Friday 10 August 2012

မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီ ဖွဲ့စည်းခြင်း

၉-၈-၂၀၁၂ ရက်နေ့၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ (အမှတ်၊ ၆၁/၂၀၁၂) နဲ့
မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီ ဖွဲ့စည်းပေးလိုက်ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားပါတယ်။

အဓိကတာဝန်များတွင် "စာနယ်ဇင်းကောင်စီဥပဒေကြမ်း" ရေးဆွဲပြီး နိုင်ငံတော်သမ္မတရုံးသို့ တင်သွင်းဖို့ ပါပါတယ်။ (စာနယ်ဇင်းသမားများ ကိုယ်တိုင် ရေးဆွဲရမယ့် ဥပဒေကြမ်း ဖြစ်ပါတယ်။)

အမြုတေ ဆိုတဲ့အတိုင်း ဥပဒေအရ ရွေးချယ်တင်မြောက်တဲ့ စာနယ်ဇင်း ကောင်စီ   ပေါ်ထွက်လာရင်(စာနယ်ဇင်းသမားများကိုယ်တိုင် ရေးဆွဲအတည်ပြုထားသော ယင်းဥပဒေပါ ကောင်စီတင်မြှောက်ရေး နည်းလမ်းများအတိုင်း ကောင်စီဖြစ်ပေါ်လာရင်) ယခု အမြုတေကောင်စီက လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။

ဆိုလိုရင်းက လက်ရှိကာလမှာ ဒီကောင်စီဖွဲ့စည်းခြင်းအပေါ် အငြင်းပွားဖွယ်ရာ များ ရှိနိုင်မည် ဖြစ်သော်လည်း စာနယ်ဇင်းသမားများ ကိုယ်တိုင်ရေးဆွဲပြဌာန်းတဲ့ ဥပဒေ ထွက်ပေါ်လာရေး၊ စာနယ်ဇင်းကိုယ်တိုင်   ရေးဆွဲထားသော ဥပဒေအရ ရွေးချယ်တင်မြှောက်သော ကောင်စီထွက်ပေါ်လာရေးက အဓိက   ဖြစ်ပါကြောင်း ။

No comments:

Post a Comment