Wednesday 14 January 2015

တိုင်တန်းနစ်သေရွာပြန်၏စာကို အမေရိကန်တွင် လေလံပစ်ရောင်းချမည်

Photo: တိုင်တန်းနစ်သေရွာပြန်၏စာကို အမေရိကန်တွင် လေလံပစ်ရောင်းချမည်
Wednesday, January 14, 2015

တိုင်တန်းနစ်(Titanic) ဇိမ်ခံ သင်္ဘောကြီးသည် ၁၉၁၂ ခုနှစ်၌နစ် မြုပ်ခဲ့သည်။ ထိုသင်္ဘောနစ်မြုပ်ရာ တွင် လူအများအပြားသေ ဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ အနည်းငယ် သာရှိသည်။

ထိုရှားပါးအသက်ရှင် သူများတွင် ဗြိတိသျှမင်းမျိုးစိုးနွယ် တစ်ဦးလည်း ပါဝင်သည်။ ထိုသူက ဒေါသတကြီးဖြင့် စာတစ်စောင်ရေး ခဲ့သည်။

ထိုစာကို အမေရိကန်ပြည် ထောင်စုတွင် နောက်လာမည့် သီတင်းပတ်၌ လေလံပစ်ရောင်းချမည် ဟု သိရသည်။

စာကိုဒေါသဖြင့်ရေးခဲ့သည့် မင်း မျိုးစိုးနွယ်မှာ လေဒီလူစီဒပ်ဖ်-ဂေါ် ဒွန်ဖြစ်သည်။ သူမသည် တိုင်တန်း နစ်သင်္ဘောကြီး နစ်မြုပ်သောအခါ အသက်ကယ်လှေဖြင့် ထွက်ပြေးခဲ့ သည်။

ထို့ကြောင့် ဗြိတိန်လူထုက လူစီကို ဒေါသထွက်ကြသည်။ လေ ဒီလူစီဒပ်ဖ်ဂေါ်ဒွန်သည် သင်္ဘော ကြီးနစ်ပြီးနောက် တစ်လအ ကြာ၌ လန်ဒန်တွင် စာမျက်နှာ နှစ်မျက်နှာ ပါစာတစ်စောင်ရေးသားခဲ့သည်။

''စာနာထောက်ထားကြင်နာ သနားတယ်လို့ ကျွန်မဆီကိုနယူး ယောက်ကနေ ကြေးနန်းစာပေးပို့ လိုက်တာရှင်သိပ်ကြင်နာ တတ်တာ ပဲ''ဟု ဖက်ရှင်ဒီဇိုင်နာလူစီဒပ်ဖ်-ဂေါ် ဒွန်က အမေရိကန်ပြည်ထောင်စုရှိ မိတ်ဆွေတစ်ဦးထံသို့ စာရေးပေးပို့ ခဲ့သည်။

''သေရွာကပြန်လာတဲ့ ကျွန်မတို့ကို အင်္ဂလန်က ပြုမူဆက်ဆံပုံအရက တော့ ကျွန်မတို့ကိုကယ်တင်ခဲ့တာ မှာ မှန်မှန်ကန် ကန်ဆောင်ရွက်ခဲ့ တယ်ဆိုတဲ့ပုံ လုံးဝ၊ လုံးဝမပေါ်ဘူး။ ဘယ်လောက်သိက္ခာကျထားလဲ''ဟူ ၍လည်း လူစီကထိုစာတွင်ရေးထား သည်။

နယူးအင်္ဂလန်မှ လေလံပစ်သူ မှာ RR Auction ဖြစ်သည်။ ယင်း သည် တိုင်တန်းနစ်အမှတ်တရပစ္စည်းများကို လေလံ ပစ်လေ့ရှိသည်။

ထို စာကို ဘော့စတွန်တွင် လေလံပစ် မည်ဖြစ်ရာ အမေရိကန်ဒေါ်လာ ၆၀၀၀ အထိ ရနိုင်သည်ဟု RR Auction က ဆိုသည်။

Ref : AFP
Democracytoday
တိုင်တန်းနစ်(Titanic) ဇိမ်ခံ သင်္ဘောကြီးသည် ၁၉၁၂ ခုနှစ်၌နစ် မြုပ်ခဲ့သည်။ ထိုသင်္ဘောနစ်မြုပ်ရာတွင် လူအများအပြားသေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ အနည်းငယ် သာရှိသည်။

ထိုရှားပါးအသက်ရှင် သူများတွင် ဗြိတိသျှမင်းမျိုးစိုးနွယ် တစ်ဦးလည်း ပါဝင်သည်။ ထိုသူက ဒေါသတကြီး ဖြင့် စာတစ်စောင်ရေး ခဲ့သည်။

ထိုစာကို အမေရိကန်ပြည် ထောင်စုတွင် နောက်လာမည့် သီတင်းပတ်၌ လေလံပစ်ရောင်းချမည် ဟု သိရသည်။

စာကိုဒေါသဖြင့်ရေးခဲ့သည့် မင်း မျိုးစိုးနွယ်မှာ လေဒီလူစီဒပ်ဖ်-ဂေါ် ဒွန်ဖြစ်သည်။ သူမသည် တိုင်တန်း နစ်သင်္ဘောကြီး နစ်မြုပ်သောအခါ အသက်ကယ်လှေဖြင့် ထွက်ပြေးခဲ့ သည်။

ထို့ကြောင့် ဗြိတိန်လူထုက လူစီကို ဒေါသထွက်ကြသည်။ လေ ဒီလူစီဒပ်ဖ်ဂေါ်ဒွန်သည် သင်္ဘော ကြီးနစ်ပြီး နောက် တစ်လအ ကြာ၌ လန်ဒန်တွင် စာမျက်နှာ နှစ်မျက်နှာ ပါစာတစ်စောင်ရေးသားခဲ့သည်။

''စာနာထောက်ထားကြင်နာ သနားတယ်လို့ ကျွန်မဆီကိုနယူး ယောက်ကနေ ကြေးနန်းစာပေးပို့ လိုက်တာ ရှင်သိပ်ကြင်နာ တတ်တာ ပဲ''ဟု ဖက်ရှင်ဒီဇိုင်နာလူစီဒပ်ဖ်-ဂေါ် ဒွန်က အမေရိကန်ပြည်ထောင်စုရှိ မိတ်ဆွေ တစ်ဦးထံသို့ စာရေးပေးပို့ ခဲ့သည်။

''သေရွာကပြန်လာတဲ့ ကျွန်မတို့ကို အင်္ဂလန်က ပြုမူဆက်ဆံပုံအရကတော့ ကျွန်မတို့ကိုကယ်တင်ခဲ့တာမှာ မှန်မှန်ကန် ကန်ဆောင်ရွက်ခဲ့ တယ်ဆိုတဲ့ပုံ လုံးဝ၊ လုံးဝမပေါ်ဘူး။ ဘယ်လောက်သိက္ခာကျထားလဲ''ဟူ ၍ လည်း လူစီကထိုစာတွင်ရေးထား သည်။

နယူးအင်္ဂလန်မှ လေလံပစ်သူ မှာ RR Auction ဖြစ်သည်။ ယင်း သည် တိုင်တန်းနစ်အမှတ်တရ ပစ္စည်း များကို လေလံ ပစ်လေ့ရှိသည်။

ထို စာကို ဘော့စတွန်တွင် လေလံပစ် မည်ဖြစ်ရာ အမေရိကန်ဒေါ်လာ ၆၀၀၀ အထိ ရနိုင်သည်ဟု RR Auction က ဆိုသည်။

Ref : AFP
Democracytoday‬

No comments:

Post a Comment