Wednesday 14 January 2015

SNLD ပါတီ လွှတ်တော်တွင်းမှ ဖွဲ့စည်းပုံပြင်နိုင်ရန် ကြိုးစားမည်

Photo: SNLD ပါတီ လွှတ်တော်တွင်းမှ ဖွဲ့စည်းပုံပြင်နိုင်ရန် ကြိုးစားမည်
Wednesday, January 14, 2015 

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီသည် လွှတ်တော် အတွင်းမှနေ၍ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း သျှမ်းပြည်အရှေ့ပိုင်း ရုံးခွဲများဖွင့်ပွဲ ခရီးစဉ်၌ ဒေသတွင်း လူထုနှင့်တွေ့ဆုံစဉ် ပါတီ အထွေထွေ အတွင်းရေးမှူးက ပြောဆိုခဲ့သည်ဟု ဆိုပါသည်။

“SNLD ကတော့ ပင်လုံစာချုပ်အတိုင်း လုပ်ဆောင်မယ်။ ပါတီ ရဲ့အဓိက ရည်ရွယ်ချက် ၃ ရပ်က ငြိမ်းချမ်းရေး အကောင်အထည် ဖော်နိုင်အောင် ကြိုးစားမယ်။ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့ အားလုံးကို တပြည်လုံး အပစ်အခတ်ရပ်စဲရေးမှာ လက်မှတ်ထိုးအောင် ကြိုးစားမယ်။ လွှတ်တော် ထဲကနေပြီး ဖွဲ့စည်းပုံပြင်နိုင်အောင် ကြိုးစားမယ်။ SNLD ဟာ ၈ ပြည်နယ်မူကို လက်ခံတယ်။ စစ်မှန် တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်အောင် ကြိုးစားမယ်” ဟု စိုင်းညွန့်လွင်က ပြောဆိုခဲ့ သည်။

ဂျန္နဝါရီလဆန်းပိုင်းကတည်းက ဥက္ကဌကြီးခွန်ထွန်းဦး ဦးဆောင်သည့် သျှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်မှ ဒုဥက္ကဌ စိုင်းစောအောင်၊ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်နှင့် ဗဟိုကော်မတီ ဝင်များသည် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်၊ မိုင်းဆတ်၊ နားကောင်းမူး၊ မိုင်းတုံ၊ ပုံပါကျင်၊ ထိုမှ တဆင့် တာချီလိတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ မိုင်းလား၊ ဆီလူး၊ မိုင်းယန်းတို့တွင် ရုံးခွဲများ ဖွင့်လှစ်ကာ ဒေသခံလူထုနှင့်တွေ့ဆုံခဲ့သည်။

ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ၆၃ မိုင်ခန့်အကွာရှိ မိုင်းယန်းမြို့နယ်ခွဲ ရုံးခွဲဖွင့်ပွဲသို့ NDAA- ESS မိုင်းလားတပ်ဖွဲ့မှ ဒု ဥက္ကဌ ခွန်ဆန်လူ ကိုယ်တိုင်တက်ရောက်ပြီး မိုင်းယန်းဒေသခံလူထုတို့ကလည်း ကြိုဆိုထောက်ခံအားပေးကြသည်ဟု ခရီးစဉ်တွင် လိုက်ပါသူ တာချီလိတ်လူငယ်တဦးက သျှမ်းသံ တော်ဆင့်အား ပြောပြသည်။

“နိုင်ငံရေးစိတ်ပါဝင်စားသူတွေဆိုရင် ဒီအချိန်ဟာ အရေးကြီးဆုံးအချိန်ဖြစ်တယ်ဆိုတာ ကောင်း ကောင်း သိပါတယ်။ ပထမအချက်က ပါတီမူဝါဒနဲ့ ရည်ရွယ်ချက်က အရေးကြီးတယ်လေ။ နောက် တခုက လာမယ့်ရွေးကောက်ပွဲမှာ သျှမ်းပါတီ ၂ ခု ရှိနေရင် သူများပါတီတွေက ဝင်စားသွားလိမ့် မယ်။ ဒါကြောင့် အထက်လူကြီးတွေ မပေါင်းနိုင်သေးရင်လည်း ကျနော်တို့ လူငယ်တွေက အရင် ပေါင်းကြမယ်လေ။ ဒါကြောင့် SNLD ရဲ့ အခုခရီးစဉ်မှာ သျှမ်းအရှေ့ကလူတွေက ကြိုဆိုကြတယ်။ ထောက်ခံအားပေးကြတယ်။ SNLD ထဲကို ပါတီပြောင်းတာတွေရှိတယ်” ဟု အဆိုပါလူငယ်က ဆက်လက်ပြောပြသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ရွေးကောက်ပွဲဝင်ရန်အတွက် သျှမ်းပြည် တဝှမ်း၌ စည်းရုံးရေးဆင်းလျှက်ရှိရာ ရုံးခွဲများပါ ဖွင့်လှစ်ခဲ့သည်။

သျှမ်းပြည်တွင်း ရုံးခွဲပေါင်း ၄၀ ကျော်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်းနှင့် မန္တလေးတိုင်းအတွင်း အနည်းငယ်သာ ဖွင့်လှစ်ရန် ကျန်တော့ကြောင်း၊ ယခု ၁ လ ၂ လ အတွင်း အပြီးဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ပါတီဝင်လူငယ်များက ပြောဆိုပါသည်။

သျှမ်းသံတော်ဆင့် 

ဓါတ်ပုံ - SNLD သျှမ်းအရှေ့ရုံးဖွင့်ပွဲနှင့် စည်းရုံးရေးခရီး
ဂျန္နဝါရီလ ၁၃ ရက် ၂၀၁၅
ဓါတ်ပုံ - SNLD သျှမ်းအရှေ့ရုံးဖွင့်ပွဲနှင့် စည်းရုံးရေးခရီး ဇန်နဝါရီလ ၁၃ ရက် ၂၀၁၅
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီသည် လွှတ်တော် အတွင်းမှနေ၍ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သျှမ်းပြည်အရှေ့ပိုင်း ရုံးခွဲများဖွင့်ပွဲ ခရီးစဉ်၌ဒေသတွင်း လူထုနှင့်တွေ့ဆုံစဉ် ပါတီ အထွေထွေ အတွင်းရေးမှူးက ပြောဆိုခဲ့သည်ဟု ဆိုပါသည်။

“SNLD ကတော့ ပင်လုံစာချုပ်အတိုင်း လုပ်ဆောင်မယ်။ ပါတီရဲ့အဓိကရည်ရွယ်ချက် ၃ ရပ်က ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်အောင် ကြိုးစားမယ်။ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့ အားလုံးကို တပြည်လုံး အပစ်အခတ်ရပ်စဲရေးမှာ လက်မှတ်ထိုးအောင် ကြိုးစားမယ်။ လွှတ်တော် ထဲကနေပြီး ဖွဲ့စည်းပုံ ပြင် နိုင်အောင် ကြိုးစားမယ်။ SNLD ဟာ ၈ ပြည်နယ်မူကို လက်ခံတယ်။ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်အောင် ကြိုးစားမယ်” ဟု စိုင်းညွန့်လွင်က ပြောဆိုခဲ့ သည်။

ဂျန္နဝါရီလဆန်းပိုင်းကတည်းက ဥက္ကဌကြီးခွန်ထွန်းဦး ဦးဆောင်သည့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒုဥက္ကဌ စိုင်းစောအောင်၊ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်နှင့် ဗဟိုကော်မတီဝင် များသည် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်၊ မိုင်းဆတ်၊ နားကောင်းမူး၊ မိုင်းတုံ၊ ပုံပါကျင်၊ ထိုမှတဆင့် တာချီလိတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ မိုင်းလား၊ ဆီလူး၊ မိုင်းယန်းတို့တွင် ရုံးခွဲများ ဖွင့်လှစ်ကာ ဒေသခံလူထုနှင့်တွေ့ဆုံခဲ့သည်။

ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ၆၃ မိုင်ခန့်အကွာရှိ မိုင်းယန်းမြို့နယ်ခွဲ ရုံးခွဲဖွင့်ပွဲသို့ NDAA- ESS မိုင်းလား တပ်ဖွဲ့မှ ဒု ဥက္ကဌ ခွန်ဆန်လူ ကိုယ်တိုင်တက်ရောက်ပြီး မိုင်းယန်းဒေသခံလူထုတို့ကလည်း ကြိုဆိုထောက်ခံအားပေးကြသည်ဟု ခရီးစဉ်တွင် လိုက်ပါသူ တာချီလိတ်လူငယ်တဦးက သျှမ်းသံ တော်ဆင့်အား ပြောပြသည်။

“နိုင်ငံရေးစိတ်ပါဝင်စားသူတွေဆိုရင် ဒီအချိန်ဟာ အရေးကြီးဆုံးအချိန်ဖြစ်တယ်ဆိုတာ ကောင်း ကောင်း သိပါတယ်။ ပထမအချက်က ပါတီမူဝါဒနဲ့ ရည်ရွယ်ချက်က အရေးကြီးတယ်လေ။ နောက် တခုက လာမယ့် ရွေးကောက်ပွဲမှာ သျှမ်းပါတီ ၂ ခု ရှိနေရင် သူများပါတီတွေက ဝင်စားသွားလိမ့် မယ်။ ဒါကြောင့် အထက် လူကြီးတွေ မပေါင်းနိုင်သေးရင်လည်း ကျနော်တို့ လူငယ်တွေက အရင် ပေါင်းကြမယ်လေ။ ဒါကြောင့် SNLD ရဲ့ အခုခရီးစဉ်မှာ သျှမ်းအရှေ့ကလူတွေက ကြိုဆိုကြတယ်။ ထောက်ခံအားပေးကြတယ်။ SNLD ထဲကို ပါတီပြောင်းတာတွေရှိတယ်” ဟု အဆိုပါလူငယ်က ဆက်လက်ပြောပြသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ရွေးကောက်ပွဲဝင်ရန်အတွက် သျှမ်းပြည် တဝှမ်း၌ စည်းရုံးရေးဆင်းလျှက်ရှိရာ ရုံးခွဲများပါ ဖွင့်လှစ်ခဲ့သည်။

သျှမ်းပြည်တွင်း ရုံးခွဲပေါင်း ၄၀ ကျော်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်းနှင့် မန္တလေး တိုင်းအတွင်း အနည်းငယ်သာ ဖွင့်လှစ်ရန် ကျန်တော့ကြောင်း၊ ယခု ၁ လ ၂ လ အတွင်း အပြီးဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ပါတီဝင်လူငယ်များက ပြောဆိုပါသည်။

သျှမ်းသံတော်ဆင့် 

No comments:

Post a Comment