Friday 10 August 2012

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ ကျေးရွာပေါင်း၁၃ဝကျော်ရှိ နေအိမ် များ ရေနစ်မြုပ်နေ


ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ ကျေးရွာပေါင်း၁၃ဝကျော်ရှိ နေအိမ်များ ရေနစ်မြုပ်နေကြောင်း ယင်းမြို့နယ်အတွင်း ကွင်းဆင်းလေ့လာချက် အရ သိရသည်။






''ရေမနစ်တဲ့ကျေးရွာ မရှိတော့ ပါဘူး။အိမ်တွေအ ကုန်လုံး ရေနစ်နေတာ အမြင်ပဲလေ။ တချို့ဆိုရင်မနေ ရဲတော့ဘူး။အိုးပစ်အိမ်ပြစ်ဖြစ်နေပြီ''ဟုဝေါမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဒေသခံတစ်ဦးက ဖလားဝါး နယူးစ် သို့ ပြောသည်။


ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် တွင် ကျေးရွာအုပ်စု(၅၄) ခုနှင့်ရပ်ကွက်(၆)ခုရှိကာ ကျေးရွာခွဲပေါင်း ၁၃ဝကျော် ရှိနေပြီး ရေဘေးလွတ်သည့် ကျေးရွာ မရှိသ လောက်ဖြစ်နေသည် ဟု ဒေသခံများ၏ အဆိုအရသိရသည်။

''အိမ်တွေကို ရေတက်လာလို ဦးတို့စိုက်ထားတဲ့ လယ်ဧက၃ဝလောက် ကလည်း အကုန်လုံး နစ်မြုပ်နေ ပါတယ်။ အလုပ်သမားတွေ အတွက်ရော အိမ်စား ဖို့ အတွက်ပါ ဘာမှမရှိတော့ပါဘူး။အစိုးရ ချေးငွေတွေလဲ ဆပ်ဖို့မပြောနဲ့ တွေးလို့ တောင်မရပါဘူး''ဟု ဝေါမြို့နယ်မြစ်ကျိုး ကျေးရွာမှ တောင်သူကြီးဖြစ်သူ ဦးအောင်ပုက ဖလားဝါးနယူးစ်ဂျာနယ်သို့ပြော သည်။

''ဖြစ်နေတာကတော့ လူတွေ က ဘေးလွတ်ရာမှာ နေလို့ဖြစ်သေးတယ်။ ကျွဲ၊နွားတိရိစ္ဆာန်တွေတောင် နေစရာ မရှိ ဖြစ်နေပါတယ်''ဟု အင်းတိုင်စုကျေးရွာမှ ဦးကျော်ဟန်က ပြောသည်။

ယင်းသို့ဝေါမြို့နယ်တစ်ခုလုံးနီးပါး ရေကြီးနစ်မြုပ်မှုကို ဝေါမြို့နယ်ပြည်သူများ တွေ့ကြုံနေရချိန်တွင် ဩဂုတ်လ၉ ရက်အ ထိသက်ဆိုင်ရာ တာဝန်ရှိသူအဖွဲ့အစည်းများမှ လာရောက်ဆောင်ရွက်ခြင်း မရှိသေး ကြောင်း ယင်းဒေသခံ များ၏ ပြောကြား ချက်များအရ သိရသည်။

''အားလုံးရေကြီးလို့ နေစရာတောင်မရှိတာ အကိုတို့အမြင်ပဲလေ။ အစိုးရ အဖွဲ့ကတော့ အခုချိန်ထိ မသိသလိုပဲဖြစ် နေတယ်။တချို့ဆိုရင် မြင့်တဲ့(ခြေတံရှည်) အိမ်တွေမှာ အိမ်ထောင်စု ၃၊၄စုလောက် စုပေါင်း ပြီး နေကြရတယ်'' ဟုဝေါမြို့ပေါ်ရှိဒေသခံ ကို သူရကျော်က ပြောသည်။

ယခုအခါ ဝေါမြို့နယ် အဘား ကျေးရွာရှိ အိမ်ထောင်စု(၁၈)စုနှင့် တခြား ကျေးရွာများမှ ရေဘေးသင့် အိမ်ထောင်စု (၆)ခုသည် ဝေါမြို့ပေါ်ရှိ ကျုံတူ ဘုန်း တော်ကြီးကျောင်းတွင် မှီခိုနေထိုင်လျှက်ရှိ ကြောင်း သိရသည်။

ယင်းသို့ဝေါမြို့နယ် တစ်ခုလုံးတွင် ရေကြီးမှု ဖြစ်ပေါ်ခြင်း သည် သြဂုတ် ၂ ရက်နေ့ (ဝါဆိုလပြည့်နေ့) တွင် ထူးခြားစွာ ရေတက်လာခြင်းဖြစ်သည်။ အဆိုပါရေများသည် သြဂုတ် ၉ ရက်နေ့အထိ သိသိသာသာ လျော့ကျခြင်း မရှိသေးပေ။


ref:YangonMediaGroup

No comments:

Post a Comment