Wednesday 14 January 2015

အမျိုးသား ပညာရေး ဥပဒေ နည်းပညာ တက္ကသိုလ်ကျောင်းသားများ ကန့်ကွက်

Photo: အမျိုးသား ပညာရေး ဥပဒေ နည်းပညာ တက္ကသိုလ်ကျောင်းသားများ ကန့်ကွက်
Wednesday, January 14, 2015 

ဇန်နဝါရီ ၁၂ ရက်က အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော နည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ၏ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲကို ဇန်န၀ါရီ ၁၃ ရက် တွင် နံနက်တွင် နည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့သည်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင် ကန့်ကွက်ဆန်္ဒထုတ်ဖော်နေစဉ် အတွင်း ဒုတိယပါမောက္ခချုပ်က ကားဖြင့် ဆန္ဒပြ ကျောင်းသား များရှေ့တွင် ပိတ်ရပ်၍ တားမြစ်ခြင်း၊ ဗကသအလံကို လုယူခြင်းများ ပြုလုပ် ခဲ့သည်ဟု ဆန္ဒပြကျောင်းသားတချို့က ပြောသည်။

နည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များနှင့် လာရောက်ပူးပေါင်း ဆန္ဒထုတ်ဖော် သူကျောက်ဆည် နည်းပညာ တက္ကသိုလ်ကျောင်းသား သမဂ္ဂမှ ကျောင်းသားထု အခွင့်အရေးတာဝန်ခံ ကိုရဲရင့်ပိုင်မှူးက “ကားရပ်တဲ့ပုံစံက ကျွန်တော်တို့ကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

ကျွန်တော်တို့ဆန္ဒပြနေတဲ့ရှေ့မှာ ကားကို ၀ရုန်းသုန်းကား ထိုးရပ်ပြီးတော့ ဆင်းလာပြီး အလံကို ဆွဲလုတယ်။ အလံကို မလုပါဘူး လို့ ပြောပေမယ့် လက်က ဇွတ်ကိုယူထားတယ်။ ဆရာတွေကို မေးချင်တာက ကျောင်းသားဘက်က ရပ်မှာလား၊ အစိုးရဘက်က ရပ်မှာလားဆိုတာကို သေချာ မေးချင်ပါတယ်” ဟု ပြောသည်။

ဒု-ပါမောက္ခချုပ်က တားမြစ်ခဲ့သော်လည်း ကျောင်းသားများက နည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်းဝင်းအတွင်းရှိ ကျောင်းပတ်လမ်း တစ်လျှောက် ဆန္ဒထုတ်ဖော်ခဲ့ပြီး ယင်းဆန္ဒထုတ်ဖော်ပွဲသည် နည်းပညာ တက္ကသိုလ်(မန္တလေး)ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းပြီး ပထမဆုံးအကြိမ် ကျောင်းသားလှုပ်ရှားမှု ဖြစ်သည်။

နည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းသားသမဂ္ဂ ယာယီဥက္ကဋ္ဌ ကိုကောင်းဇော်ဟိန်းက “ကျွန်တော် တို့အနေနဲ့ အခြား ကျောင်းသားတွေနဲ့ ပူးပေါင်းပြီး အမျိုးသား ပညာရေး ဥပဒေ ကန့်ကွက်တာတွေကို ဆက် လုပ်သွားမယ်” ဟု ပြောသည်။

ပြဋ္ဌာန်းလိုက်သည့် အမျိုးသားပညာရေး ဥပဒေတွင် ဗဟိုချုပ်ကိုင်မှုများ ပါဝင်နေခြင်း၊ ဒီမိုကရေစီ မဆန်ခြင်း၊ လူ့အခွင့်အရေးတန်း တူညီမျှမှု မရှိခြင်း၊ ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်ကို အာမခံချက်မပေးနိုင်ခြင်း၊ သမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့် မရှိခြင်း စသည့်အချက်များ ပါဝင်နေသဖြင့် ကျောင်းသားများက ဆန္ဒထုတ်ဖော် ကန့်ကွက်နေကြခြင်း ဖြစ်သည်။

