Wednesday 14 January 2015

ပြည်ထောင်စုလွှတ်တော်နာယကနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများတွေ့ဆုံ တိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို လာမည့်လွှတ်တော်အစည်းအဝေး တွင် အတည်ပြုသွားမည်ဟုဆို

Photo: ပြည်ထောင်စုလွှတ်တော်နာယကနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများတွေ့ဆုံ တိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို လာမည့်လွှတ်တော်အစည်းအဝေး တွင် အတည်ပြုသွားမည်ဟုဆို
Wednesday, January 14, 2015

ပြည် ထောင်စုလွှတ်တော်နာယကနှင့် တိုင်း ရင်းသားရေးရာဝန်ကြီးများ ယနေ့နံ နက် ၁ဝနာ ရီ တွင် နေပြည်တော် လွှတ်တော်ဝင်း ဇမ္ဗူသီရိအစည်းအ ဝေးခန်းမ၌ တွေ့ဆုံ ခဲ့ပြီး ယင်းအ စည်း အဝေးတွင် တိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့် ရှောက်ရေးဥပဒေကို လာမည့်လွှတ် တော်အစည်းအဝေးတွင် အတည်ပြု သွား မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ သည်ကို အစည်းအဝေးအပြီး ပြည် ထောင်စုလွှတ်တော် ဥပဒေကြမ်းပူး ပေါင်းကော်မတီဥက္ကဋ္ဌဌ ဦးတီခွန်မြတ် က သတင်းထောက်များကို ပြော သည်။

ယင်းအစည်းအဝေးနှင့် ပတ် သက်ပြီး ပြည်ထောင်စုလွှတ်တော်နာ ယက သူရဦးရွှေမန်းကလည်း ''တိုင်း ရင်းသားများနဲ့ အခုလိုတွေ့ ဆုံမှုဟာ တို့နိုင်ငံမှာ လိုလားနေတဲ့ ငြိမ်း ချမ်းရေး အတွက် အများကြီး အထောက်အကူ ပြုပါတယ်။ တို့လိုချင်တာက ငြိမ်းချမ်း ရေး၊ ငြိမ်းချမ်းရေးရဖို့ဆိုရင် တိုင်းရင်း သားစည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ် ရေးရှိမှရမယ်၊ ဒါ ကြောင့်မို့ တိုင်းရင်း သားရေး ရာဝန် ကြီးများနဲ့ တွေ့ဆုံမှုဟာတိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန် လည်သင့်မြတ်ရေးအတွက် အများကြီး အထောက် အကူပြုပါတယ်၊ ငြိမ်းချမ်း ရေးရဖို့လဲ အများ ကြီး အခြေအနေ ကောင်းပါတယ်'' ဟု သတင်းထောက် များကို ပြောကြားခဲ့သည်။

