ဖော်ပြထားပါတယ်..။ ကာလီဖိုးနီးယား က အမျိုးသားဥယျာဉ် မှာတည်ရှိနေတာပါ..

လက်ရှိ ရှိနေဆဲ ကမ္ဘာ့ သက်တမ်းအရင့်ဆုံး " General Sherman"

No comments:

Post a Comment