Wednesday 14 January 2015

လမ်းဘေး ကျူးကျော်ဆိုင်များ တစ်ပတ် အတွင်း ဖယ်ရှားမည်

မုံရွာမြို့ရှိ ယာဉ်သွား ယာဉ်လာ ရှုပ်ထွေးမှု အများဆုံး ဖြစ်သည့် ဗိုလ်ချုပ် ကြေးရုပ်နှင့် ဘူတာသို့ ဆက် သွယ် ထားသည့် ဘူတာရုံ လမ်းမကြီး ပေါ်ရှိ ကျူးကျော် ဈေးဆိုင်ခန်း များအား တစ်ပတ် အတွင်း ဖယ်ရှား ရှင်းလင်း သွားမည် ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာ ထံမှ သိရသည်။

ယင်းသို့ ဖယ်ရှားနိုင်ရန်အတွက် ဘူတာရုံလမ်းမကြီးပေါ်ရှိ ကျူးကျော် ဆိုင်ခန်းများအား လမ်းမကြီး နယ်နိမိတ် အတွင်း ဈေးရောင်း ချခြင်းများ မပြုလုပ်ရန် အတွက် ယမန်နှစ်မှ စတင်ကာ တရားဝင် စာထုတ်ထား ခဲ့ပြီး၊ ယခု တစ်ပတ် အတွင်း လမ်းဘေး ကျူးကျော် ဆိုင်ခန်း များအား ရှင်းလင်း သွားမည် ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာ ဌာနထံမှ သိရသည်။

မနှစ် ကတည်းက တရားဝင် စာထုတ်ထား ပါတယ်။ လမ်းကြောက ရှုပ်ထွေး နေတယ်။ ယာဉ်သွား ယာဉ်လာလည်း များတော့ လမ်းက ပိုပြီးကျဉ်း သွားတယ်။ ဈေးဆိုင်တွေ ကလည်း လမ်းမကြီး ပေါ်ကို တက်ပြီး ရောင်းချ တာ့ ပိုဆိုသွား တာပေါ့။ စည်ပင် ဥပဒေ အတိုင်း လုပ်ဆောင် သွားမယ်။ ဒီတစ်ပတ် အတွင်း အပြီး လုပ်ဆောင်သွား ပါ့မယ် ဟု မုံရွာမြို့နယ် စည်ပင်ဌာနမှ အင်ဂျင်နီယာမှူး ဦးသင်းအောင်က The Messenger Media သို့ ပြောသည်။

အဆိုပါ ဘူတာရုံ လမ်းမကြီးသည် ဗိုလ်ချုပ် ကြေးရုပ်မှ ဘူတာရုံ အထိ ဆက်သွယ် ထားသည့် လမ်းမကြီး တစ်ခု ဖြစ်ပြီး၊ ယင်းလမ်းမ ကြီး ပေါ်တွင် ဈေးဆိုင် တချို့မှ ကျူးကျော်ကာ ဆိုင်ခန်း ခင်းကျင်းခြင်းမျိုး ပြုလုပ်ထား သဖြင့် ယာဉ်သွား ယာဉ်လာ ကျပ်တည်းမှုများ မကြာ ခဏ ဖြစ်ပေါ် နေကြောင်းကို သိရသည်။

The Messenger News Journal 

No comments:

Post a Comment