Wednesday 14 January 2015

ရင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း(၅၀၀) ကျော်ကြောင့် ပြည်သူ သုံးသိန်း နီးပါး အလုပ်အကိုင်ရရှိ

မြန်မာနိုင်ငံတွင်  ဦးသိန်းစိန်  အစိုးရ တာဝန်ယူချိန် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်ကုန်ထိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းပေါင်း (၅၂၇) ခုမှ ပြည်သူ (၂၉၅၀၃၂) ဦးအား အလုပ်အကိုင်များ ဖန်တီးပေးနိုင် ခဲ့ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနမှ သတင်း ရရှိသည်။

ဌာန အနေ နဲ့လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တင်ပြတဲ့ အခါ လုပ်သား အခြေပြု လုပ်ငန်းတွေကို အဓိကထားပြီး ခွင့်ပြုပေးနေ တဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေး နိုင်တာ ဖြစ်တယ် ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြော သည်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု များကြောင့် အလုပ်အကိုင် အခွင့်အလမ်း အများဆုံး ဖန်တီး ပေးသည့် လုပ်ငန်း များမှာ အထည်ချုပ် လုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ စက်မှု လုပ်ငန်း စသည်တို့ ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၁၁ ခုနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၄၇) ခုကြောင့် အလုပ်အကိုင် အခွင့်အလမ်း (၁၆၄၅၃) ခု၊ ၂၀၁၂ ခုနှစ်တွင် လုပ်ငန်း (၁၅၉) ခုကြောင့် အလုပ်အကိုင် (၈၂၁၉၆)ခု၊ ၂၀၁၃ ခုနှစ်တွင် လုပ်ငန်း(၁၉၁) ခုကြောင့် အလုပ်အကိုင် (၁၀၆၃၈၃) ခုနှင့် ၂၀၁၄ ခုနှစ်တွင် လုပ်ငန်း(၁၃၀) ကျော်ကြောင့် အလုပ်အကိုင် (၉၀၀၀၀)ကျော် ဖန်တီးပေးနိုင် ခဲ့ကြောင်း သိရသည်။

အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေး နေတယ် ဆိုပေမယ့် ဘွဲ့ တစ်ခုမှ မရတဲ့သူ ဆိုရင် ဘယ်လိုမှ အဆင်မပြေဘူး၊ ဘွဲ့ ရရင်လည်း Certificate တွေပုံနေမှ ကြိုက်ကြတာ။ တကယ်တမ်းကျ အလုပ်အကိုင် ရဖို့က မလွယ်ဘူး ဟု CB ဘဏ် ငွေခန်းတွင် အလုပ်လုပ်ကိုင်သူ မယမင်းသူက ဆိုသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများအပြား ၀င်ရောက်သည့် နိုင်ငံများမှာ တရုတ်နှင့် စင်ကာပူ နိုင်ငံ တို့မှ အများဆုံး လာရောက် ကြပြီး၊ အမေရိကန် နှင့် လာအိုမှာမှု အနည်းဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ် ထားကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မှ သိရသည်။

The Messenger News Journal 

No comments:

Post a Comment