Friday 10 August 2012

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အကြံပေး၏ နိုင်ငံရေး လက်ထောက်နှင့် နိုင်ငံရေးပါတီ ၂၄ ခုတို့ တွေ့ဆုံ

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်၏ နိုင်ငံရေးလက်ထောက် Mrs. Maricanne Hagien နှင့် နိုင်ငံရေးပါတီ ၂၄ ခုတို့သည် သြဂုတ် ၁၀ ရက် မနက်ပိုင်းတွင် တွေ့ဆုံခဲ့ကြကြောင်း သတင်းရရှိသည်။

ထိုသို့ တွေ့ဆုံကြရာတွင် နိုင်ငံရေးပါတီများက မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ ကုလသမဂ္ဂ၏ အကူအညီပေးမှုများကို မျှတစွာရရှိရေး၊ တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို   ဆွေးနွေးတင်ပြခဲ့ကြသည်။

“UN အနေနဲ့ ပါတီတွေနဲ့ ပိုပြီးထိတွေ့ဆက်ဆံဖို့ ပြောခဲ့ပါတယ်”ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ   ဒေါ်သန်းသန်းနုက ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ နိုင်ငံခြားရေးအတွင်းရေးမှူး ကိုခိုင်ကျော်မိုးက ကုလသမဂ္ဂက ရခိုင်ပြည်နယ်၌ အကူအညီပေးရာတွင် ဒေသခံတိုင်းရင်းသားများကိုပါ အထောက်အပံ့ မျှမျှတတပေးရန် တင်ပြခဲ့ကြောင်း ပြောသည်။

“ဗမာပြည်နဲ့ နိုင်ငံရေးယဉ်ကျေးမှုဟာ အားလုံးပူးပေါင်းဆောင်ရွက်တဲ့ လမ်းကြောင်းပေါ် ရောက်နေ တယ်ဆိုတာ သူ့ကို information ပေးခဲ့တယ်”ဟု တ. စ.ည ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသိန်းထွန်း ကပြောသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော နိုင်ငံရေးပါတီများမှ အမျိုးသားဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တက်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ခေတ်သစ်ပြည်သူ့ပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းတိုးတက်ရေးပါတီ၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊ ပအိုင်းအမျိုးသား အဖွဲ့ချုပ်၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီတို့ ဖြစ်ကြသည်။
ref:7daynews

No comments:

Post a Comment