Wednesday 14 January 2015

မိုဇမ်ဘစ်နိုင်ငံတွင် အဆိပ်ခတ်ထားသည့် ဘီယာများ သောက်မိ၍ ၅၆ ဦး သေဆုံး၊ ၄၉ ဦး ဆေးကုသမှုခံနေရ

Photo: မိုဇမ်ဘစ်နိုင်ငံတွင် အဆိပ်ခတ်ထားသည့် ဘီယာများ သောက်မိ၍
၅၆ ဦး သေဆုံး၊ ၄၉ ဦး ဆေးကုသမှုခံနေရ
Wednesday, January 14, 2015

အာဖရိကတိုက်အရှေ့တောင်ပိုင်းရှိမိုဇမ်ဘစ်နိုင်ငံတွင်အဆိပ်ခတ်ထား
သည့် ဘီယာများသောက်သုံးမိသဖြင့်သေဆုံးသူ ၅၆ဦးရှိခဲ့ပြီး ၄၉ဦးခန့်
ဆေးရုံတက်ကာဆေးကုသမှုခံနေရကြောင်းသိရသည်။ မိုဇမ်ဘစ်နိုင်ငံအ
ရှေ့မြောက်ပိုင်း တီတီပြည်နယ်ချီတီမာနှင့်ဆွန်ဂိုခရိုင်များမှဒေသခံများ တက်
ရောက်ခဲ့ကြသည့် ဈာပနပွဲအခမ်းအနား၌တည်ခင်းဧည့်ခံခဲ့သည့်ပွမ်ဘီဟုခေါ်
သောမိုဇမ်ဘစ်ရိုးရာ ချက်ဘီယာထဲတွင်အဆိပ်ပါဝင်နေခဲ့ခြင်းဖြစ်နိုင်ကြောင်း
ခရိုင်ကျန်းမာရေးဌာန၏ညွှန်ကြားရေးမှူးကာလီမော့စ်ကဆိုသည်။ ဘီယာထဲတွင်
မိကျောင်းသည်းခြေအဆိပ်များ ပါဝင်နေသည်ဟု ယာယီယူဆထားပြီး ဘီယာန
မူနာများနှင့်သွေးနမူနာများကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရန်မိုဇမ်ဘစ်၏ မြို့တော်
မာပူတိုသို့ပို့ဆောင်ထားကြောင်း ကာလီမော့စ်ကဆိုသည်။
ဈာပနပွဲကျင်းပခဲ့သည့် ဇန်န၀ါရီလ၁၁ရက် မနက်စောပိုင်းအချိန်တွင်
ဈာပနပွဲလာဧည့်သည်အများအပြားကိုဘီယာတိုက်၍ ဧည့်ခံခဲ့ပြီး ဈာပနပွဲပြီးဆုံး
၍ မွန်းလွဲပိုင်းရောက်သည့်အခါတွင်မှဘီယာသောက်ခဲ့သူများ အဆိပ်သင့်လက္ခ
ဏာများဖြင့် သေဆုံးခဲ့ကြခြင်းဖြစ်သည်။
ဈာပနပွဲအတွက်ဘီယာချက်သည့်အမျိုးသမီးမှာလည်း ဘီယာမြည်းစမ်းသောက်
သုံးခဲ့ပြီး အဆိပ်သင့်သေဆုံးသူများစာရင်းတွင်ပါဝင်ခဲ့ရသည်။ ဘီယာချက်သူ အမျိုး
သမီးမှာအာဖရိက၏နာမည်ကျော်မိကျောင်းသည်းခြေတံဆိပ်အဆိပ်ကိုအခြားဘီယာချက်ပါဝင်ပစ္စည်းများဖြင့်မှားယွင်းထည့်ချက်မိခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကဆိုသည်။ လက်ရှိအချိန်တွင် အခင်းဖြစ်ပွားရာ ဒေသများ၌ရဲတပ်ဖွဲ့က စုံစမ်းစစ် ဆေးမှုစတင်နေပြီး ဈာပနပွဲမှကမ်းလိုက်သောစားသောက် ဖွယ်ရာများ ကိုစစ်ဆေးရန်ဒေသခံကျန်းမာရေးအဖွဲ့များက တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံသိမ်းယူစုဆောင်းနေကြောင်းမိုဇမ်ဘစ်သတင်းများတွင် ဖော်ပြခဲ့ကြသည်။

