Wednesday 14 January 2015

မုန်တိုင်းကြောင့်ပိတ်ထားသောတံတားကို ဖြတ်ခဲ့မိ၍ ဒိန်းမတ်တော်ဝင်မင်းသားတောင်းပန်

Photo: မုန်တိုင်းကြောင့်ပိတ်ထားသောတံတားကို ဖြတ်ခဲ့မိ၍ ဒိန်းမတ်တော်ဝင်မင်းသား တောင်းပန်
Wednesday, January 14, 2015

ပိတ်ထားသည့်တံတားကို ဖြတ်၍ ကားမောင်းခဲ့သဖြင့် လူထု၏ဝေ ဖန်ပြောဆိုမှုကို ခံရပြီးနောက် ဒိန်း မတ်အိမ်ရှေ့မင်းသား ဖရက်ဒရစ်က တောင်းပန်လိုက်သည်။

၎င်းမှာ ဟာ ရီကိန်းမုန်တိုင်း၏ ပြင်းထန်သောလေ မုန်တိုင်းကြောင့် ဖြတ်မောင်းခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားလိုက်သည် ဟု AFP သတင်းက ဖော်ပြခဲ့သည်။

ဖြစ်ပျက်ခဲ့သည့်ကိစ္စများအတွက် ဝမ်းနည်းမိကြောင်း၊ ဤကိစ္စအပေါ် လူထုက ဒေါသထွက်သည်ကို နား လည်ပါကြောင်း၊ မင်းသားမှာ တံတား ကို ဖြတ်ရန်နာရီများစွာ စောင့်ဆိုင်း နေခဲ့ရကြောင်း၊ ဒိန်းမတ်ဘုရင့်နန်း တော် ပြောရေးဆိုခွင့်ရ အမျိုးသမီး လိန်းဘောလီဘိုင်က DR အသံလွှင့် ဌာနကို ပြောကြားလိုက်သည်။

ဒိန်းမတ်လုံခြုံရေးနှင့် ထောက် လှမ်းရေးဌာန (PET) က ပြောကြား သည်မှာ မင်းသားအား ဤတံတား မှ ဖြတ်ခွင့်ပေးခဲ့သည်မှာ မှားယွင်း သည်ဟု ဆိုသည်။

PET က ၎င်း သည် ဤအခြေအနေမျိုး၌ လုံခြုံရေး သေချာအောင်လုပ်ပေးရန် တာဝန် ရှိကြောင်း၊ ဤသို့မဆောင်ရွက်သင့် သည်မှာ ထင်ရှားကြောင်း ကြေညာ ချက်၌ ဖော်ပြခဲ့သည်။

အိမ်ရှေ့မင်းသားမှာ ဤအပြု အမူအတွက် အပြစ်ပေးခြင်းမှ လွတ် ကင်းသော်လည်း သာမန်ဒရိုင်ဘာ တစ်ဦးဖြစ်ပါက ဤအခြေအနေမျိုး၌ တံတားဖြတ်ခဲ့ပါက ဒဏ်ငွေခရိုနာ ၂၀၀၀ (၃၁၈ဒေါ်လာ)ပေးဆောင်ရ မည်ဟု ဆိုသည်။

ဒီတံတားကို အပျော်ပိတ်ထား ခဲ့တာ မဟုတ်ပါဘူး။ ဟာရီကိန်းလေ ပြင်းကြောင့် ကားကိုမထိန်းနိုင်ဖြစ် တတ်ပါတယ်ဟု တံတားကြီးကြပ်ရေး အဖွဲ့မှ လီယိုလာဆင်က ပြောခဲ့သည်။

Ref : AFP
Democracytoday
ပိတ်ထားသည့်တံတားကို ဖြတ်၍ ကားမောင်းခဲ့သဖြင့် လူထု၏ဝေ ဖန်ပြောဆိုမှုကိုခံရပြီးနောက် ဒိန်းမတ် အိမ်ရှေ့မင်းသား ဖရက်ဒရစ်က တောင်းပန်လိုက်သည်။

၎င်းမှာဟာ ရီကိန်းမုန်တိုင်း၏ ပြင်းထန်သောလေ မုန်တိုင်းကြောင့် ဖြတ်မောင်းခဲ့ရခြင်း ဖြစ်ကြောင်း ပြော ကြားလိုက်သည် ဟု AFP သတင်းက ဖော်ပြခဲ့သည်။

ဖြစ်ပျက်ခဲ့သည့်ကိစ္စများအတွက် ဝမ်းနည်းမိကြောင်း၊ ဤကိစ္စအပေါ် လူထုက ဒေါသထွက်သည်ကို နား လည်ပါကြောင်း၊ မင်းသားမှာ တံတားကို ဖြတ်ရန်နာရီများစွာ စောင့်ဆိုင်းနေခဲ့ရကြောင်း၊ ဒိန်းမတ် ဘုရင့် နန်းတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး လိန်းဘောလီဘိုင်က DR အသံလွှင့် ဌာနကို ပြောကြားလိုက်သည်။

ဒိန်းမတ်လုံခြုံရေးနှင့် ထောက် လှမ်းရေးဌာန (PET) က ပြောကြား သည်မှာ မင်းသားအား ဤတံတား မှ ဖြတ်ခွင့်ပေးခဲ့သည်မှာ မှားယွင်း သည်ဟု ဆိုသည်။

PET က ၎င်းသည် ဤအခြေအနေမျိုး၌ လုံခြုံရေး သေချာအောင်လုပ်ပေးရန် တာဝန်ရှိကြောင်း၊ ဤသို့ မဆောင်ရွက်သင့် သည်မှာ ထင်ရှားကြောင်း ကြေညာ ချက်၌ ဖော်ပြခဲ့သည်။

အိမ်ရှေ့မင်းသားမှာ ဤအပြု အမူအတွက် အပြစ်ပေးခြင်းမှ လွတ်ကင်းသော်လည်း သာမန်ဒရိုင်ဘာ တစ်ဦးဖြစ်ပါက ဤအခြေအနေမျိုး၌ တံတားဖြတ်ခဲ့ပါက ဒဏ်ငွေခရိုနာ ၂၀၀၀ (၃၁၈ဒေါ်လာ)ပေးဆောင်ရ မည်ဟု ဆိုသည်။

ဒီတံတားကို အပျော်ပိတ်ထား ခဲ့တာ မဟုတ်ပါဘူး။ ဟာရီကိန်းလေ ပြင်းကြောင့် ကားကိုမထိန်းနိုင်ဖြစ် တတ်ပါတယ်ဟု တံတားကြီးကြပ်ရေး အဖွဲ့မှ လီယိုလာဆင်က ပြောခဲ့သည်။

Ref : AFP
Democracytoday‬

No comments:

Post a Comment