Wednesday 14 January 2015

KIA ဖမ်းဆီခံ အလင်းဝင်ရောက်လာသူ တစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ်

Photo: KIA ဖမ်းဆီခံ အလင်းဝင်ရောက်လာသူ တစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ်
Wednesday, January 14, 2015 

ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဆင်တိုးကျေးရွာမှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်ဟာ ၂၀၁၁ ခုနှစ် နိုဝင်ဘာ လထဲမှာ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကို အလုပ် လုပ်ဖို့ ရောက်ခဲ့ပါတယ်။ အလုပ် လိုက်ရှာတာ မလွယ်လှပါဘူး။ ရွာကထွက်လာကတည်းက မရရတဲ့ အလုပ်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာကြောင့် ရွှေမှော် တစ်ခုမှာ အလုပ်ရခဲ့ပါ တယ်။ 

မြစ်ကြီးနားမြို့နယ်၊ တီယန်ဇွပ်ကျေးရွာ အရှေ့ဘက်ကမ်းက ရွှေမှော်မှာ ကျင်းလုပ်သားအဖြစ် ကျွန်တော်လုပ်ကိုင်ခဲ့ ပါတယ်။ ကျွန်တော်နဲ့ အတူ အနယ်နယ်အရပ်ရပ်ကနေလာပြီး အလုပ်လုပ်တဲ့ ဘ၀တူ ကျင်းလုပ်သားတွေလည်း အများ ကြီးပါပဲ။ အဲဒီလို လုပ်ကိုင်နေစဉ် ၂၀၁၂ ခုနှစ် မတ်လထဲမှာ ကျွန်တော့်ဘ၀ ကံဆိုးမိုးမှောင်ကျခဲ့ပါတော့တယ်။
ရွှေမှော်ထဲကို KIA အဖွဲ့တွေ ရောက်လာပါတယ်။ ကျွန်တော်နဲ့အတူ ကျင်းလုပ်သားအယောက် ၃၀ လောက် အဖမ်းခံခဲ့ ရတယ်။ ကျွန်တော်တို့ကို အင်ဂွန်းလကို ခေါ်သွားပြီး အေပြီလကနေ ဇွန်လအထိ စစ်သင်တန်းတက်ခိုင်းပါတယ်။ သင်တန်းသားကတော့ ၁၀၀ လောက်ရှိပါတယ်။ အဖမ်းခံရတဲ့လူတွေဆိုတော့ စစ်သင်တန်း ဘယ်တက်ချင်ပါ့မလဲ။ အချို့ကထွက်ပြေးကြတယ်။ ပြန်ဖမ်းမိတော့ အများရှေ့မှာ စံနမူနာပြသတ်ပစ်တယ်။ အချို့ကတော့ စစ်သင်တန်းဒဏ် မခံနိုင်လို့ ဖျားနာပြီး သေသွားကြတယ်။

သင်တန်းဆင်းပြီးတော့ ကျွန်တော်နဲ့အတူ ၈ ယောက်ကို တပ်ရင်း (၄) မှာ တာဝန်ထမ်းဆောင်ခိုင်းပါတယ်။ ၂၀၁၂ ခုနှစ် ဇူလိုင်လမှာတော့ ရင်း (၄) ကနေ ချီဖွေမြို့နယ်၊ လောခေါင်စခန်းကို ပြောင်းရတယ်။ ၂၀၁၃ ခုနှစ် အေပြီလမှာ အဲဒီစခန်းနဲ့ ၂ မိုင်ခန့်အကွာက ပါဝါကုန်းမှာလည်း တာဝန်ထမ်းဆောင်ရတယ်။ အတည်တကျမရှိပါဘူးဗျာ။ အဲဒီလိုပဲ လျှောက်သွားနေရတာ။ စခန်းတွေလည်း စုံနေတာပဲ။ ဇွန်လရောက်တော့ ဂျပန်ကုန်းစခန်းရောက်သွားပြန်ရော။ ၂၀၁၄ ခုနှစ် မတ်လရောက်တော့ ဂျပန်ကုန်းစခန်းကနေ ရင်း (၄) ဌာနချုပ်ကို ပြန်ရောက်ပါတယ်။

