Wednesday 14 January 2015

တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင်နှင့် ဒါရိုက်တာအား အမှုဖွင့်ထား သော်လည်း စစ်ဆေးမှု မရှိသေး

ဇန်န၀ါရီလ (၁) ရက်နေ့က တော်ဝင် နှင်းဆီ Health News  အထူးကု ပိုင်ရှင်နှင့် ဒါရိုက်တာအား လုပ်ငန်း လိုင်စင် မရှိဘဲ လုပ်ငန်း ဆောင်ရွက်မှု၊ ခွင့်ပြုချက် မရှိဘဲ လုပ်ငန်း လိုင်စင် လွှဲပြောင်းမှု များဖြင့် အမှုဖွင့်ထား သော်လည်း (၁၀) ရက်ကျော် ကြာမြင့်ချိန် အထိ စစ်ဆေးမှု မရှိသေးကြောင်း သိရ သည်။

အဆိုပါ တော်ဝင် နှင်းဆီ ဆေးရုံ ပိုင်ရှင်နှင့် ဒါရိုက်တာ တို့အား ဆေးကုသရာတွင် ညစ်ညမ်းသော စာရွက်စာတမ်းများ၊ ညစ်ညမ်း ရုပ်ပုံ များကို ဖြန့်ချိခြင်း၊ ဝေငှခြင်းများ ပြုလုပ်ခြင်း၊ ပုဂ္ဂလိက ဆေးရုံ လုပ်ငန်းကို လိုင်စင် မရှိဘဲ လုပ်ကိုင်ခြင်း၊ မြန်မာနိုင်ငံ ဆေးကောင်စီမှ ထုတ်ပေးသော ဆေးကုသ ခွင့်လိုင်စင် မရှိဘဲ ကုသခြင်းများ ပြုလုပ်ခဲ့ သဖြင့် (ပ) ၈/၂၀၁၅ လ၀က အက်(၁၃)(၁)၊ (ပ) ၉/၂၀၁၅၊ ပြစ်မှု ပုဒ်မ-၂၉၂(က)၊ (ပ) ၁၀/၂၀၁၅ မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေ ပုဒ်မ ၄၁/၄၂ တို့ဖြင့် ချမ်းအေးသာစံ မြို့မ ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

ယင်းဆေးရုံတွင် တရုတ် နိုင်ငံသား များသည် လိုင်စင် မရှိဘဲ ဆေးကုသ နေသည့် အတွက် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ညွှန်ကြားချက်ဖြင့် ၀င်ရောက် စစ်ဆေးခဲ့ပြီး စစ်ဆေး တွေ့ရှိချက် အသီးသီးကို သက်ဆိုင်ရာ ဌာန များသို့ တင်ပြကာ အရေးယူမှုများ မပြု လုပ်ရ သေးသည့် အချိန်တွင် အဆိုပါ တရုတ် နိုင်ငံသား ခြောက်ဦးသည် မန္တလေး လေဆိပ်မှ တစ်ဆင့် ထွက်ခွာ သွားခဲ့ သဖြင့် ယင်းအမှု အတွက် ခုံရုံးဖွဲ့ စစ်ဆေး နေကြောင်း တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန တာဝန်ရှိသူက ပြောကြား ထားသည်။

The Messenger News Journal 

No comments:

Post a Comment