Wednesday 14 January 2015

တရားမဝင်သစ် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုများကို မြန်မာ-ဥရောပ သမဂ္ဂ ပူးပေါင်းတိုက်ဖျက်သွားမည်

Photo: တရားမဝင်သစ် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုများကို မြန်မာ-ဥရောပ သမဂ္ဂ ပူးပေါင်းတိုက်ဖျက်သွားမည်
Wednesday, January 14, 2015

မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ (အီးယူ) တို့ ပူးပေါင်းကာ တရားမ၀င် သစ်ထုတ်လုပ်နေမှုများကို တိုက်ဖျက် သွားမည်ဖြစ်ပြီး တရားဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ကုန်သွယ်မှုကို မြှင့်တင်သွားမည်ဟု ဇန်န၀ါ ရီ ၁၃ ရက်တွင် မြန်မာ-ဥရောပ သမဂ္ဂတို့က သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ပူးတွဲသတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တရားဝင်နှင့် တရားမဝင် သစ်ထုတ်လုပ်မှု များပြားလျက်ရှိနေရာ မြန်မာ့သစ်တောများ ရေရှည်တည်တန့်ရန် အခက်အခဲ ရှိနေပြီး သစ်ခိုးထုတ်မှုများကိုလည်း ထိရောက်စွာ ဟန့်တားနိုင်ရန် လိုအပ်နေပြီ ဖြစ်သည်။

ဥရောပသမဂ္ဂနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတို့သည် မြန်မာနိုင်ငံ၏ သစ်တောကဏ္ဍ စီမံအုပ်ချုပ်ရေး အတွက် အထောက်အကူ ပြုနိုင်ရန် ဥရောပသမဂ္ဂ၏ သစ်တောဥပဒေ၊ အုပ်ချုပ် မှု၊ ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းစီမံချက် (FLEGT Action Plan) တွင် မြန်မာ ပါဝင်ဆောင်ရွက်ရေးအတွက် ၂၀၁၄ ခုနှစ် အောက်တိုဘာလ၌ ဆွေးနွေးခဲ့ပြီး ဖြစ်သည်။

FLEGT Action Plan သည် ဥရောပသမဂ္ဂနှင့် သစ်တင်ပို့သည့် နိုင်ငံများအကြား တရားမဝင် သစ်ကုန်သွယ်မှု တိုက်ဖျက်နိုင်ရေးအတွက် ဆန္ဒအလျောက် မိတ်ဖက်အဖြစ် ဆောင်ရွက်ရန် သဘောတူညီချက်များ (VPAs) လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားရခြင်း ဖြစ်သည်။

VPAs လုပ်ငန်းစဉ် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် သစ်ထုတ်လုပ်သည့်နိုင်ငံမှ တရားဝင်သစ်များကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့ရန် လိုင်စင်ထုတ်ပေးခြင်း ပါဝင်သည်။

ဥရောပသမဂ္ဂနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် Joint FLEGT VPA Preparatory Phase လုပ်ငန်းစီမံချက်ကို ပူးပေါင်းဆောင်ရွက်သော နည်းလမ်းဖြင့် အသေးစိတ် ရေးဆွဲနိုင်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲကို ဇန်န၀ါရီ ၁၉-၂၀ ရက်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

VPA သည် တရားမ၀င် သစ်ထုတ်လုပ်နေမှုကို တိုက်ဖျက်ရန် ဥရောပသမဂ္ဂက ရေးဆွဲဆောင်ရွက်နေ သည့် မဟာဗျူဟာ အစီအစဉ်၏ အဓိကအစိတ်အပိုင်းဖြစ်ပြီးVPA သည် သစ်ထုတ်လုပ်နေသည့် နိုင်ငံမှ ဥရောပသို့ တင်ပို့သည့်သစ်များသည် တရားဝင်သစ်များဖြစ်ကြောင်း အာမခံချက်ရှိရမည် ဖြစ်သည်။

နှစ်ဦးနှစ်ဖက်စလုံးမှVPA လက်မှတ်ရေးထိုးပြီးပါက သစ်တင်ပို့သည့်နိုင်ငံသည် တရားဝင်သစ်ဖြစ်ကြောင်း စစ်ဆေး အတည်ပြုနိုင်သည့် စနစ်များ ဖော်ထုတ်ဆောင်ရွက်ရမည်ဖြစ်ပြီး ဥရောပသမဂ္ဂသည်လည်း တရား ဝင်လိုင်စင် (FLEGT Liscense) ဖြင့် တင်ပို့သော သစ်များကိုသာ လက်ခံရမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ သစ်တောများသည် မြေယာချဲ့ထွင်မှုနှင့် တရားမ၀င် သစ်ထုတ်လုပ်မှုများကြောင့် သစ်တော အတန်းအစား နိမ့်ကျလာနေပြီး သစ်တောများကို ရေရှည် တည်တံ့စွာ စီမံအုပ်ချုပ်နိုင်ရေးနှင့် ထိန်းသိမ်းကာကွယ်နိုင်ရေးတို့သည် စိန်ခေါ်မှု တစ်ရပ်အဖြစ် ရင်ဆိုင်နေရသည်။

