Friday 10 August 2012

အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အမေရိကန်အသင်း ရွှေတံဆိပ်ဆွတ်ခူး

အမေရိကန် အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းသည် အိုလံပစ် ဗိုလ်လုပွဲတွင် ဂျပန်အသင်းကို အနိုင်ယူပြီး ရွှေတံဆိပ်ကို ဆွတ်ခူး ရယူသွားခဲ့သည်။ ယခုပြိုင်ပွဲတွင် ရွှေတံဆိပ် ရခဲ့ခြင်းကြောင့် အမေရိကန် အမျိုးသမီး အသင်းသည် အိုလံပစ် ရွှေတံဆိပ်ကို (၃)နှစ်ဆက် ရယူနိုင်ခြင်းအဖြစ်လည်း မှတ်တမ်း ဝင်သွားခဲ့သည်။ (၂၀၀၈)ခုနှစ်က သူရဲကောင်း ဖြစ်ခဲ့သည့် ကာလီလွိုက်ဒ်သည် ယခုဗိုလ်လုပွဲတွင်လည်း အထူးခြေစွမ်းပြ ကစားကာ အမိနိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုကို ရယူနိုင်ခဲ့သည်။




ကွင်းလယ်လူ လွိုက်သည် အမေရိကန်အတွက် (၂)ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့ပြီးနောက် ဂျပန်၏ ရွှေတံဆိပ် အိပ်မက်ကို ဖျက်ဆီးပစ်ခဲ့သည်။ ယူကီ အိုဂီမီသည် ယခုပွဲတွင် ဂျပန်အတွက် တစ်ဂိုးသွင်းယူသော်လည်း နိုင်ပွဲအတွက် လုံလောက်သည့် အာမခံချက် ဖြစ်မလာခဲ့ချေ။ သူမသည်လည်း ချေပဂိုး ထပ်မံသွင်းယူရန် အခွင့်အလမ်း အများအပြား ရရှိခဲ့သေးသော်လည်း တိုင်ထိထွက်ခဲ့သလို အမေရိကန် ဂိုးသမား ဟုပ်ဆိုလို ကာကွယ်သွားခဲ့သည်။

အမေရိကန်သည် အိုလံပစ်တွင် (၅)ကြိမ်ဆက် ဗိုလ်လုပွဲ တက်ခဲ့ပြီး (၁)ကြိမ်သာ အရေးနိမ့်ခဲ့သည်။ ထို့အပြင် နောက်ဆုံး (၃)ကြိမ်ဆက်လည်း ဗိုလ်စွဲထားရာ အိုလံပစ် အမျိုးသမီး ဘောလုံးပွဲများတွင် အမေရိကန် အနေဖြင့် တစ်ဖက်သတ် လွှမ်းမိုးထားခြင်းဟုလည်း သတင်းများက ဖော်ပြသွားသည်။ 

ref:planet 

No comments:

Post a Comment