''တိုင်းရင်းသားများ အခွင့်အ ရေးဆိုင်ရာ ကာကွယ်စောင့်ရှောက် ရေးဥပဒေကို အခုလာမယ့် လွှတ်တော် အစည်းအဝေးမှာ အတည်ပြုဖို့ သေချာသလောက်ရှိနေပါပြီ၊ ဘာဖြစ်လို့ လဲဆိုရင် အမျိုးသား လွှတ်တော်က လဲ လွှတ်တော်ရဲ့ သဘောထားမှတ် ချက် အတည်ပြုချက်တွေနဲ့ ပြည်သူ့ လွှတ်တော်ကိုပြန်ပို့ပြီ၊ ပြည်သူ့လွှတ် တော်က အဲဒီဟာကို ပြန်လည်စိစစ် မယ်၊ ဆွေးနွေးမယ်၊ အတည်ပြု ချက် ယူပြီးရင် ပြည်ထောင်စုလွှတ်တော် ကိုပို့မယ်၊ တကယ်လို့များ လွှတ်တော် နှစ်ရပ်က သဘောထားမကွဲဘူးဆို ရင်တော့ သမ္မတ ဆီပို့ဖို့ဖြစ်ပါ တယ်  သမ္မတကတော့ သူလက်ခံ ရတာနဲ့ ၁၄ရက်အတွင်း သဘောထားမှတ် ချက်ပေးလာနိုင်တယ်၊ သမ္မတက တ ကယ် လို့သဘောတူတယ်ဆိုရင် သမ္မ တက လက်မှတ်ထိုးပြီး ဥပဒေတစ် ရပ်ဖြစ်ပေါ်လာမယ်၊ အဲဒီဥပဒေ အတည်ပြုပြီးရင် မြန်မာနိုင်ငံ ငြိမ်းချမ်း ရေးဖော်ဆောင်ရာတွင် အများကြီး အထောက်အကူပြုနိုင်တယ်၊ ဘာဖြစ် လို့လဲဆိုရင် လွန်ခဲ့တဲ့အချိန်က မိမိတို့ နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံး ခုရှိခဲ့ တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခုစလုံးမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ဖော်ပြထားပေ မယ့်လို့ ဒီဟာကစာအုပ်ထဲမှာသာရှိ တယ်။ လက်တွေ့အကောင်အထည် ဖော်မယ့် နေရာမှာ လက်ဆုပ်လက် ကိုင် ဥပဒေမရှိတဲ့အတွက် သံသယ စိတ်တွေက အမြဲတမ်းဝင်နေတယ် ဒါတွေကို ပျောက်ပြယ်သွားပြီဆိုရင် တိုင်းရင်းသားအားလုံး စည်းလုံးညီ ညွတ်မှု၊ အမျိုးသား ပြန်လည် သင့်မြတ် ရေးတွေကော အကုန်လုံးအထောက် ကူပြုသွားနိုင်တာပေါ့'' ဟု ပြည်ထောင် စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီဥက္ကဋ္ဌဌ ဦးတီခွန်မြတ်က ယင်းအစည်းအဝေး ခေတ္တနား ချိန် တွင် သတင်းထောက်များကို ပြော သည်။

''ဒီတွေ့ဆုံပွဲမှာ တိုင်းရင်းသား များရဲ့ ဒစ်ပနေးရှင်းလိုဟာမျိုးရယ် ဒီဥပဒေမှာပါတဲ့ အချက်အလက် တွေကို နိုင်ငံရေးအရအသုံးမပြုရလို့ ဆိုလိုတာပေါ့၊ တကယ်နိုင်ငံရေးလို့ ဆိုရာမှာ နိုင်ငံရေးဆို တာ ကျယ်ပြန့် တယ်၊ ပါတီနိုင်ငံရေးဆိုရင်ပါတီ နိုင်ငံရေးစသဖြင့် အကြံပြု တာတွေ အများစုကတော့ အားလုံး ၂၉ဦးစလုံး ကျေနပ်ကြပါတယ်၊ ဒီတွေ့ဆုံပွဲမှာ တိုင်းနှင့်ပြည်နယ်တိုင်းရင်းသားရေး ရာဝန် ကြီး အားလုံး တက်ပါတယ်''ဟု ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေးမှူး  ဦးစောလှထွန်း က ပြောသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲနှင့်ပတ် သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ရခိုင်တိုင်းရင်းသားရေးရာ ကော်မတီဦးဇော်အေးမောင်က ''ဒီ ဥပဒေနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ် တော်မှာ ဆွေးနွေးတုန်း ကလဲခေါ် တွေ့တယ်၊ အမျိုးသားလွှတ်တော်က လဲ ကျွန်တော့်ကိုခေါ် တယ် ၊ ခေါ်ပြီး မေးတယ်၊ ကျွန်တော်တို့ကလဲ အကြံ ပေးတယ်၊ အခုအဲဒါတွေ အားလုံးပါ ဝင်ပြီးတော့ အခုပြည်သူ့လွှတ်တော် မှာရောက် လာပြီ ၊ ပြည်သူ့လွှတ်တော် ကနေ ပြည်ထောင်စုလွှတ်တော်တင် ပြီးတော့ အတည်ပြုပြီးတော့ ဒီဥပဒေ ကြမ်းကို အမြန်ဆုံးပြဋ္ဌဌာန်းမယ် လို့ သိရတယ်၊ အခုလိုတွေ့ဆုံဆွေးနွေး တာ အားလုံး ကောင်းပါတယ်၊ အခု လိုများများတွေ့ဆုံလေကောင်းလေပါပဲ''ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။    

