Friday 10 August 2012

တစ်ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကုလနှင့် ကမ္ဘာ့ဘဏ်တို့ ဆန်းစစ်မည်

ကုလသမ္မဂ္ဂနှင့် ကမ္ဘာ့ဘဏ်တို့မှာ ကြာသပတေး နေ့က နှစ်ဖက် အဖွဲ့အစည်းများ အကြား စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ၊ ကျန်းမာရေးနှင့်ပညာရေး အစရှိသည့် အချက်များ ပါဝင်သည့်  တစ်ကမ္ဘာလုံး ဆိုင်ရာ
စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ပိုမို နီးကပ်စွာ ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကုလသမ္မဂ္ဂ ဌာနချုပ်တွင် ကြာသပတေး နေ့က ပြောကြား သွားခဲ့သည်။


ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌသစ် ကင်ဂျင်ရန်းနှင့် ကုလသမ္မဂ္ဂ အထွေထွေ အတွင်းရေးမှုး ဖြစ်သူ ဘန်ကီမွန်းတို့မှာ ယခုလို ပထမဆုံး တွေ့ဆုံခြင်း ဖြစ်ပြီး  ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး နှင့် ဆိုင်သော ကိစ္စရပ်များ တွင် အတူတကွ အလွန် နီးကပ်စွာ ပူးပေါင်း လုပ်ဆောင်သွားရန် လှိုက်လှိုက်လှဲလှဲ သဘောတူညီခဲ့ကြခြင်း   ဖြစ်သည်။ မိမိတို့ အနေဖြင့် ရွှေ့ပြောင်း အရင်းအမြစ်များနှင့် ရွှေ့ပြောင်း နိုင်ငံရေး စိတ်ဆန္ဒများကို သတိပြုမိမှု ရှိစေရန်နှင့် အဖွဲ့ဝင် နိုင်ငံများ အကြားတွင် ထောင်စုနှစ် ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိစေ ရန် အတွက် ကူညီသွားမည် ဖြစ်ကြောင်း ဘန်ကီမွန်းမှ ပြောကြား သွားခဲ့သည်။

ယင်းနေ့က ဆွေးနွေးပွဲ အတွင်း ကမ္ဘာ့ ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်း ဘန်ကီမွန်းမှ ဆွေးနွေး သွားခဲ့ကာ  အမျိုးသမီးနှင့် ကလေး သူငယ်များ အကြား ကာကွယ်နိုင်သည့် ရောဂါများ ဖြစ်လျက်နှင့်   သေဆုံးနေရမှုကို ကာကွယ် တားဆီးနိုင်ရန်လည်း ကြိုးစားသွားမည် ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။

No comments:

Post a Comment