Friday 10 August 2012

မြန်မာပြည်မှာ ကားဝပ်ရှော့ဖွင့်မယ့် ထိုင်းကုမ္ပဏီ

ထိုင်းနိုင်ငံရောက် ဥရောပကားတွေကို အထူးပြုပြင်တဲ့ SMRT က မြန်မာပြည်မှာလည်းဒီနှစ်ကုန်ပိုင်းမှာ ၀ပ်ရှော့လာဖွင့်တော့မယ်လို့ သိရပြီး ဒေါ်လာ တသန်း ရင်းနှီးမြှုပ်နှံမယ်လို့ ခန့်မှန်းထားပါတယ်။
  ကားပြင်တာချည်းပဲ မဟုတ်ပ ကားအလှဆင်တာလည်း ပါဝင်မယ် လို့ ဆိုပါတယ်။ ရန်ကုန်မှာ  ဆောက်မယ့်  ၀ပ်ရှော့က တရက်ကို ကားစီးရေ ၃၀ ၀န်ဆောင်မှု ပေးနိုင်မှာဖြစ်ပြီး ထိုင်းဝပ်ရှော့ဆရာ ၄ ယောက်ကို  တာဝန်ပေးမှာဖြစ်ကြောင်းသိရသည်။
SMRT အနေဖြင့် ဥရောပကားတွေကိုပဲ အထူးပြုပြင်တယ် ဆိုပေမယ့် ချွင်းချက်အနေနဲ့ ဂျပန်ကားဆိုရင် Toyota အမျိုးအစား ကားတွေကိုလည်း ဆားဗစ်ပေးတယ်လို့ သိရပါသည်ရန်ကုန်မှာ ကားသွင်းတဲ့သူတွေနဲ့ ချိတ်ပြီး မော်တော်ယာဉ်ပြင်ဆင်မွမ်းမံတာလည်း လုပ်မယ်လို့ ဆိုတယ်။

မြန်မာပြည်မှာ ပရော်ဖက်ရှင်နယ်ဝပ်ရှော့တွေ မရှိသေးဘူး၊ လမ်းဘေးဝပ်ရှော့တွေပဲ ရှိတယ်လို့ သတင်းအဆုံးမှာ ရေးထားပါတယ်။ဒီလို မြန်မာပြည်ကိုသွားမယ့်ခြေလှမ်းဟာ သူတို့ရဲ့ ပထမဆုံး ပြည်ပရင်းနှီးမြှုပ်နှံမှု ဖြစ်လာမှာပါ။

AEC လို့ ခေါ်တဲ့ လာမယ့် ၂၀၁၅ အာဆီယံဘုံဈေးကွက်အတွက် ကြိုတင်ပြင်ဆင်တာပါ လို့ SMRT ရဲ့ မိခင်ကုမ္ပဏီ TSL က ဆိုပါတယ်။TSL က ကမ္ဘာတလွှား ဇိမ်ခံကားတွေကို ထိုင်းနိုင်ငံထဲတင်သွင်းတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

မြန်မာပြည်ထဲကိုဝင်တဲ့ ထိုင်းမော်တော်ယာဉ်ဆိုင်ရာကုမ္ပဏီတွေထဲမှာ TSL ဟာ ပထမဆုံး ဖြစ်လာမှာပါ။

"သိပ်မကြာခင်မှာ မြန်မာပြည်ထဲကို ရင်းနှီးမြှုပ်နှံတာတွေ သွားကြလိမ့်မယ်လို့ ယူဆရတယ်။ ယဉ်ကျေးမှုချင်းလည်း ကျမတို့နဲ့ မြန်မာတွေနဲ့ တူကြတယ်။ အိမ်နီးချင်းဖြစ်တဲ့ ကျမတို့က တခြားနိုင်ငံတွေထက်စာရင် မြန်မာဖောက်သည်တွေကို ပိုပြီး နားလည်ပါတယ်" လို့ TSL အရာရှိ ဆူရီဖွန် အူဒုံဖွန်ဝမ်းနစ်က ဆိုပါတယ်။
 

No comments:

Post a Comment