Friday 10 August 2012

စစ်တွေတွင် ညမထွက်ရအမိန့်ကို လျော့ချပြီ

ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် ထုတ်ပြန်ထားသော ညမထွက်ရ အမိန့်ကို တစ်နာရီလျော့ ချသတ်မှတ် လိုက်ကြောင်း သိရသည်။

ွ ရခိုင်ပြည်နယ် ပဋိပက္ခအရေးကြောင့် ညမထွက်ရ အမိန့်ကို စစ်တွေမြို့တွင် ၂၀၁၂ ခုနစ် ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ ရာ ယခုအခါ ၂ လတိုင်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ယခုအခါ စစ်တွေမြို့တွင်လည်း ည ၆ နာရီ မနက် ၆ နာရီအထိ ထုတ်ပြန်ထားသော ညမထွက်ရ အမိန့်ကို အချိန်တစ်နာရီ လျော့ချ လိုက်ပြီ ဖြစ် ကြောင်း သိရသည်။

"စစ်တွေမြို့မှာ စပီကာတွေနဲ့ မြို့ကို ပတ်ပြီး လိုက်အော်ပေးနေပါတယ် ၊ဒီနေ့ညနေ ၄ နာရီလောက် ကနေစအော်ပေးနေ တာပါ ၊ အရင်ကဆိုရင် ည ၆ မနက် ၆ မထွက်ရ အမိန့်ကို ဒီနေ့ကနေစပြီး ည ၇ နာထိထွက်လို့ ရပြီ တော့၊မနက်ဆိုရင် လည်း ၅ နာရီဆိုတာနဲ့ စထွက်လို့ရပါပြီ ၊ ကျွန်တော်တို့ကတော့ ဒီညမထွက်ရ အမိန့်ကို ဖြစ်နိုင်မယ်ဆိုရင် အမြန်ဆုံး ရုတ်သိမ်းချင်ပါတယ် ၊ ဒါပေမယ့် တစ်ဖက်က လည်း ပြန်လည် တည်ဆောက်ရေး ကို လုပ်နေတဲ့ ကာလမှာ မလိုလား အပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်စေချင်တဲ့အတွက် ဒီညမထွက်ရ အမိန့်ကို သေချာစွာ သုံးသပ်ပြီးမှ အခုလို တစ်နာရီလျော့ချလိုက်တာ ဖြစ်တယ်လို့ ထင်ပါတယ် ၊ ဘာပဲဖြစ်ဖြစ် ပြည်သူတစ်ယောက်အနေနဲ့ ဒါကိုကြိုဆိုပါတယ် "ဟု စစ်တွေမြို့ခံတစ်ဦးက ပြောကြားသည်။

စစ်တွေမြို့တွင် ၂ လကြာ ညမထွက်ရအမိန့်အရ ည ၆ နာရီမှ မနက် ၆ နာရီ ညမထွက်ရအချိန်ကို ည ရနာရီ မှ မနက် ၅ နာရီ သို့ လျော့ချလိုက်သော် လည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေ အရ ကျောက်တော်မြို့ ကိုပါ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ယခု သြဂုတ် လ ၈ ရက်နေ့က စတင် ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။

ယခုအခါ ရခိုင်ပြည်နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသော မြို့နယ် ၇ မြို့နယ် အထိ ရှိလာပြီဖြစ်သော် လည်း စစ်တွေမြို့တွင် ပထမဆုံး ညမထွက်ရအချိန်ကို စတင်လျော့ချလိုက်ခြင်း ဖြစ်ပြီး ပုံမှန် ညမထွက်ရ အမိန့်ကိုမူ မောင်တော ၊ဘူးသီးတောင် ၊ကျောက်ဖြူ ၊သံတွဲ၊ ရမ်းဗြဲ ၊ စစ်တွေ ၊ နှင့်ကျောက်တော်မြို့ တို့တွင် ယခင်အတိုင်း ထုတ်ပြန်ထားဆဲဖြစ်ကြောင်း သိရသည်။
 
ref:YPI

No comments:

Post a Comment