Friday 10 August 2012

တိုင်ဖွန်းမုန်တိုင်း HAIKUI အကြွင်းအကျန် လေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက် တည်ရှိနေဆဲ

သြဂုတ်လ ၁၀ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် NRL data များအရ တရုတ်ပြည်မအရှေ့တောင်ဘက်ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဖြစ်သည့် တိုင်ဖွန်းမုန်တိုင်း HAIKUI ၏ မုန်တိုင်း အကြွင်းအကျန်တိမ်တိုက်သည် လေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး လွန်ခဲ့သည့် ၆ နာရီအတွင်း တောင်ဘက်သို့ တစ်နာရီ ၃ မိုင်ခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရှိရပါသည်။







MTSAT ဂြိုလ်တုမှ တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်အား သြဂုတ်လ ၁၀ ရက်၊ မြန်မာစံတော်ချိန် နံနက် ၀၉၃၀ နာရီတွင် ရိုက်ယူထားပုံ


မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်ရွေ့လျားမှုနှင့် မြန်မာနိုင်ငံပေါ်မှ တိမ်တိုက်ဖြစ်ပေါ်မှု အခြေအနေ


No comments:

Post a Comment