MP
Democracytoday

ပြည်ထောင်စုလွှတ်တော်နာယကနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ တွေ့ဆုံဆွေးနွေးနေစဉ်။ ဓာတ်ပုံ - MP
ပြည်ထောင်စုလွှတ်တော်နာယကနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ တွေ့ဆုံဆွေးနွေးနေစဉ်။ ဓာတ်ပုံ - MP 
ပြည် ထောင်စုလွှတ်တော်နာယကနှင့် တိုင်း ရင်းသားရေးရာဝန်ကြီးများ ယနေ့နံ နက် ၁ဝနာ ရီ တွင် နေပြည်တော် လွှတ်တော်ဝင်း ဇမ္ဗူသီရိအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး ယင်းအစည်းအဝေးတွင် တိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့် ရှောက်ရေးဥပဒေကို လာမည့်လွှတ် တော် အစည်း အဝေးတွင် အတည်ပြုသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ကို အစည်းအဝေးအပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူး ပေါင်းကော်မတီဥက္ကဋ္ဌဌ ဦးတီခွန်မြတ် က သတင်းထောက်များကို ပြောသည်။

ယင်းအစည်းအဝေးနှင့် ပတ် သက်ပြီး ပြည်ထောင်စုလွှတ်တော်နာ ယက သူရဦးရွှေမန်းကလည်း ''တိုင်း ရင်းသားများနဲ့ အခုလိုတွေ့ ဆုံမှုဟာ တို့နိုင်ငံမှာ လိုလားနေတဲ့ ငြိမ်း ချမ်းရေး အတွက် အများကြီး အထောက် အကူ ပြုပါတယ်။ တို့လိုချင်တာက ငြိမ်းချမ်း ရေး၊ ငြိမ်းချမ်းရေးရဖို့ဆိုရင် တိုင်းရင်း သားစည်းလုံး ညီညွတ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ် ရေးရှိမှရမယ်၊ ဒါ ကြောင့်မို့ တိုင်းရင်း သားရေး ရာဝန် ကြီးများနဲ့ တွေ့ဆုံမှုဟာတိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန် လည်သင့်မြတ်ရေးအတွက် အများကြီး အထောက် အကူပြုပါတယ်၊ ငြိမ်းချမ်း ရေးရဖို့လဲ အများ ကြီး အခြေအနေ ကောင်းပါတယ်'' ဟု သတင်းထောက် များကို ပြောကြားခဲ့သည်။

