Friday 10 August 2012

၁၀ လကျော်အတွင်း ပြည်ပမှ ကားအစီးရေခြောက်သောင်းကျော် ဆိပ်ကမ်းအရောက် တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံဖိုး တင်သွင်းထား


ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းရေးစီမံကိန်း စတင်သော ၂၀၁၁ စက်တင်ဘာ ၁၉ရက်မှ၂၀၁၂ဇူလိုင် ၂၇ရက်အထိ ၁၀လကျော်အတွင်း ကားအစီးရေ စုစုပေါင်း ၆၃၉၄၂စီး တင်သွင်းပြီးဖြစ်ကာ စုစုပေါင်း ဆိပ်ကမ်းအရောက်တန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ၁ ဒသမ ၆ ဘီလီယံရှိခဲ့သည်။

 ၂၀၁၂ ဇူလိုင်၂၇ ရက်အထိစာရင်းများအရ လူစီးယာဉ်၆၀၀၄၂စီး၊  ဘတ်စ်ကား၁၀၅၈ စီး၊ ကုန်တင်ယာဉ် ၂၈၂၂စီး စုစုပေါင်း ၆၃၉၄၂စီးအား တင်သွင်း ပြီးဖြစ်ကြောင်း    အကောက်ခွန်ဦးစီးဌာနမှ တရားဝင်ထုတ်ပြန် ထားသည်။ နိုင်ငံသားမှတ်ပုံတင်ကိုင် ဆောင်ထားသူတိုင်း ကားတင်သွင်းခွင့်ရှိသော်လည်း   အများစုမှာ ကားအရောင်းစင်တာနှင့်  ကားပွဲစားတန်းမှ   ယာဉ်များကိုသာ အဓိကထားဝယ်ယူလျက် ရှိကြောင်းကား လုပ်ငန်းရှင်များကပြောသည်။

    ''တချို့က ကိုယ်ဝယ်သွင်းတဲ့ ကားကို စောင့်ရတာကြာလို့ ကား အရောင်းစင်တာတွေမှာပဲဝယ်ကြ တယ်"ဟု တာမွေမြို့နယ်မှ ကား အရောင်းစင်တာတစ်ခုရှိ မန်နေ ဂျာတစ်ဦးကဆိုသည်။

    ထို့အပြင် မိမိတင်သွင်းလာ သည့်ယာဉ်နှင့်ပတ်သက်၍ တာ ၀န်ယူမှုအပိုင်းနှင့် စက်ကိရိယာ ချို့ယွင်းမှုဖြစ်ပွားပါက မိမိအစီအစဉ်ဖြင့်သာ  ပြန်လည်ပြုပြင်နေရခြင်း၊ ဆိပ်ကမ်းတွင် မော်တော် ယာဉ်ပြန်လည်ထုတ်ယူရာ၌ အချိန်ပေးရခြင်း စသည်တို့ကြောင့် စီးမည့်သူက တိုက်ရိုက်ဝယ်ယူတင်သွင်းမှု
နည်းပါးနေခြင်းလည်းဖြစ်ကြောင်း ကားတင်သွင်းသူလုပ်ငန်းရှင်တစ်ဦးကဆိုသည်။ မော်တော်ယာဉ် တင်သွင်းခွင့်လျှောက်ထားရာတွင် နေပြည်တော်  စီးပွားကူးသန်းဝန်ကြီးဌာနသို့ လျှောက်ထားရာ၌  
စာရွက်စာတမ်းလိုအပ်ပါက ရန်ကုန်သို့ ပြန်လည်ရယူ၍တင်ပြရသောကြောင့် အချိန်နစ်နာမှုများရှိကြောင်း FarmerAuto ကားအရောင်းစင်တာမှ ဒါရိုက်တာ ဒေါက်တာ ထွန်းဝင်းကပြောသည်။

သို့သော် ဇူလိုင် ၃၀ ရက်မှစတင်၍ ကားတင်သွင်းခွင့်လိုင်စင်များကို ရန်ကုန်တွင် စတင်လျှောက်
ထားနိုင်ပြီဖြစ်ပြီး လျှောက်ထားသူဦးရေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း  စီးပွားကူးသန်း ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်သိန်းကပြောသည်။    ရန်ကုန်ရုံးတွင် ကားလိုင်စင် လာရောက်လျှောက်ထား သူမှာသြဂုတ် ၂ရက်အထိ ၉၆ ဦးရှိသည်။ထိုသို့လျှောက်ထားရာတွင် တစ်ဦး
လျှင် တစ်ကြိမ်သာ လျှောက်ထားခွင့်ရှိပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန လိုင်စင်ကြေးကျပ်ငါးသောင်းနှင့် အွန်လိုင်းကြေး ကျပ်လေးထောင်ကုန်ကျမည်ဖြစ်သည်။

    ''သင်္ဘောသားတွေ၊ ပြည်ပရောက်နေသူတွေအနေနဲ့ နေပြည် တော်ရုံးမှာလျှောက်လို့ရတယ်။ ရန်ကုန်မှာတော့မရဘူး"ဟု စီးပွား ကူးသန်းဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်သိန်း ကပြော သည်။ အစိုးရသစ်လက်ထက်၌ ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းရေး အစီအစဉ်နှင့် ကားဝယ်ရန်လုံလောက်သော   ဒေါ်လာရှိသူတိုင်း ကားသွင်းခွင့်ပြုခဲ့ပြီးနောက် ကားဈေးကွက်အတွင်း၌ အကြီးအကျယ် ပြောင်းလဲခဲ့ပြီး ကားဈေးနှုန်းများ ပြုတ်ကျခဲ့သည်။ ပြည်တွင်း ကား ထုတ်လုပ်ငန်းရှင် အချို့မှာလည်း ကားတင်သွင်းသူများ အဖြစ်သို့ပြောင်းလဲလုပ်ကိုင်လာကြသူများရှိသည်။

    ဂျပန်နှင့် နိုင်ငံစုံမှ မော်ဒယ်မြင့်ကားများစွာ ၀င်ရောက်လာ၍ ကားဈေးကွက်တွင် ကားရောင်းဝယ်သူများ၏ အခေါ်အဝေါ်များပင် ပြောင်းလဲလာကြောင်း ကားပွဲစားတစ်ဦးက ပြောသည်။
''အရင်အမြင့်ကားအမျိုးအစားထဲက ခေါ်တဲ့ကားကို အခု အနိမ့်ကားလို့ ပြောင်းခေါ်လာကြပြီ"ဟု ၎င်းင်းကပင်ပြောသည်။    ''ဥပမာ-အရင် ရွှေငါးတို့၊ ဆာ့ဖ်တို့၊ စက်ရုပ်တို့ကို အနိမ့်ကား လို့ပြောင်းပြီး   ခေါ်လာကြတယ်"ဟု၎င်းင်းကပြောသည်။

 ထို့အပြင် တင်သွင်းလာသမျှ ကားအများစုမှာ ယခုနောက်ပိုင်းတွင် ၂၀၀၇ မော်ဒယ်အထက် ဂျပန်လေ လံကား အများစု ပါဝင်လာ ခဲ့ပြီး ဥရောပမှ ကားအချို့လည်း ပါဝင်လာကြောင်း ကား ၀ယ်ရောင်းတစ်ဦး ကပြောသည်။

ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းရေးအစီအစဉ်ဖြင့် ယခုနှစ်ဇူလိုင် ၃၁ရက်အထိ ၁၀ လအတွင်း  ယာဉ်မှတ် ပုံတင်သော (မူသေ)နံပါတ်အစီးရေ ၄၈၄၂၉ စီး  ထုတ်ပေးခဲ့ပြီး ၆ဃ/အက္ခရာဖြင့် ပေးသော
အစီးရေ ၈၈၉၀ စီးရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးကပြော သည်။

    ''ပုံမှန်ဆို တစ်နေ့ကို မှတ်ပုံတင်စာအုပ် ၂၅၀၊ ၃၀၀ လောက် ထုတ်ပေးနေတယ်။ ပိတ်ရက်တွေမှာလည်း တိုင်းရုံးက အရာရှိ ၁၀ ဦးနဲ့အတူ နဂိုအကြွေးတင်ထုတ်ပေးဖို့ကျန်တဲ့ဟာတွေကို အမြန်ဆုံး ပြီးအောင် ဆောင်ရွက်ပေးနေတယ်။ တော်တော်များများတော့ ပြီးနေပါပြီဒဒဟု ၎င်းင်းက ယာဉ်မှတ် ပုံတင်ထုတ်ပေးနေသောအခြေအ နေကိုပြောသည်။ ထို့အပြင် မြန်မာတစ်နိုင်ငံလုံးရှိ ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး အစီးရေသြဂုတ် ၁ ရက်အထိ ၆၁၃၀၈ စီးရှိပြီး သွင်းကုန်ပါမစ်ထုတ်ပေးခဲ့သော  အစီးရေ   ၅၆၂၄၇ စီးရှိပြီဖြစ်ကာ ကားသွင်းခွင့်လိုင်စင်ယူပြီးအစီးရေ ၄၈၇၉၉ စီးရှိကြောင်း နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ သတင်းရရှိသည်။

ref:7daynews

No comments:

Post a Comment