Friday 10 August 2012

ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး အပြောင်းအလဲ လုပ်ည့်သတင်း မမှန်ဟု ရှင်းလင်း

ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းဟာ မနက် ၉ နာရီခွဲမှာ ယဉ်ကျေးမှု ၀န်ကြီးဌာနရုံးမှာပြုလုပ်တဲ့ ၀ါဆိုသင်္ကန်းဆက်ကပ်ပွဲကို တက်ရောက်လှူဒါန်းမှုပြုလုပ်ပြီး
အဲဒီက ပြန်လာတော့ နေ့လည် ၁၂ နာရီခွဲကနေ ၁နာရီခွဲ အထိ ပြန်ကြားရေးဝန်ကြီးဌာန Call ခန်းမှာ မြောက်ကိုရီးနိုင်ငံ သံအမတ်ကြီးနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံ ယဉ်ကျေးမှုနဲ့ မီဒီယာ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေး မှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲ ပြီးပြီးချင်း ပြည်ထောင်စုဝန်ကြီးဟာ ၀န်ကြီးအားလုံးတက်ရောက်ရတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ (ကတ်ဘိနက်) အစည်းအဝေးကို နေ့လည် ၂ နာရီမှာ တက်ရောက်ခဲ့ပြီး ညနေ ၄ နာရီမှာ အစည်းအဝေးပြီးလို့ ရုံးကို ပြန်လာ၍ ရုံးလုပ်ငန်းတွေကို လုပ်ဆောင်ပါတယ်။ အခု ဒီဖြေရှင်းချက်ကို ရေးနေတဲ့ အချိန်အထိ ကျွန်တော် တို့ရဲ့ ပြည်ထောင်စုဝန်ကြီးဟာ ရုံးမှာ ရှိနေပါသေးတယ်။

ဒါကြောင့် Freedom News Group ၀က်ဘ်ဆိုက်ကနေ တင်တဲ့ သတင်းနဲ့ အခု Facebook မှာ ပြန့်နှံ့နေတဲ့ ဒီနေ့ နေ့လည် ၂ နာရီမှာ သမ္မတကြီးက ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းကို ခေါ်တွေ့ပြီး နှုတ်ထွက်ရန် ဖျောင်းဖြတယ်ဆိုတဲ့ သတင်းဟာ သတင်းမှားကြီး ဖြစ်ပြီး လက်ရှိ နိုင်ငံရေး အခြေအနေတွေနဲ့ အစိုးရအဖွဲ့ အတွင်းမှာ ထင်ယောင်ထင်မှားတွေ ဖြစ်အောင် လုပ်ကြံဖန်တီးတဲ့ သတင်းသာ ဖြစ်ကြောင်း ရှင်းလင်း တင်ပြလိုက်ရပါတယ်။

ဦးမြင့်ကျော်
ဒုတိယညွှန်ကြားရေးမှူး
ref:သွေးသစ္စာ FB

No comments:

Post a Comment