Wednesday 14 January 2015

အနိမ့်ဆုံးလုပ်ခသတ်မှတ်နိုင်ရေး ဇန်နဝါရီ ၁၆ရက်မှ စတင်၍မြို့နယ်ပေါင်း ၁၀၈မြို့နယ်တွင် စစ်တမ်းကောက်မည်

အခြေခံ အလုပ်သမားများအတွက် အနိမ့်ဆုံးလုပ်ခသတ်မှတ်နိုင်ရေး ဇန်နဝါရီ ၁၆ရက်မှစတင်ကာ တိုင်းဒေ သကြီးနှင့် ပြည်နယ်အသီးသီးမှမြို့နယ် ပေါင်း ၁၀၈မြို့နယ်ရှိအိမ်ထောင်စု ၂၂၀၀ဝကျော်ကို စစ်တမ်း ကောက် ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အိမ်ထောင်စုများ၏အနိမ့်ဆုံး ကုန်ကျစရိတ်နှင့်အမြင့်ဆုံးကုန် ကျစရိတ်များကိုအလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ်များပါဝင်ကာ ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် ကောက်ခံမည့်ကာလကို ဇန်နဝါရီ ၁၆ရက်မှဖေဖော်ဝါရီ လကုန်အထိ ယာယီခန့်မှန်းထားကြောင်း အလုပ် သမားဝန်ကြီးဌာနမှ အဆင့်မြင့် အ ရာရှိတစ်ဦးက ဆိုသည်။

''ကောက်ခံတဲ့ကာလကို ဖေ ဖော်ဝါရီလကုန်မှာ အပြီးကောက် ဖို့ခန့်မှန်းထားပေမယ့် လိုအပ်တဲ့အချက် အလက်ကောက်ခံ တာမပြီးခဲ့ရင် အချိန်ထပ်တိုးသွားဖို့ လဲရှိတယ်''ဟု ၎င်းက ထပ်မံပြောသည်။

လက်ရှိတွင် အနည်းဆုံးအခ ကြေးငွေ သတ်မှတ်နိုင်ရန်အတွက် ၂၆ကြိမ်ခန့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဖြစ် ကြောင်း၊ ယင်းအချက်ကိုကြည့် ခြင်းဖြင့် သတ်မှတ်ချက်နှုန်းထားထွက်ပေါ်ရန် တဖြည်းဖြည်းနီးစပ်လာပြီ ဖြစ်ကြောင်း၊ အလုပ်သမားဝန်ကြီးဌာ နအနေဖြင့်လည်း အမြန်ဆုံးသတ် မှတ်ပေးချင်သည့် အတွက် လုပ် ငန်းစဉ်များအတိုင်း လုပ်ဆောင်နေကြောင်း၊ အမြန်နည်းလမ်းဖြင့် သတ်မှတ်လိုက်သည့်နှုန်းထားသည် အလုပ်သမား များနှင့်အလုပ်ရှင်များအတွက် အဆင်ပြေနိုင်မည့်ရလဒ်နှုန်းထားသတ်မှတ် ချက်အဖြေများဖြစ် ရန်လိုကြောင်း အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးက ဆိုထား သည်။

အဆိုပါစစ်တမ်းကောက်ခံနေ ခြင်းသည် အလုပ်သမားဝန်ကြီးဌာ နမှ အိုင်အယ်လ်အိုတို့ဖြင့် ပူးပေါင်း ကောက်ခံခဲ့သည့်စစ်တမ်း၊ အလုပ် သမားဝန်ကြီးဌာနမှ ပြင်ပြွဥ အဖွဲ့များနှင့်ပူးပေါင်းကောက်ခံသည့် စစ်တမ်းများကောက်ခံခဲ့ပြီး ယခုအ ကြိမ်ထပ်မံကောက်မည့်စစ်တမ်းသည် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးဦးသုံးဖလှယ်ပါဝင်ကောက်ခံမည့် စစ်တမ်းဖြစ်ကြောင်းလည်းသိရသည်။

ယင်းသို့ကောက်ခံနိုင်ရန်အ တွက် ၂၀၁၄ခုနှစ်ဒီဇင်ဘာ ၂ဝရက် တွင် အနည်းဆုံး အခကြေးငွေသတ် မှတ်နိုင်ရေးအတွက် အလုပ်သမားများ၏ အကြံပြု တင်ပြချက်များပေးနိုင်ရန် ဆွေးနွေးခဲ့ကြပြီး ဒီဇင်ဘာ ၂၁ ရက်တွင် အလုပ်ရှင်များဘက်မှပေး နိုင်သည့်အကြံပြုချက်နှုန်း ထားများထွက်ပေါ် လာနိုင်ရန်ဆွေးနွေး ပွဲများ ပြုလုပ်ခဲ့သော်လည်း အလုပ်သမား များဘက်မှ ခန့်မှန်းပျှမ်းမျှနှုန်းထားများသာ ထွက်ပေါ်လာခဲ့ပြီး အလုပ် ရှင်များဘက်မှ တိကျသည့်အဖြေမျိုး မထွက်ပေါ်ခဲ့ဘဲ ယခုကောက်ခံမည့် စစ်တမ်းရလဒ်ပေါ်မူ တည်ကာ ဆက်လက်ဆွေးနွေးကြမည်ဖြစ်သည့်အတွက် ယင်းစစ်တမ်းသည် အခြေခံလစာနှုန်းထား သတ်မှတ် ချက်ထွက် ပေါ်နိုင်ရန် အရေးကြီးသည့်စစ် တမ်းတစ်ခုဖြစ်ကြောင်းသိရသည်။

ZCH
Democracytoday‬

No comments:

Post a Comment