Mizzima - News in Burmese 

ပဲခူးတိုင်း၊ ပဲခူးရိုးမတစ်နေရာတွင် တစ်နိုင်တစ်ပိုင် သစ်ထုတ်လုပ်စခန်းတစ်ခု အတွင်းရှိ လုပ်ငန်းခွင်တစ်ခုကို ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
ပဲခူးတိုင်း၊ ပဲခူးရိုးမတစ်နေရာတွင် တစ်နိုင်တစ်ပိုင် သစ်ထုတ်လုပ်စခန်းတစ်ခုအတွင်းရှိ လုပ်ငန်းခွင်တစ်ခုကို ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ (အီးယူ) တို့ ပူးပေါင်းကာ တရားမ၀င် သစ်ထုတ်လုပ်နေမှုများကို တိုက်ဖျက် သွားမည်ဖြစ်ပြီး တရားဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ကုန်သွယ်မှုကို မြှင့်တင်သွားမည်ဟု ဇန်န၀ါ ရီ ၁၃ ရက်တွင် မြန်မာ-ဥရောပ သမဂ္ဂတို့က သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ပူးတွဲသတင်း ထုတ်ပြန်ခဲ့သည်။

 မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တရားဝင်နှင့် တရားမဝင် သစ်ထုတ်လုပ်မှု များပြားလျက်ရှိနေရာ မြန်မာ့သစ်တောများ ရေရှည်တည်တန့်ရန် အခက်အခဲရှိနေပြီး သစ်ခိုးထုတ်မှုများကိုလည်း ထိရောက်စွာ ဟန့်တားနိုင်ရန် လိုအပ်နေပြီ ဖြစ်သည်။

ဥရောပသမဂ္ဂနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတို့သည် မြန်မာနိုင်ငံ၏ သစ်တောကဏ္ဍ စီမံအုပ်ချုပ်ရေး အတွက် အထောက်အကူ ပြုနိုင်ရန် ဥရောပသမဂ္ဂ၏ သစ်တောဥပဒေ၊ အုပ်ချုပ်မှု၊ ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းစီမံချက် (FLEGT Action Plan) တွင် မြန်မာ ပါဝင်ဆောင်ရွက်ရေး အတွက် ၂၀၁၄ ခုနှစ် အောက်တိုဘာလ၌ ဆွေးနွေးခဲ့ပြီး ဖြစ်သည်။

FLEGT Action Plan သည် ဥရောပသမဂ္ဂနှင့် သစ်တင်ပို့သည့် နိုင်ငံများအကြား တရားမဝင် သစ်ကုန် သွယ်မှု တိုက်ဖျက်နိုင်ရေးအတွက် ဆန္ဒအလျောက် မိတ်ဖက်အဖြစ် ဆောင်ရွက်ရန် သဘောတူညီချက်များ (VPAs) လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားရခြင်း ဖြစ်သည်။

VPAs လုပ်ငန်းစဉ် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် သစ်ထုတ်လုပ်သည့်နိုင်ငံမှ တရားဝင် သစ်များကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့ရန် လိုင်စင်ထုတ်ပေးခြင်း ပါဝင်သည်။

ဥရောပသမဂ္ဂနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် Joint FLEGT VPA Preparatory Phase လုပ်ငန်းစီမံချက်ကို ပူးပေါင်းဆောင်ရွက်သော နည်းလမ်းဖြင့် အသေးစိတ် ရေးဆွဲနိုင်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲကို ဇန်န၀ါရီ ၁၉-၂၀ ရက်တွင် ကျင်းပပြုလုပ် သွားမည် ဖြစ်သည်။

VPA သည် တရားမ၀င် သစ်ထုတ်လုပ်နေမှုကို တိုက်ဖျက်ရန် ဥရောပသမဂ္ဂက ရေးဆွဲဆောင်ရွက်နေ သည့် မဟာဗျူဟာ အစီအစဉ်၏ အဓိကအစိတ်အပိုင်းဖြစ်ပြီးVPA သည် သစ်ထုတ်လုပ်နေသည့် နိုင်ငံမှ ဥရောပသို့ တင်ပို့သည့်သစ်များသည် တရားဝင်သစ်များဖြစ်ကြောင်း အာမခံချက်ရှိရမည် ဖြစ်သည်။

နှစ်ဦးနှစ်ဖက်စလုံးမှVPA လက်မှတ်ရေးထိုးပြီးပါက သစ်တင်ပို့သည့်နိုင်ငံသည် တရားဝင်သစ်ဖြစ်ကြောင်း စစ်ဆေး အတည်ပြုနိုင်သည့် စနစ်များ ဖော်ထုတ်ဆောင်ရွက်ရမည်ဖြစ်ပြီး ဥရောပသမဂ္ဂသည်လည်း တရား ဝင်လိုင်စင် (FLEGT Liscense) ဖြင့် တင်ပို့သော သစ်များကိုသာ လက်ခံရမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ သစ်တောများသည် မြေယာချဲ့ထွင်မှုနှင့် တရားမ၀င် သစ်ထုတ်လုပ်မှုများကြောင့် သစ်တော အတန်းအစား နိမ့်ကျလာနေပြီး သစ်တောများကို ရေရှည်တည်တံ့စွာ စီမံအုပ်ချုပ်နိုင်ရေးနှင့် ထိန်းသိမ်း ကာကွယ်နိုင်ရေးတို့သည် စိန်ခေါ်မှု တစ်ရပ်အဖြစ် ရင်ဆိုင်နေရသည်။

Mizzima - News in Burmese 

No comments:

Post a Comment