Friday 10 August 2012

မြို့တော်သစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအတွက် သတ်မှတ် မြေနေရာအဆင်မပြေပါက စီမံချက် ဖျက်သိမ်းမည်

မန္တလေးမြို့တော်မှ ၁၀ မိုင်ခန့် အကွာ ရှိ အင်းဝရှေးဟောင်းနယ်မြေ အနီးတွင် မြို့တော်သစ် တည်ထောင် မည်ဖြစ်သည့် အတွက် မြေနေရာ သတ်မှတ်ထားရာ အဆိုပါ မြေနေရာမှာ မူလပိုင်ရှင်များ နှင့် ညှိနှိုင်းမှု များ အဆင်မပြေပါက စီမံ ကိန်းကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အဆိုပါ စီမံကိန်းကို အဓိက တာဝန်ယူ   ဆောင်ရွက်နေသော စီဘီဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ယခုလ ၄ ရက်နေ့က ပြောသည်။


"မြို့တော်သစ်တည်ဖို့အတွက် မြေဧက နှစ်သောင်းကျော်ပါ။ အဲဒီ မြေနေရာ တွေက မူလပိုင်ရှင်တွေနဲ့   မြေနေရာဈေး နှုန်း ညှိနှိုင်းမယ်။ အများကောင်းဖို့ လုပ် တယ်ဆိုပေမယ့် တောင်သူတွေ စိတ်ချမ်း သာမှုကို ဦးစားပေးတာပါ။ စီမံချက် မြေနေရာကလည်း စိုက်ပျိုးမှု အကျိုး နည်းတဲ့နေရာတွေများတယ်။ ဈေးနှုန်း ညှိလို့ အဆင်မပြေနိုင် ရင်တော့ စီမံချက် ကို ဖျက်သိမ်းရမှာပါ"ဟု ဦးခင်မောင် အေးက ပြောသည်။

မြို့တော်သစ် သတ်မှတ်နေရာမှာ ရှေးဟောင်းအင်းဝ ယဉ်ကျေးမှုဇုန်အတွင်း တည်ရှိခြင်း မရှိကြောင်း၊ အင်းဝမြို့ အနီးတွင် ရွေးချယ် ရခြင်းမှာ တံတားဦး လေဆိပ်နှင့် နီးခြင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းဘေးတွင် တည်ရှိခြင်း၊ ဧရာဝတီမြစ်ကမ်း ဘေးတွင် တည်ရှိ ခြင်း၊ မန္တလေးမြို့နှင့် နီးကပ်ခြင်း စသည့် အားသာချက်များကြောင့် ရွေးချယ်ထား ခြင်းဖြစ်ကြောင်းသိရသည်။

မြို့တော်သစ်စီမံကိန်းတွင် လွတ်လပ်စွာ ကုန်သွယ်မှုလုပ်ငန်းလုပ်ကိုင်နိုင်သည့် ဧရိယာ၊ သိုလှောင်ထား ရှိနိုင်သည့် ဧရိယာ၊ ဧရာဝတီ မြစ်ကမ်းဘေး အပန်း ဖြေဥယျာဉ်၊ လူမှုရေးဆိုင်ရာ ရင်ပြင်၊ ရေပြင်ရှုခင်း အိမ်ရာ၊ ဟိုတယ်ဇုန်၊ စက်မှု ဇုန်၊ ကူးသန်းရောင်းဝယ်ရေး ဗဟိုဌာန၊ သိပ္ပံနှင့် ပညာရေး ဗဟိုဌာန စသည်တို့ ပါဝင်မည်ဖြစ်သည်။ အဆိုပါ ဇုန်အတွက် အသုံးပြုမည့် လျှပ်စစ်ဓာတ်အားကို ကိုယ်ပိုင်ထုတ် လုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။