Mizzima - News in Burmese

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် နည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်းသား သမဂ္ဂမှ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက် နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းဝင်းအတွင်း လှည့်လည် ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် နည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်းသား သမဂ္ဂမှ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက် နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းဝင်း အတွင်း လှည့်လည် ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
ဇန်နဝါရီ ၁၂ ရက်က အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော နည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ၏ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲကို ဇန်န၀ါရီ ၁၃ ရက် တွင် နံနက်တွင် နည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့သည်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင် ကန့်ကွက်ဆန်္ဒထုတ်ဖော်နေစဉ် အတွင်း ဒုတိယပါမောက္ခချုပ်က ကားဖြင့် ဆန္ဒပြ ကျောင်းသား များရှေ့တွင် ပိတ်ရပ်၍ တားမြစ်ခြင်း၊ ဗကသအလံကို လုယူခြင်းများ ပြုလုပ် ခဲ့သည်ဟု ဆန္ဒပြကျောင်းသားတချို့က ပြောသည်။

နည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များနှင့် လာရောက်ပူးပေါင်း ဆန္ဒထုတ်ဖော် သူကျောက်ဆည် နည်းပညာ တက္ကသိုလ်ကျောင်းသား သမဂ္ဂမှ ကျောင်းသားထု အခွင့်အရေးတာဝန်ခံ ကိုရဲရင့်ပိုင်မှူးက “ကားရပ်တဲ့ပုံစံက ကျွန်တော်တို့ကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

ကျွန်တော်တို့ဆန္ဒပြနေတဲ့ရှေ့မှာ ကားကို ၀ရုန်းသုန်းကား ထိုးရပ်ပြီးတော့ ဆင်းလာပြီး အလံကို ဆွဲလု တယ်။ အလံကို မလုပါဘူး လို့ ပြောပေမယ့် လက်က ဇွတ်ကိုယူထားတယ်။ ဆရာတွေကို မေးချင်တာက ကျောင်းသားဘက်က ရပ်မှာလား၊ အစိုးရဘက်က ရပ်မှာလားဆိုတာကို သေချာ မေးချင်ပါတယ်” ဟု ပြောသည်။

ဒု-ပါမောက္ခချုပ်က တားမြစ်ခဲ့သော်လည်း ကျောင်းသားများက နည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်း ဝင်း အတွင်းရှိ ကျောင်းပတ်လမ်း တစ်လျှောက် ဆန္ဒထုတ်ဖော်ခဲ့ပြီး ယင်းဆန္ဒထုတ်ဖော်ပွဲသည် နည်းပညာ တက္ကသိုလ်(မန္တလေး)ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းပြီး ပထမဆုံးအကြိမ် ကျောင်းသားလှုပ်ရှားမှု ဖြစ်သည်။

နည်းပညာတက္ကသိုလ်(မန္တလေး) ကျောင်းသားသမဂ္ဂ ယာယီဥက္ကဋ္ဌ ကိုကောင်းဇော်ဟိန်းက “ကျွန်တော် တို့အနေနဲ့ အခြား ကျောင်းသားတွေနဲ့ ပူးပေါင်းပြီး အမျိုးသား ပညာရေး ဥပဒေ ကန့်ကွက်တာတွေကို ဆက် လုပ်သွားမယ်” ဟု ပြောသည်။

ပြဋ္ဌာန်းလိုက်သည့် အမျိုးသားပညာရေးဥပဒေတွင် ဗဟိုချုပ်ကိုင်မှုများ ပါဝင်နေခြင်း၊ ဒီမိုကရေစီ မဆန်ခြင်း၊ လူ့အခွင့်အရေးတန်း တူညီမျှမှုမရှိခြင်း၊ ငြိမ်းချမ်းစွာပညာသင်ကြားခွင့်ကို အာမခံချက်မပေးနိုင်ခြင်း၊ သမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့် မရှိခြင်း စသည့်အချက်များ ပါဝင်နေသဖြင့် ကျောင်းသားများက ဆန္ဒထုတ်ဖော် ကန့်ကွက်နေကြခြင်း ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment