Wednesday 14 January 2015

အမျိုးသားရေးနှင့် ပတ်သက်၍ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်၍ ဦးကိုကိုကြီးအား လွှတ်တော် ကိုယ်စားလှယ် လုပ်ရန် ဦးဝီရသူ တိုက်တွန်း

Photo: အမျိုးသားရေးနှင့် ပတ်သက်၍ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်၍ ဦးကိုကိုကြီးအား လွှတ်တော် ကိုယ်စားလှယ် လုပ်ရန် ဦးဝီရသူ တိုက်တွန်း
Wednesday, January 14, 2015

လွှတ်တော် ထဲတွင် အမျိုးသားရေးနှင့် ပတ်သက်၍ လုပ်ဆောင် နိုင်မည်ဟု ယုံကြည်၍ ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်၍ လွှတ်တော် ကိုယ်စားလှယ် လုပ်ရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့အစည်းမှ ခေါင်ဆောင် ဦးကိုကိုကြီးအား တိုက်တွန်း ခဲ့ကြောင်း ဆရာတော် ဦးဝီရသူ က တိုက်တွန်း ခဲ့ကြောင်း ဦးဝီရသူက The Messenger Media သို့ မိန့်ကြားသည်။ ယခုလ (၁၂) ရက်နေ့တွင် ဦးဝီရသူနှင့် ဦးကိုကိုကြီး တို့သည် ရန်ကုန်မြို့၌ သီးသန့် တွေဆုံခဲ့ပြီး အမျိုးသားရေးနှင့် ပတ်သက်သော ကိစ္စရပ် များအား ဆွေးနွေးခဲ့ပြီး အဆိုပါ တွေ့ဆုံမှုသည် ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့ အဖွဲ့အစည်းနှင့် မသက်ဆိုင်ကြောင်း သိရသည်။ အဓိက ကတော့ အမျိုးသားရေးကို အခြေခံတဲ့ အမြင် နှစ်မျိုး ပါပဲ။ ကိုကိုကြီးရဲ့ အမြင် ပေါ့။ ၂၀၁၅ ရွေးကောက်ပွဲမှာ တင်းမာမှုတွေ လျှော့ချပြီး ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဖြတ်သန်း နိုင်ဖို့ ဒါက သူ့အမြင်နော်၊ ဦးပ္တွင်း ကျတော့  ပြုပြင် ပြောင်းလဲရေး   အပေါ်မှာ သံဃာတော်တွေရဲ့ အခန်းကဏ္ဍ ဒါကို ဆွေးနွေးတယ်။ သဘော တူညီချက်လည်း ရပါတယ်။

ပုဂ်္ဂိုလ်ရေး အရ သီးခြား တွေ့ဆုံတဲ့ သဘောပါ။ ဦးပ္တွင်း ကတော့ အမျိုးသားရေးမှာ သူ့လို ပုဂ်္ဂိုလ်မျိုးကို အားရတယ်။ ဒီလို ပုဂ်္ဂိုလ်မျိုး လွှတ်တော်ထဲ ရောက်ရင် အားကိုးရ တာပေါ့။ ၂၀၁၅ မှာ သူ့ကို လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်ပွဲ ၀င်ဖို့  တိုက်တွန်း ခဲ့တယ် ဟု ဦးဝီရသူက မိန့်ကြား သည်။ ဦးကိုကိုကြီးသည် ရိုဟင်ဂျာ အရေးတွင်-၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့အစည်း တစ်ဖွဲ့လုံးတွင် အပြတ်သားဆုံး ပုဂ်္ဂိုလ် ဖြစ်သည့် အတွက် အားရကြောင်း၊ ရခိုင် ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် ပါဝင် ခဲ့သည့် ဦးကိုကိုကြီး၏ လုပ်ပုံ ကိုင်ပုံ ဆောင်ရွက်ချက် များကို  အားရ ကြောင်း၊   ဦးကိုကိုကြီး လွှတ်တော်ထဲ ရောက်သည့် အချိန်တွင် လိုအပ်ချက်များ အတွက်  အားကိုးရနိုင်ကြောင်း ဦးဝီရသူက ဆက်လက် မိန့်ကြားသည်။

သူကတော့ ပြောပါတယ်၊ အခြားသူ တွေလည်း ဒီလိုပဲ သူ့ကို တိုက်တွန်း တယ်တဲ့။ သူကြိုးစားမယ်လို့ ပြောတယ်။ ဒါပေမဲ့ ကတိတော့ ပေးမသွားဘူး ဟု ဦးဝီရသူက ဆက်လက် မိန့်ကြားသည်။ ၎င်းအနေ ဖြင့်လည်း လွှတ်တော် နိုင်ငံရေး လုပ်မည်ဟု ဦးကိုကိုကြီးက မီဒီယာ များကို ပြောကြား ထားသည်။ လက်ရှိ အချိန်တွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ)သည် အမျိုးသားရေးနှင့် ပတ်သက်မှု များကို လှုပ်ရှားနေသော အဖွဲ့ အစည်း တစ်ခု ဖြစ်သည်။