မြို့တော်သစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အများပိုင်ကုမ္ပဏီဖွဲ့စည်းရန် အစုရှယ်ယာ အဆိုပြုလွှာများ ပေးအပ် ပွဲကို မန္တလေးမြို့တွင် ဩဂုတ်လ ၄ ရက်က ကျင်းပခဲ့ရာ လုပ်ငန်းရှင်များက အဆိုပြုလွှာ ၂၅၀ ကျော် တင်သွင်းခဲ့ကြ ပြီး အစုရှယ်ယာ အကျိုးအမြတ် အတွက် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း စီမံချက်ကို တာဝန်ယူ ဆောင် ရွက်နေသောသူက ပြောသည်။

အစုရှယ်ယာ တစ်စုလျှင် ငွေကျပ် တစ်သောင်းနှုန်းသတ်မှတ်ထားပြီး အစု ရှယ်ယာတစ်သိန်း၊ ကျပ်ငွေ သိန်းပေါင်းတစ်သောင်း ရင်းနှီးမြှုပ်နှံပါက ဒါရိုက် တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံနိုင် ကြောင်း သိရသည်။
"အခုတစ်ခါကတော့ အရင်တစ်ခါ ထက် ပွင့်ပွင့်လင်းလင်းရှိတယ်။ စိတ်ဝင် စားစရာလည်းကောင်းတယ်။ ငလျင်ကြော မိနေတဲ့အတွက် ကြိုတင်ပြင်ဆင် မှုတွေ ကို ဆောင်ရွက်ထားတယ်လို့လည်း သိရတယ်။ မြို့လူထုကတော့ ၁၀၀ ရာခိုင် နှုန်းတော့ မယုံကြသေးဘူး။ စီမံ ချက်ကကြီးတယ်။ လုပ်ငန်းရှင်တွေ ကလည်း တကယ်အကောင်အထည် ပေါ်လာပြီ ဆိုရင်တော့ ရှယ်ယာ ထည့် မယ့်သူတွေလည်း အများကြီးဖြစ်လာမှာ ပါ"ဟု ပွဲစားကုန်သည်စက်ပိုင်များ မဟာ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ဥက္ကဋ္ဌ ဦးသိန်းထွန်းက   မြန်မာတိုင်း(မ်) ကိုပြောသည်။

မြို့တော်သစ် တည်ဆောက်နိုင်ရေး အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း၊ ခွင့်ပြုချက်ရရှိ လာပါ က ဆယ်နှစ်အတွင်း အပြီးတည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တည်ဆောက်ရာတွင် သဘာဝပတ်ဝန်းကျင် မထိ ခိုက်စေရန် အဓိကထား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စီမံချက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"မြို့တော်သစ်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေများလာမယ်။ ပြည်ပ ရောက်နေတဲ့ သူတွေအတွက် ကိုလည်း ကိုယ်မြေမှာပဲ အလုပ် လုပ်နိုင်ကြမယ်။နယ်စပ်တွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာလူမျိုးတွေ အတွက် အခွင့်အရေး ကောင်းတွေနဲ့ အလုပ်လုပ်နိုင်ကြဖို့ ရည်ရွယ်ပြီး ဆောင်ရွက်တာပါ"ဟု ဦးခင်မောင်အေးက ပြောသည်။

အဆိုပါ စီမံကိန်းကို မန္တလေးမြို့ လုပ်ငန်းရှင်များက အလွန်ပင် စိတ်ဝင် စားကြကြောင်း၊ စီမံကိန်းစတင် အကောင်အထည် ပေါ်လာပါ က များစွာ အကျိုးရှိလာမည်ဖြစ်ပြီး စီးပွားရေးမှာ လည်း တစ်ဟုန်ထိုး တိုးတက်သွားမည် ဖြစ်ကြောင်း မျှော်လင့်လျက်ရှိကြသည်။

မြို့တော်သစ်စီမံကိန်းကြောင့် အင်းဝ မြို့ဘက်ရှိ မြေဈေးများမှာ ယခင်ပေါက် ဈေးနှုန်းထက်များစွာ ကွာဟသွားကြောင်း မန္တလေး အိမ်ခြံမြေ လုပ်ငန်းရှင်များ ကဆိုသည်။

ref:myanmartimes

No comments:

Post a Comment