ကြာလာတော့ မနေချင်တော့ဘူး။ ကိုယ့်ဘ၀အတွက် တစ်သက်လုံး ဒီ အတိုင်းနေ လို့ မဖြစ်ဘူးဆိုပြီး အလင်းဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ ၁၆ မိုင်စခန်းမှာ သွားရောက်တာဝန်ထမ်းဆောင်ချိန် အခွင့်သာ တာနဲ့ တပ်မတော်ရှေ့တန်းစခန်းတစ်ခုမှာ အလင်းဝင်ခဲ့ တာ ဖြစ်ပါ တယ်။ ကျွန်တော့်ဘ၀အတွက် မမေ့နိုင်တဲ့ အဖြစ်ဆိုးကြီးပါ ဗျာ။ KIA ဖမ်းဆီးလို့ လူမသိ သူမသိ သေသွားတဲ့ လူတွေလည်း အများကြီးပါပဲ။ ကျွန်တော် ဇာတိရွာကိုပဲ ပြန်ပါတော့ မယ်။

နောက်ဆုံးပြောချင်တာက KIA အဖွဲ့ရဲ့ လူသစ်စုဆောင်းမှုတွေ ကို ဖော် ထုတ်ပေးကြ ပါ။ ယနေ့အချိန်ထိ ဖမ်းဆီးခံထားရ တဲ့ လူတွေ လွတ်မြောက်အောင် ကယ်တင်ပေးကြပါလို့ပဲ ပြောချင်ပါတယ်။ KIA ကြောင့် ဘ၀ပျက်ခဲ့ ရသူတွေအတွက် တရားမျှတမှု ယူပေးကြပါလို့ တောင်း ဆိုချင်ပါတယ်ခင်ဗျာ။

လှိုင်ဝင်းထွန်း
Credit >>> Kachin Daily News
ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဆင်တိုးကျေးရွာမှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်ဟာ ၂၀၁၁ ခုနှစ် နိုဝင်ဘာ လထဲမှာ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကို အလုပ် လုပ်ဖို့ ရောက်ခဲ့ပါတယ်။ အလုပ် လိုက်ရှာတာ မလွယ်လှပါဘူး။ ရွာကထွက်လာကတည်းက မရရတဲ့ အလုပ်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာကြောင့် ရွှေမှော် တစ်ခုမှာ အလုပ်ရခဲ့ပါ တယ်။ 

မြစ်ကြီးနားမြို့နယ်၊ တီယန်ဇွပ်ကျေးရွာ အရှေ့ဘက်ကမ်းက ရွှေမှော်မှာ ကျင်းလုပ်သားအဖြစ် ကျွန်တော်လုပ်ကိုင်ခဲ့ ပါတယ်။ ကျွန်တော်နဲ့ အတူ အနယ်နယ်အရပ်ရပ်ကနေလာပြီး အလုပ်လုပ်တဲ့ ဘ၀တူ ကျင်းလုပ်သားတွေလည်း အများ ကြီးပါပဲ။ အဲဒီလို လုပ်ကိုင်နေစဉ် ၂၀၁၂ ခုနှစ် မတ်လထဲမှာ ကျွန်တော့်ဘ၀ ကံဆိုးမိုးမှောင်ကျခဲ့ပါတော့တယ်။