The Messenger News Journal
လွှတ်တော်ထဲတွင် အမျိုးသားရေးနှင့်ပတ်သက်၍ လုပ်ဆောင်နိုင်မည်ဟုယုံကြည်၍ ၂၀၁၅ ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်၍ လွှတ်တော်ကိုယ်စားလှယ်လုပ်ရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ခေါင်ဆောင် ဦးကိုကိုကြီးအား တိုက်တွန်းခဲ့ကြောင်း ဆရာတော် ဦးဝီရသူက တိုက်တွန်းခဲ့ ကြောင်း ဦးဝီရသူက The Messenger Media သို့ မိန့်ကြားသည်။
ယခုလ (၁၂) ရက်နေ့တွင် ဦးဝီရသူနှင့် ဦးကိုကိုကြီး တို့သည် ရန်ကုန်မြို့၌ သီးသန့် တွေဆုံခဲ့ပြီး အမျိုးသားရေးနှင့် ပတ်သက်သော ကိစ္စရပ် များအား ဆွေးနွေးခဲ့ပြီး အဆိုပါ တွေ့ဆုံမှုသည် ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့ အဖွဲ့အစည်းနှင့် မသက်ဆိုင်ကြောင်း သိရသည်။ အဓိက ကတော့ အမျိုးသား ရေးကို အခြေခံတဲ့ အမြင် နှစ်မျိုး ပါပဲ။ ကိုကိုကြီးရဲ့ အမြင် ပေါ့။ ၂၀၁၅ ရွေးကောက်ပွဲမှာ တင်းမာမှုတွေ လျှော့ချပြီး ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဖြတ်သန်း နိုင်ဖို့ ဒါက သူ့အမြင်နော်၊ ဦးပ္တွင်း ကျတော့  ပြုပြင် ပြောင်းလဲရေး   အပေါ်မှာ သံဃာတော်တွေရဲ့ အခန်းကဏ္ဍ ဒါကို ဆွေးနွေးတယ်။ သဘော တူညီချက်လည်း ရပါတယ်။

ပုဂ်္ဂိုလ်ရေး အရ သီးခြား တွေ့ဆုံတဲ့ သဘောပါ။ ဦးပ္တွင်း ကတော့ အမျိုးသားရေးမှာ သူ့လို ပုဂ်္ဂိုလ်မျိုးကို အားရတယ်။ ဒီလို ပုဂ်္ဂိုလ်မျိုး လွှတ်တော်ထဲ ရောက်ရင် အားကိုးရ တာပေါ့။ ၂၀၁၅ မှာ သူ့ကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ၀င်ဖို့  တိုက်တွန်း ခဲ့တယ် ဟု ဦးဝီရသူက မိန့်ကြား သည်။ ဦးကိုကိုကြီး သည် ရိုဟင်ဂျာ အရေးတွင်-၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့အစည်း တစ်ဖွဲ့လုံးတွင် အပြတ်သားဆုံး ပုဂ်္ဂိုလ် ဖြစ်သည့် အတွက် အားရကြောင်း၊ ရခိုင် ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် ပါဝင် ခဲ့သည့် ဦးကိုကိုကြီး၏ လုပ်ပုံကိုင်ပုံ ဆောင်ရွက်ချက်များကိုအားရကြောင်း၊   ဦးကိုကိုကြီး လွှတ်တော် ထဲ ရောက်သည့် အချိန်တွင် လိုအပ်ချက်များ အတွက်  အားကိုးရနိုင်ကြောင်း ဦးဝီရသူက ဆက်လက် မိန့်ကြားသည်။

သူကတော့ ပြောပါတယ်၊ အခြားသူ တွေလည်း ဒီလိုပဲ သူ့ကို တိုက်တွန်း တယ်တဲ့။ သူကြိုးစားမယ်လို့ ပြောတယ်။ ဒါပေမဲ့ ကတိတော့ ပေးမသွားဘူး ဟု ဦးဝီရသူက ဆက်လက် မိန့်ကြားသည်။ ၎င်းအနေ ဖြင့်လည်း လွှတ်တော် နိုင်ငံရေး လုပ်မည်ဟု ဦးကိုကိုကြီးက မီဒီယာ များကို ပြောကြား ထားသည်။ လက်ရှိ အချိန်တွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ)သည် အမျိုးသားရေးနှင့် ပတ်သက်မှု များကို လှုပ်ရှားနေသော အဖွဲ့ အစည်း တစ်ခု ဖြစ်သည်။

The Messenger News Journal 

No comments:

Post a Comment