Pyimyanmar
အာဖရိကတိုက်အရှေ့တောင်ပိုင်းရှိမိုဇမ်ဘစ်နိုင်ငံတွင်အဆိပ်ခတ်ထားသည့် ဘီယာများသောက်သုံးမိ သဖြင့် သေဆုံးသူ ၅၆ဦးရှိခဲ့ပြီး ၄၉ဦးခန့် ဆေးရုံတက်ကာဆေးကုသမှုခံနေရကြောင်းသိရသည်။
မိုဇမ်ဘစ်နိုင်ငံအရှေ့မြောက်ပိုင်း တီတီပြည်နယ်ချီတီမာနှင့်ဆွန်ဂိုခရိုင်များမှဒေသခံများ တက်ရောက်ခဲ့ကြ သည့် ဈာပနပွဲအခမ်းအနား၌တည်ခင်းဧည့်ခံခဲ့သည့်ပွမ်ဘီဟုခေါ်သော မိုဇမ်ဘစ်ရိုးရာ ချက်ဘီယာထဲတွင် အဆိပ်ပါဝင်နေခဲ့ခြင်းဖြစ်နိုင်ကြောင်း ခရိုင်ကျန်းမာရေးဌာန၏ညွှန်ကြားရေးမှူးကာလီမော့စ်ကဆိုသည်။ ဘီယာထဲတွင် မိကျောင်းသည်းခြေအဆိပ်များ ပါဝင်နေသည်ဟု ယာယီယူဆထားပြီး ဘီယာ နမူနာများနှင့်သွေးနမူနာများကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရန်မိုဇမ်ဘစ်၏ မြို့တော် မာပူတိုသို့ ပို့ဆောင် ထားကြောင်း ကာလီမော့စ်ကဆိုသည်။

ဈာပနပွဲကျင်းပခဲ့သည့် ဇန်န၀ါရီလ၁၁ရက် မနက်စောပိုင်းအချိန်တွင် ဈာပနပွဲလာဧည့်သည် အများ အပြားကို ဘီယာတိုက်၍ ဧည့်ခံခဲ့ပြီး ဈာပနပွဲပြီးဆုံး၍ မွန်းလွဲပိုင်းရောက်သည့်အခါတွင်မှ ဘီယာသောက် ခဲ့သူများ အဆိပ်သင့်လက္ခဏာများဖြင့် သေဆုံးခဲ့ကြခြင်းဖြစ်သည်။

ဈာပနပွဲအတွက်ဘီယာချက်သည့်အမျိုးသမီးမှာလည်း ဘီယာမြည်းစမ်းသောက်သုံးခဲ့ပြီး အဆိပ်သင့် သေဆုံးသူများ စာရင်းတွင်ပါဝင်ခဲ့ရသည်။ ဘီယာချက်သူ အမျိုးသမီးမှာအာဖရိက၏ နာမည်ကျော် မိကျောင်းသည်းခြေတံဆိပ်အဆိပ်ကိုအခြားဘီယာချက်ပါဝင်ပစ္စည်းများဖြင့်မှားယွင်းထည့်ချက်မိခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကဆိုသည်။ လက်ရှိအချိန်တွင် အခင်းဖြစ်ပွားရာ ဒေသများ၌ရဲတပ်ဖွဲ့က စုံစမ်းစစ် ဆေးမှုစတင်နေပြီး ဈာပနပွဲမှကမ်းလိုက်သောစားသောက် ဖွယ်ရာများ ကိုစစ်ဆေးရန်ဒေသခံ ကျန်းမာရေး အဖွဲ့များက တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံသိမ်းယူစုဆောင်းနေကြောင်းမိုဇမ်ဘစ်သတင်းများတွင် ဖော်ပြခဲ့ကြသည်။

Pyimyanmar 

No comments:

Post a Comment