Friday 10 August 2012

AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်) ငွေလွှဲနှုန်း ပြန်လည်တိုးမြှင့်ရ

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်သည် ပြည်တွင်း ငွေလွှဲခနှုန်းထားများကို တစ်ရာကျပ်လျှင် ၁၀ပြားနှုန်းမှ တစ်ရာကျပ်လျှင် ၁၅ပြားနှုန်းသို့ ပြန်လည်တိုးမြှင့် ကောက်ခံရတော့မည်ဖြစ်ပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြည်တွင်းငွေလွှဲခကို ၁၅ပြားကောက်ခံရန် ၉-၈-၂၀၁၂ ရက်နေ့တွင် ညွှန်ကြားလာပါတယ်။ ဘဏ်ခွဲများအကြား ဆက်သွယ်ရေးစရိတ်ကိုလည်း ၅၀၀ ကျပ် ကောက်ခံရန်ပါ ညွှန်ကြားထားပါတယ်။ (လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော မြို့များကို ၅၀ပြားအထိ ကောက်ခံရန်နှင့် ကျပ်သိန်း ၁၀၀၀ နှင့်အထက်ကို ၁၂.၅ပြားနှုန်းကောက်ခံရန်လည်း ၄င်းညွှန်ကြားချက်တွင် ပါဝင်ပါတယ်။)

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်သည် အများပြည်သူအဆင်ပြေစေရန်အတွက် ပြည်တွင်းငွေလွှဲခများကို ၁-၈-၂၀၁၂ ရက်နေ့မှ စတင်ပြီး တစ်ရာကျပ်လျှင် ၁၅ပြားမှ ၁၀ပြားသို့ လျှော့ချပေးခဲ့ပါတယ်။ မူလငွေလွှဲခငွေ၏ သုံးပုံတစ်ပုံကို လျှော့ချပေးခဲ့ခြင်းဖြစ်ပါတယ်။

၎င်းအပြင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ဘဏ်ခွဲအချင်းချင်းကြား ဆက်သွယ်ရေးစရိတ်သည် မူလကတည်းက ၄၀၀ ကျပ်သာ ကောက်ခံခဲ့ပါတယ်။

သို့သော် ယနေ့လက်ခံရရှိသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ အာရှစိမ်းလန်း မှုဖွံ့ဖြိုးရေးဘဏ်၏ ပြည်တွင်းငွေလွှဲခနှင့် ပြည်တွင်းဘဏ်အချင်းချင်း ဆက်သွယ်မှုစရိတ်များကို တိုးမြှင့်သတ်မှတ်ရတော့မည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ယခင်က ပြည်တွင်းငွေလွှဲခကို တစ်ရာကျပ်လျှင် ၅ပြားမှ ၅၀ပြားအတွင်း လွတ်လပ်စွာ သတ်မှတ်ရန် ဘဏ်များကို ညွှန်ကြားထားခဲ့ခြင်းအား ၁၅ပြားသတ်မှတ်ရမည်ဟူသော ယခုညွှန်ကြားချက်ဖြင့် ပယ်ဖျက်လိုက်ခြင်းဖြစ်ပါတယ်။

1 comment:

  1. မကောင်းဘူးဗျ အများပြည်သူအဆင်ပြေအောင် kbz နဲ့ agd ဘဏ်တို့က ငွေလွှဲခလျှော့ချပေးလိုက်တာကို ကျန်ဘဏ်တွေကဗဟိုဘဏ်ကိုတိုင်တာတောတာကတော့မလုပ်သင့်ဘူးလို့ထင်ပါတယ်။ မြ၀တီဘဏ်က ငွေလွှဲခ တစ်သိန်းနဲ့တစ်သိန်းအောက 150 နဲ့ ဆက်သွယ်ခ 400 စုစုပေါင်း 550 ကို 1000 ယူတာကျတော့ဘာမှမပြောကြတော့ဘူးလား ခံရပေါင်းလဲများလှပါပြီ။

    ReplyDelete