ရွှေမှော်ထဲကို KIA အဖွဲ့တွေ ရောက်လာပါတယ်။ ကျွန်တော်နဲ့အတူ ကျင်းလုပ်သားအယောက် ၃၀ လောက် အဖမ်းခံခဲ့ ရတယ်။ ကျွန်တော်တို့ကို အင်ဂွန်းလကို ခေါ်သွားပြီး အေပြီလကနေ ဇွန်လအထိ စစ်သင်တန်းတက်ခိုင်းပါတယ်။ သင်တန်းသားကတော့ ၁၀၀ လောက်ရှိပါတယ်။ အဖမ်းခံရတဲ့လူတွေ ဆိုတော့ စစ်သင်တန်း ဘယ်တက်ချင်ပါ့မလဲ။ အချို့ကထွက်ပြေးကြတယ်။ ပြန်ဖမ်းမိတော့ အများရှေ့မှာ စံနမူနာပြသတ်ပစ်တယ်။ အချို့ကတော့ စစ်သင်တန်းဒဏ် မခံနိုင်လို့ ဖျားနာပြီး သေသွားကြတယ်။

သင်တန်းဆင်းပြီးတော့ ကျွန်တော်နဲ့အတူ ၈ ယောက်ကို တပ်ရင်း (၄) မှာ တာဝန်ထမ်းဆောင်ခိုင်းပါတယ်။ ၂၀၁၂ ခုနှစ် ဇူလိုင်လမှာတော့ ရင်း (၄) ကနေ ချီဖွေမြို့နယ်၊ လောခေါင်စခန်းကို ပြောင်းရတယ်။ ၂၀၁၃ ခုနှစ် အေပြီလမှာ အဲဒီစခန်းနဲ့ ၂ မိုင်ခန့်အကွာက ပါဝါကုန်းမှာလည်း တာဝန်ထမ်းဆောင်ရတယ်။ အတည်တကျမရှိပါဘူးဗျာ။ အဲဒီလိုပဲ လျှောက်သွားနေရတာ။ စခန်းတွေလည်း စုံနေတာပဲ။ ဇွန်လရောက်တော့ ဂျပန်ကုန်းစခန်းရောက်သွားပြန်ရော။ ၂၀၁၄ ခုနှစ် မတ်လရောက်တော့ ဂျပန်ကုန်းစခန်းကနေ ရင်း (၄) ဌာနချုပ်ကို ပြန်ရောက်ပါတယ်။

ကြာလာတော့ မနေချင်တော့ဘူး။ ကိုယ့်ဘ၀အတွက် တစ်သက်လုံး ဒီ အတိုင်းနေ လို့ မဖြစ်ဘူးဆိုပြီး အလင်းဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ ၁၆ မိုင်စခန်းမှာ သွားရောက် တာဝန်ထမ်းဆောင်ချိန် အခွင့်သာ တာနဲ့ တပ်မတော်ရှေ့တန်းစခန်းတစ်ခုမှာ အလင်းဝင်ခဲ့ တာ ဖြစ်ပါ တယ်။ ကျွန်တော့်ဘ၀အတွက် မမေ့နိုင်တဲ့ အဖြစ်ဆိုးကြီးပါ ဗျာ။ KIA ဖမ်းဆီးလို့ လူမသိ သူမသိ သေသွား တဲ့ လူတွေလည်း အများကြီးပါပဲ။ ကျွန်တော် ဇာတိရွာကိုပဲ ပြန်ပါတော့ မယ်။

နောက်ဆုံးပြောချင်တာက KIA အဖွဲ့ရဲ့ လူသစ်စုဆောင်းမှုတွေ ကို ဖော် ထုတ်ပေးကြ ပါ။ ယနေ့အချိန်ထိ ဖမ်းဆီးခံထားရ တဲ့ လူတွေ လွတ်မြောက်အောင် ကယ်တင်ပေးကြပါလို့ပဲ ပြောချင်ပါတယ်။ KIA ကြောင့် ဘ၀ပျက်ခဲ့ ရသူတွေအတွက် တရားမျှတမှု ယူပေးကြပါလို့ တောင်း ဆိုချင်ပါတယ်ခင်ဗျာ။

လှိုင်ဝင်းထွန်း
Credit >>> Kachin Daily News

No comments:

Post a Comment