Friday 10 August 2012

လျှပ်စစ်စွမ်းအားဦးစီးဌာနနှင့် ChinaThree Gorges Corporation တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

စက်မှုနိုင်ငံဖြစ်ပေါ်ရေးနှင့် စက်မှုဖွံ့ဖြိုးရေးကို ဦးတည်ရည်မှန်းဆောင် ရွက်ရာတွင် အဓိကအလိုအပ် ဆုံးဖြစ် သော လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအ
တွက် ရေတိုရေရှည် စီမံကိန်းများချမှတ်၍ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပါဝင်လာရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကိ
ု တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သကဲ့သို့ တစ်ဖက် ကလည်း မိမိနိုင်ငံနှင့်လူမျိုး၏ အကျိုးစီးပွားမထိခိုက်စေရေးနှင့်သဘာဝ ပတ်ဝန်းကျင်မထိခိုက်ရေး ရပ်တည် စောင့်ထိန်းရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက်   ရေရှည်စီမံချက်အနေဖြင့် သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ထုတ်ယူသုံးစွဲ၍ မကုန်သော   ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သည့် လေစွမ်းအင်၊ နေစွမ်းအင်၊ ဇီဝနှင့်စွန့်ပစ်ပစ္စည်း လောင်စာတို့မှ လျှပ်စစ်ဓာတ်အားရရှိနိုင်မည့် နေရာများကို ရှာဖွေကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်းဖြင့် အမှတ်(၂)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက သြဂုတ် ၈ ရက် ညနေ ၆ နာရီခွဲက နေပြည်တော် ဟိုတယ်ဇုန်ရှိ အမရာဟိုတယ်၌ ကျင်းပသော လျှပ်စစ်စွမ်းအားဦးစီးဌာနနှင့် တရုတ်နိုင်ငံ ChinaThree Gorges Corporation တို့အကြား ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်း နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပွဲ အခမ်းအနား၌ ဆွေးနွေး ပြောကြားခဲ့သည်။
 

No comments:

Post a Comment