''တိုင်းရင်းသားများ အခွင့်အ ရေးဆိုင်ရာ ကာကွယ်စောင့်ရှောက် ရေးဥပဒေကို အခုလာမယ့် လွှတ်တော် အစည်းအဝေးမှာ အတည်ပြုဖို့ သေချာသလောက်ရှိနေပါပြီ၊ ဘာဖြစ်လို့ လဲဆိုရင် အမျိုးသား လွှတ်တော်က လဲ လွှတ်တော်ရဲ့ သဘောထားမှတ် ချက် အတည်ပြုချက်တွေနဲ့ ပြည်သူ့ လွှတ်တော်ကိုပြန်ပို့ပြီ၊ ပြည်သူ့လွှတ် တော်က အဲဒီဟာကို ပြန်လည်စိစစ် မယ်၊ ဆွေးနွေးမယ်၊ အတည်ပြု ချက် ယူပြီးရင် ပြည်ထောင်စုလွှတ်တော် ကိုပို့မယ်၊ တကယ်လို့များ လွှတ်တော် နှစ်ရပ်က သဘောထားမကွဲဘူးဆို ရင်တော့ သမ္မတ ဆီပို့ဖို့ဖြစ်ပါ တယ်  သမ္မတကတော့ သူလက်ခံ ရတာနဲ့ ၁၄ရက်အတွင်း သဘောထားမှတ် ချက်ပေးလာနိုင်တယ်၊ သမ္မတက တ ကယ် လို့သဘောတူတယ်ဆိုရင် သမ္မ တက လက်မှတ်ထိုးပြီး ဥပဒေတစ် ရပ်ဖြစ်ပေါ်လာမယ်၊ အဲဒီဥပဒေ အတည်ပြုပြီးရင် မြန်မာနိုင်ငံ ငြိမ်းချမ်း ရေးဖော်ဆောင်ရာတွင် အများကြီး အထောက်အကူပြုနိုင်တယ်၊ ဘာဖြစ် လို့လဲဆိုရင် လွန်ခဲ့တဲ့အချိန်က မိမိတို့ နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံး ခုရှိခဲ့ တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခုစလုံးမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး တွေကို ဖော်ပြထားပေ မယ့်လို့ ဒီဟာကစာအုပ်ထဲမှာသာရှိ တယ်။ လက်တွေ့အကောင်အထည် ဖော်မယ့် နေရာမှာ လက်ဆုပ်လက် ကိုင် ဥပဒေမရှိတဲ့အတွက် သံသယ စိတ်တွေက အမြဲတမ်းဝင်နေတယ် ဒါတွေကို ပျောက်ပြယ်သွားပြီဆိုရင် တိုင်းရင်းသားအားလုံး စည်းလုံးညီ ညွတ်မှု၊ အမျိုးသား ပြန်လည် သင့်မြတ် ရေးတွေကော အကုန်လုံးအထောက် ကူပြုသွားနိုင်တာပေါ့'' ဟု ပြည်ထောင် စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီဥက္ကဋ္ဌဌ ဦးတီခွန်မြတ်က ယင်းအစည်းအဝေး ခေတ္တနား ချိန် တွင် သတင်းထောက် များကို ပြော သည်။

''ဒီတွေ့ဆုံပွဲမှာ တိုင်းရင်းသား များရဲ့ ဒစ်ပနေးရှင်းလိုဟာမျိုးရယ် ဒီဥပဒေမှာပါတဲ့ အချက်အလက် တွေကို နိုင်ငံရေးအရအသုံးမပြုရလို့ ဆိုလိုတာပေါ့၊ တကယ်နိုင်ငံရေးလို့ ဆိုရာမှာ နိုင်ငံရေးဆို တာ ကျယ်ပြန့် တယ်၊ ပါတီနိုင်ငံရေးဆိုရင်ပါတီ နိုင်ငံရေးစသဖြင့် အကြံပြု တာတွေ အများစုကတော့ အားလုံး ၂၉ဦးစလုံး ကျေနပ်ကြပါတယ်၊ ဒီတွေ့ဆုံပွဲမှာ တိုင်းနှင့်ပြည်နယ်တိုင်းရင်းသားရေး ရာဝန် ကြီး အားလုံး တက်ပါ တယ်'' ဟု ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေးမှူး  ဦးစောလှထွန်း က ပြောသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲနှင့်ပတ် သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ရခိုင်တိုင်းရင်းသားရေးရာ ကော်မတီ ဦးဇော်အေးမောင်က ''ဒီ ဥပဒေနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ် တော်မှာ ဆွေးနွေးတုန်း ကလဲခေါ် တွေ့တယ်၊ အမျိုးသားလွှတ်တော်က လဲ ကျွန်တော့်ကိုခေါ် တယ် ၊ ခေါ်ပြီး မေးတယ်၊ ကျွန်တော်တို့ကလဲ အကြံ ပေးတယ်၊ အခုအဲဒါတွေ အားလုံးပါ ဝင်ပြီးတော့ အခုပြည်သူ့လွှတ်တော် မှာရောက် လာပြီ ၊ ပြည်သူ့လွှတ်တော် ကနေ ပြည်ထောင်စုလွှတ်တော်တင် ပြီးတော့ အတည်ပြုပြီးတော့ ဒီဥပဒေ ကြမ်းကို အမြန်ဆုံးပြဋ္ဌဌာန်းမယ် လို့ သိရတယ်၊ အခုလိုတွေ့ဆုံဆွေးနွေး တာ အားလုံး ကောင်းပါတယ်၊ အခု လိုများများတွေ့ဆုံလေကောင်းလေပါပဲ''ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။    

MP
Democracytoday

No comments:

Post a Comment